Tomorrowland

Tomorrowland (2015) - Movie Review
:) :) :) :) :) -_- -_- -_- -_- -_-
#ရုပ်ရှင်မိတ်ဆက်

ဒီကားက Disney ရဲ့ Original ဇာတ်လမ်းဖြစ်ပြီး အဟောင်းပြန်ရိုက်တာ၊ မှီငြမ်းထားတာမရှိပါဘူး။ ဒါပေမယ့် ဇာတ်လမ်း က သိပ်တော့ မထူးခြားလှပါဘူး။ ဒါ့အပြင် အရမ်း အဆန်းသစ်အောင် လုပ်တာလွန်သွားလို့ တစ်ချို့နေရာတွေမှာ ဟာကွက်တွေဖြစ်သွားတာတွေ့ရပါတယ်။ ထင်ထားသလောက် မကောင်းတဲ့ကားတစ်ကားဖြစ်ပြီး၊ ဇာတ်လမ်းက အရမ်းတိုပြီး အရမ်း ရိုးပါတယ်။ တစ်ဖက်ကလည်း အဓိကအကြောင်းအရာတွေကို သေချာမရှင်းထားသလို၊ နောက်တစ်ကား အတွက် ရည်ရွယ်ရိုက်ကူးသွားတဲ့ ပုံဖြစ်နေပါတယ်။

ဇာတ်လမ်းကတော့ Tomorrowland လို့ ခေါ်တဲ့ ကမ္ဘာတစ်ခုကို သိပ္ပံပညာရှင်တွေက ဖန်တီးထားတာဖြစ်ပြီး Parallel Universe မှာရှိတယ်လို့ ယူဆလို့ရပါတယ်။ Tomorrowland အကြောင်းကို ဇာတ်လမ်းက အတိကျ မရှင်းပြထားပါဘူး။ ဇာတ်အိမ်ကတော့ ဒီ Tomorrowland ကို ၁၉၆၄ မှာ လူငယ်လူတော်လေး (Geroge Clooney ရဲ့ ဇာတ်ကောင်) က ရောက်သွားပြီး ကောင်လေးက အဲ့ဒီက သိပ္ပံပညာရှင်တွေနဲ့ ပေါင်းပြီး အနာဂတ်ကို ကြည့်လို့ရတဲ့ စက်ထွင်လိုက် မိပါတယ်။ ဒီက နေ့ လူတွေနေနေတဲ့ ကမ္ဘာကြီး နောက် နှစ်ငါးဆယ်မှာ ပျက်မယ် ဘယ်တော့ ပျက်မယ်ဆိုပြီး သိသွားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန် ၂၀၁၅ မှာတော့ George Clooney က ကောင်မလေး တစ်ယောက် ကြောင့် ဒီအယူအဆတွေမှား နေတယ်ဆိုတာ သိသွားပြီး ကမ္ဘာပျက်မပျက်အောင် ဘယ်လို ကယ်တင်ရမလည်းဆိုတာ အဖြေရှာကြပါတယ်။

ဇာတ်လမ်းက မူရင်းဇာတ်လမ်းဆိုပေမယ့် အခြားကားတွေရဲ့ အိုင်ဒီယာတစ်ချို့ကို ယူထားပြီး၊ ဇာတ်လမ်းက မရှင်းမရှင်းနဲ့ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီကားကို ကြိုက်တဲ့သူလည်းရှိသလို မကြိုက်တဲ့သူလည်းရှိပြီး၊ ကျွန်တော့် အမြင်ပြောရရင်တော့ ဒီကားက Visual ကောင်းကောင်းနဲ့ ရိုက်ကူးထားသလို၊ အပျင်းပြေလည်းကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းကို ဂရုမစိုက်တတ်တဲ့ သူတွေကတော့ ရုံမှာသွားကြည့်သင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီကားက  ရုံမှာ ကြည့်မှ Visual ကောင်းကောင်း ခံစားရမှာဖြစ်လို့ပါ။ ဇာတ်လမ်းကောင်းမှ ကြိုက်တတ်ရင်တော့ ဒီကား ကြည့်မယ့်အစား Mad Max ပဲသွားကြည့်သင့်ပါတယ်။ အခွေထွက်တဲ့အထိသာ စောင့်ပြီး အိမ်မှာပဲ အပျင်းပြေကြည့်သင့်တဲ့ကားမျိုးပါ။ ကလေးတွေကတော့ အကြိုက်တွေ့ကြမှာပါ။

No Sex, No Nudity ဖြစ်ပြီး မိသားစုတူတူကြည့်နိုင်တဲ့ မိသားစု ဇာတ်ကားလေးပါ။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2