The Visit

The Visit (September 11, 2015) - Movie Reivew

#ရုပ်ရှင်မိတ်ဆက်



ကျွန်တော် Horror ရုပ်ရှင်တွေကြည့်ခဲသလို Review လည်း လုပ်ခဲပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ပရိတ်သတ်အတွက် စိတ်ဝင်စားစရာ Horror ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို စကြားကြား ချင်းက စိတ်မစားပေမယ့် ကြည့်ဖြစ်အောင်တော့သွားကြည့်ခဲ့ပါတယ်။ ဘာလို့ စိတ်မ၀င်စားလည်းဆိုတော့ ဒါရိုက်တာ M. Night Shyamalan ရဲ့ ဇာတ်ကားဖြစ်နေတာကြောင့်ပါ။

အိန္ဒိယလူမျိုး မိဘနှစ်ပါးကနေမွေးပြီး အမေရိကားမှာ ကြီးလာတဲ့ M. Night Shyamalan က The Sixth Sense, Unbreakable ဇာတ်ကားနှစ်ကားနဲ့ နာမည်ကြီးလာသလို Signs ဇာတ်ကားနဲ့လည်း ပရိတ်သတ်တွေ အားပေးမှုခံခဲ့ရပါတယ်။ ဒါပေမယ့်အဲ့ဒီနောက်ပိုင်းကစလို့ The Village, Lady in the water, The Happening စတဲ့ အညံ့စားဇာတ်ကားတွေထွက်လာပြီး ပရိတ်သတ်အကြိုက် Anime "The Last Air bender" ကို ပေါက်က ဖြစ်အောင်လုပ်လိုက်ပြီးတဲ့ နောက်မှာ After Earth တစ်ကားသာ ထပ်ထွက်ပြီး အဲ့ဒီကားကလည်း တော်တော်ညံ့ဖျင်းခဲ့တာကြောင့် The Visit ကို ပရိတ်သတ်တွေ သိပ်စိတ်မ၀င်စားကြပါဘူး။

ဒါပေမယ့် ဒီကား ကြည့်ပြီးတဲ့သူတွေ အများစုက သဘောကျကြပြီး Horror ဇာတ်ကားကောင်းတစ်ကား လည်းဖြစ်ပါတယ်။ ဒီကားကို ရှင်းပြလိုက်ရင် ကြည့်လို့ မကောင်းဖြစ်သွားမှာဖြစ်လို့ မရှင်းပြတော့ပါဘူး။ ဇာတ်လမ်းကတော့ အသက် ၁၃နှစ်အရွယ်မောင်လေးနဲ့ အမဖြစ်သူတို့က သူတို့ ရဲ့ အဖိုးနဲ့ အဘွား ဆီမှာ တစ်ပတ်ကြာသွားနေဖို့ ရောက်လာခဲ့ပါတယ်။ သူတို့က မွေးကတည်းက အဖိုးနဲ့အဘွားနဲ့တစ်ခါမှမတွေ့ ဖူးသလို၊ သူ့တို့ အမေကလည်း အဘိုးနဲ့အဘွားနဲ့ လုံးဝစကားမပြောလို့ ကလေးတွေကိုလည်း အဘိုးအဘွားနဲ့ အဆက်အသွယ်ဖြတ်ထားပါတယ်။

ဇာတ်လမ်းကို အခု Horror ဇာတ်ကားတွေအသုံးများတဲ့ Found-Footage Film (ဇာတ်လမ်းထဲက ဇာတ်ကောင်က လက်ကိုင်ကင်မရာနဲ့ မှတ်တမ်းတင် ရိုက်ကူးထားတဲ့ပုံစံမျိုး) နဲ့ရိုက်ထားပြီး ထိတ်လန့်စရာ ကြောက်စရာ အခန်းတွေပါသလို၊ ဟာသလေးတွေကိုလည်း ပညာသားပါပါထည့်ထားပါတယ်။

ဇာတ်လမ်းကမဆိုးဘူးပြောရမှာဖြစ်ပြီး Horror ကို ကြိုက်တယ်ဆိုရင်တော့ ရုံမှာသွားကြည့်သင့်ပြီး သာမန် ပရိတ်သတ်တွေကတော့ အခွေငှားကြည့်ဖို့ပိုကောင်းပါတယ်။ ဒီဒါရိုက်တာရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းအဆုံးမှာ လှည့်ကွက်ထည့်ထားပြီး၊ ဇာတ်လမ်းကြည့်တတ်တဲ့သူဆိုရင် တ၀က်ကျော်ကျော်လောက်ထဲက ဘာလှည့်ကွက်လည်းဆိုတာ ကြိုသိနိုင်ပါတယ်။ Horror ဆိုတိုင်း သရဲကားမဟုတ်သလို၊ သွေးထွက်သံယိုများတိုင်းလည်း Horror မဟုတ်ပါဘူး။ ဒီကားက ခြောက်ခြားစေတဲ့ ဇာတ်ဝင်ခန်းတွေပါသလို၊ Nudity အနည်းငယ်ပါတာလည်း သတိပြုရပါမယ်။ မိသားစုတူတူကြည့်နိုင်ပေမယ့် ကလေးတွေတော့ မကြည့်သင့်ပါဘူး။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review