Black Mass

Black Mass (2015) - Movie Review
:) :) :) :) :) :) :) -_- -_- -_-



#ရုပ်ရှင်မိတ်ဆက်




Johnny Depp ရဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး တကယ့်အပြင်က Mobster ဖြစ်တဲ့ James "Whitey" Bulger အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Johnny Depp က Whitey အဖြစ်သရုပ်ဆောင်ထားပြီး သရုပ်ဆောင် ပီပြင်သလို လက်ရှိအချိန်အထိ သူ့ရဲ့ အကောင်းဆုံး သရုပ်ဆောင် မှုလို့ပြောလို့ရပါတယ်။

ဒီကားက Johnny Depp ရဲ့ နာမည် သုံးပြီးကြေငြာထားသလို အဓိက ဇာတ်ကောင်ဖြစ်တဲ့ Whitey က ဇာတ်ကား အတွက်အရေးပါပေမယ့်၊ ဇာတ်လမ်းအရတော့ အဓိက ဇာတ်ကောင်က Johnny Depp ရဲ့ ဇာတ်ကောင်မဟုတ်ပါဘူး။ The Gift ဇာတ်ကားရဲ့ ဒါရိုက်တာ နဲ့ Gordo အဖြစ် သရုပ်ဆောင်ခဲ့သူ Joel Edgerton ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ John Connolly (FBI တစ်ဦးဖြစ်ပြီး) က အဓိကကျပါတယ်။ Joel Edgerton က The Gift မှာထဲက သရုပ်ဆောင် ကောင်းသလို ဒီကားမှာလည်း သရုပ်ဆောင် အထူးကောင်းပါတယ်။ John Connolly က Whitey (Mobster) နဲ့ Whitey ရဲ့ အကို William "Billy" Bulger (United State Senator) တို့နဲ့ ငယ်သူချင်းဖြစ်ပါတယ်။

ဇာတ်လမ်းမှာ Whitey က FBI အတွက် သတင်းပေးလုပ်ပြီး သူ့နဲ့ ရန်ဖက် ဂိုဏ်းတွေ ကို ဖြိုခွင်းပြီး နေရာရလာ အောင်လုပ်တာဖြစ်ပါတယ်။ ဒီလိုနဲ့ Whitey က တဖြည်းဖြည်း အင်အားများလာသလို၊ Connolly က လည်း ငယ်သူချင်း အပေါ် သစ္စာရှိရှိနဲ့ ကာကွယ်ပေးနေ ခဲ့ပါတယ်။ ဒါပေမယ့် Whitey က တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာသလို၊ ပိုပြီး ရက်စက်ကြမ်းကြုပ်လာတာကြောင့် FBI ကလည်း ဒီတိုင်းနေလို့မရတော့ပါဘူး။ ဇာတ်လမ်းက သာမာန် Mob ဇာတ်လမ်းဖြစ်ပြီး Martin Scorsese ရဲ့ ဇာတ်ကားတွေလို Character Development သိပ်မရှိသလို၊ သမရိုးကျဇာတ်ကားဖြစ်ပါတယ်။

ဒါပေမယ့် သရုပ်ဆောင် တိုင်းရဲ့ သရုပ်ဆောင်ချက် ကအရမ်းကောင်းသလို၊ Johnny Depp နဲ့ Joel Edgerton တို့ရဲ့ က သိသိသာသာ ကောင်းပြီး၊ ဇာတ်ကားကို ဆွဲခေါ်သွားနိုင်ပါတယ်။ Johnny Depp က ရဲ့ သရုပ်ဆောင်မှုက အရမ်းကောင်းသလို၊ သူရဲ့ မျက်နှာအနေအထား နဲ့ အိုက်တင် နဲ့ တင် ကြောက်ဖို့ ကောင်း အောင် သရုပ်ဆောင်ထားနိုင်ပါတယ်။ သူတို့နှစ်ယောက်အပြင် Benedict Cumberbatch လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပေမယ့် အိမ်မှာကြည့်တာပိုကောင်းပါတယ်။ ရုံမှာသွားကြည့်လို့ ထူးထူးခြားခြား ပိုမကောင်းသလို၊ Mob ဇာတ်ကားတွေ ကြိုက်တဲ့သူတွေအတွက်ပဲ ရုံမှကြည့်လို့တန်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review