Ted 2

Ted 2 (2015) - Movie Review

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ 2012 တုန်းက ထွက်ခဲ့တဲ့ Ted ရဲ့ အဆက်ဇာတ်ကားဖြစ်ပါတယ်။ ပထမကားတုန်းက မင်းသား Mark Wahlberg နဲ့ ဒါရိုက်တာ၊ Creator နဲ့ ဟာသသရုပ်ဆောင် Seth MacFarlane (က Ted အဖြစ် အသံနဲ့သရုပ်ဆောင်ထားတာဖြစ်ပြီး) တို့ ပြန်လည်ပြန်ပါဝင်ခဲ့ကြပေမယ့် Milas Kunis ကတော့ ဒီကားအတွက် ပြန်မပါချင်တော့တာကြောင့် ဇာတ်လမ်းမှာ John Bennett (Mark Wahlberg) နဲ့ Milas Kunis ရဲ့ ဇာတ်ကောင် Lori တို့ ကွာရှင်းပြီး ၆လအကြာ ကနေဇာတ်လမ်းစထားပါတယ်။



ဇာတ်လမ်းက Ted ပထမကားတုန်းက Ted ရဲ့ ရည်စား ဖြစ်သူ Tami-Lynn နဲ့ Ted တို့ ဒီကားမှာ မင်္ဂလာဆောင်လိုက်ကြပြီးတူတူနေနေကြပါတယ်။ ဒါပေမယ့် Ted က အရုပ်ဖြစ်နေတာကြောင့် ကလေးယူလို့မရနိုင်တော့ သူတို့နှစ်ယောက်က Sperm Donor ရှာပြီး ကလေးယူဖို့ ကြိုးစားကြပါတယ်။ အနောက်နိုင်ငံတွေမှာ ယောက်ျားက ကလေးမရနိုင်တာတို့ Lesbian လင်မယားတို့က အဲ့လိုနည်းနဲ့ကလေးမွေးဖို့ကြိုးစားကြပါတယ်။ ဒီလိုရှာရင်းက အဆင်မပြေဖြစ်ကြပေမယ့် သူ့သူငယ်ချင်း John က ပဲ လှူပေးမယ်လို့ ဆုံးဖြတ်လိုက်ပေမယ့်  Tami-Lynn ကလည်း အရင်က မူယစ်ဆေး အလွန်အကျွံသုံးစွဲခဲ့တာကြောင့် ကလေးမရနိုင်ဘူးဖြစ်နေပါတယ်။

ဒါနဲ့ပဲကလေးမွေးစားဖို့လုပ်တဲ့အခါမှာ ဇာတ်လမ်းစပါတော့တယ်။ Ted က ကလေးမွေးစားဖို့ လုပ်တဲ့အခါ လူတွေအာရုံစိုက်လာကြပြီး၊ ကန့်ကွက်သူတွေလည်းရှိလာပါတယ်။ Ted က လူမဟုတ်ပဲ အရုပ်ဖြစ်နေတာရယ်၊ သူ့မှာ အသက်ဝိဥာဏ်မရှိတဲ့အတွက်ကြောင့် ကလေးအဖေ ဖြစ်ခွင့်မရှိဘူးလို့ဆိုကြပါတယ်။ ဒါ့အပြင် သူနဲ့ သူ့မိန်းမက လက်ထပ်တာလည်းတရားမ၀င်ဘူးလို့ သတ်မှတ်ခံရပါတယ်။ ဒါကြောင့် John နဲ့ Ted တို့နှစ်ယောက်က တရားရုံးတက်ဖို့လုပ်ကြပါတယ်။ ဒါပေမယ့်လည်း ရှေ့နေခ မတတ်နိုင်တာကြောင့် တစ်ခါမှအမှုမလိုက်ဘူးတဲ့ ရှေ့နေမအသစ် ဖြစ်တဲ့ Samantha Leslie Jackson (Samuel L Jackson (Nick Furry) ကို နောက်ထားတာဖြစ်ပြီး) နဲ့ တွေ့ကြရကနေ Ted ကလေးမွေးစားဖို့၊ Ted က သာမန်လူတွေနဲ့ တန်းတူအခွင့်အရေးရဖို့ အတွက် တိုက်ပွဲဝင်ကြပုံကိုဟာသဆန်ဆန်  ပေါတောတော နဲ့ တင်ဆက်ထားပါတယ်။

ဇာတ်လမ်းက သိပ်မကောင်းသလို ဟာသတွေကလည်း ကလေးကလားဆန်ပြီး မရီရတာကများနေပါတယ်။ နောက်ပြီး ရုပ်ရှင်ကားနဲ့မတူပဲ တီဗီမှာလာတဲ့ နာရီဝက်စာ ဟာသဇာတ်လမ်းတွဲ လိုပုံစံဖြစ်နေပါတယ်။ ဟာသတစ်ခုနဲ့ တစ်ခုက လုံးဝအချိတ်အဆက်မရှိသလို၊ အပေါစားတီဗီဇာတ်လမ်းတွဲတစ်ခုကြည့်နေရသလိုပါပဲ။ ဒီနေရာမှာ တစ်ခုပြောချင်တာက Seth MacFarlane က တကယ်တော်တဲ့ ဟာသပညာရှင်တစ်ဦး ဖြစ်ပြီး၊ သူ့ရဲ့ TV show တွေက အတော်အသင့်အောင်မြင်ကြပါတယ်။ အထူးသဖြင့် Family Guy, American Dad စတဲ့ ကာတွန်းဇာတ်လမ်းတွဲတွေက ပရိတ်သတ်အခိုင်အမာရှိထားတဲ့ Series တွေဖြစ်ပါတယ်။  ဒါပေမယ့် ဒီကာတွန်းဇာတ်လမ်းတွဲတွေက တစ်ပိုင်းတစ်ပိုင်းကို မိနစ်၃၀ စာပဲကြာပြီး၊ ကြော်ငြာတွေ ဖယ်လိုက်ရင် ၁၅ မိနစ်၊ မိနစ်၂၀ စာပဲရှိတာဖြစ်လို့ သူ့ရဲ့ ဟာသတွေက အလုပ်ဖြစ်ပေမယ့်၊ ဒီလို ၂နာရီနီးပါးကြာတဲ့ ကားမှာတော့ ပြက်လုံးတွေကထပ်ထပ်လာသလို၊ ဟာသတွေကလည်း တစ်ခန်းပြီးရင်နောက်တစ် ခန်းကိုဆက်မပါလာတော့ပါဘူး။

Hangover ပထမဆုံးဇာတ်ကားဆိုရင် Rated-R (လူကြီးဟာသကား) ထဲမှာဆို ၀င်ငွေအများဆုံးရထား သလို၊ ကြည့်လို့လည်းအရမ်းကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ခန်းနဲ့တစ်ခန်းက အချိတ်အဆက် မိသလို၊ ဟာသတွေကလည်း နောက်ထပ် လာမယ့် ဇာတ်ဝင်ခန်းတွေနဲ့ အဆက်အစပ်ရှိနေပါတယ်။ Ted 2 ကတော့ ဒီကားနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ရီရတဲ့ဇာတ်ဝင်ခန်းတွေက သူ့ပါသူသတ်သတ်ကြီးဖြစ်နေတာ တွေ့ရမှာပါ။ အထူးသဖြင့် ဇာတ်ဝင်ခန်းတစ်ခုမှာ Liam Neeson က cameo (ခဏပါဝင်ထားတာဖြစ်ပြီး) အဖြစ်ပါသလို၊ အဲ့ဒီအခန်းက တော်တော်ရီရပါတယ်။ ဒါပေမယ့် ဇာတ်ကားနဲ့ဘာမှမသက်ဆိုင်သလို နောက်ထပ်လည်း ထပ်မပါတော့ပါဘူး။

ဒီကားက မိသားစုကားမဟုတ်သလို၊ ကလေးတွေလည်း ကြည့်လို့မရပါဘူး။ Hard R Rating ဖြစ်ပြီး R Rated Comedy ဖြစ်တာနဲ့အညီ၊ ညစ်ညမ်းဟာသ၊ ညစ်ညမ်းဇာတ်ဝင်ခန်း၊ ဆဲဆိုခန်း၊ Sex Scene, Nudity, မူးယစ်ဆေးဝါး၊ အရက်သေစာ၊ စသဖြင့် လူငယ်တွေနဲ့မကိုက်ညီတဲ့ ဇာတ်ဝင်ခန်းတွေ တစ်ကားလုံး ပါပြီး၊ မိသားစုနဲ့မသင့်တော်ပါဘူး။ ကြည့်မယ့်သူတွေကလည်း အပျင်းပြေ အိမ်မှာပဲကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး၊ ရုံမှာသွားကြည့်ဖို့လုံးဝမတန်ပါဘူး။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2