Scarlet Witch

History of Scarlet Witch

The Scarlet Witch (နာမည်အရင်း Wanda Maximoff) က Marvel Comics ထဲက character ဖြစ်ပြီး ပထမဆုံး အဖြစ် X-Men #4 (March 1964) မှာစတင်ပါဝင်ခဲ့ပြီး Stan Lee and Jack Kirby တို့က ဒီဇာတ်ကောင်ကို ရေးသားခဲ့တာဖြစ်ပါတယ်။ Avengers: Age of Ultron ထဲမှာပါလာပြီးနောက် လူတွေ စိတ်ဝင်စားလာကြလို့ သူမအကြောင်းကို နည်းနည်း ရှင်းပြတာဖြစ်ပါတယ်။

Scarlet Witch နဲ့ Quicksilver က အမွှာမောင်နှမဖြစ်ပြီး Magneto (X-Men) ရဲ့ သားနဲ့သမီးဖြစ်ပါတယ်။ Wanda & Pietro Maximoff တို့က ငယ်ရွယ်စဉ်မှာပဲ မိဘမဲ့အဖြစ်ကြီးပြင်းလာပြီး၊ ဂျစ်ပစီ မိသားစုက မွေးစားထားပြီး သူတို့နဲ့အတူ ကြီးပြင်းလာပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ဂျစ်ပစီတွေကို လူတွေက နှိမ်ထားကြပါတယ်။ တစ်နေ့မှာ Wanda ကို သူနဲ့ရွယ်တူကောင်လေးတစ်ယောက်က မတရားကျင့်ဖို့ကြိုးစားရာကနေ သူမက သူမရဲ့ အစွမ်းနဲ့ ကောင်လေးကိုတိုက်ခိုက်ပြီး ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် ရွာသားတွေက သူမကို စုန်းမအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ကြတဲ့ အချိန်မှာ Magneto ကရောက်လာပြီး ကယ်ဆယ်ခဲ့ပါတယ်။ ဒီလိုနဲ့ Magneto နဲ့ ပေါင်းမိသွားပြီး The Brotherhood of Mutant (X-Men ပထမဆုံးကားမှာပါပါတယ်။) အဖွဲ့ထူထောင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာမှ Avengers အဖွဲ့ဝင်ဖြစ်လာတာဖြစ်ပါတယ်။ အဲ့ဒီကြမှ Avengers အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့  Vision နဲ့ ချစ်ကျွမ်းဝင်သွားတာဖြစ်ပါတယ်။

တစ်ခုက Scarlet Witch ရဲ့ Power တွေဖြစ်ပါတယ်။ သူမက Marvel ရဲ့ စွမ်းအားအကြီးဆုံး Hero တွေထဲမှာမှ စွမ်းအားအကြီးဆုံး ဖြစ်ပါတယ်။ The Scarlet Witch က မှော်စွမ်းအား (mystic energy) ရှိပြီးတော့  အစပိုင်းမှာတုန်းက Reality Alterting လို့ခေါ်တဲ့ စွမ်းအားလည်းပိုင်ဆိုင်ပါတယ်။ 

ဒီစွမ်းအားကို အကြမ်းဖြင်းပြောရရင် မော်လီကျူးတွေကိုပါ ထိန်းချုပ်လို့ရပြီး၊ လိုချင်တဲ့ အရာကို ဖန်တီးလို့ရပါတယ်။ ဥပမာ ရေအနားမှာရှိရင် ရေမော်လီကျူးတွေကို စိတ်ကြိုက်ထိန်းချုပ်ပြီး ဓါးပုံစံလုပ်မလား၊ ရေလုံးတွေလုပ်မလား လုပ်လို့ရပါတယ်။ ဒီစွမ်းအားရှိပေမယ့် စွမ်းအားသိပ်မကောင်းတဲ့ သူတွေက ရှိပြီးသား မော်လီကျူးတွေကိုပဲ ထိမ်းချုပ်လို့ရပေမယ့် စွမ်းအား အရမ်းကြီးတဲ့ ဟီးရိုးတွေ ကျတော့ မော်လီကျူးတွေ အရာဝတ္ထုတွေကိုပါ ဖန်တီးလို့ရတဲ့အဆင့်အထိရှိပါတယ်။ ဒါကြာင့် Scarlet Witch က အစပိုင်းမှာhex-spheres လို့ခေါ်တဲ့ လေပူပေါင်းလို ပါဝါလုံးတွေ ပဲထုတ်လို့ရပါတယ်။ ရုပ်ရှင်ထဲမှာလည်း သူမက Ultron တွေကို သူ့စွမ်းအားနဲ့ ဖျက်ဆီး တွန်းထုတ်လို့ပဲရပါသေးတယ်။

 နောက်ပိုင်းမှာတော့  Ggatha Harkness လို့ခေါ်တဲ့ မှော်ဆရာမတစ်ယောက်က သူမရဲ့ စွမ်းအားကို  အပြည့်အ၀သုံး လို့ရအောင် သင်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူမက Dr.Strange တို့ တန်းတူ စွမ်းအားအကြီးဆုံး ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီအဆင့်မှာတော့ သူမက reality altering စွမ်းအားကို သူ မတူအောင်အသုံးချနိုင်လာပြီး၊ Alternate Reality လို့ခေါ်တဲ့ နောက်ထပ် Timeline တွေပါ ဖန်တီးလာနိုင်ပါတယ်။ ဆိုလိုတာက သူမက လက်ရှိဘ၀ကို မကြိုက်ဖူးဆိုရင် သူမရဲ့ စွမ်းအားနဲ့ အကုန်လုံးကို ဖန်တီးလို့ရပါတယ်။ ဇာတ်လမ်းတစ်ခု မှာဆိုရင် Hero တွေ Mutant တွေအားလုံး  စွမ်းအားတွေ ပျောက်သွားပြီး သာမန်လူတွေဖြစ်သွားအောင်လုပ်လိုက်သလို House of M ဇာတ်လမ်းမှာဆိုရင် သူ့တို့ မိသားစုက ကမ္ဘာကြီးတစ်ခုလုံးကို အုပ်ချုပ်တဲ့သူဖြစ်အောင် အထိ ဖန်တီးယူခဲ့ပါတယ်။

သူမက Avengers အဖွဲဝင်တွေထဲမှာ စွမ်းအားအကြီးဆုံး ဟီးရိုးဖြစ်ပြီး၊ Thor, Hyperion, Hulk, Century, Doctor Strange တို့ ထက်တောင်မှ ပိုပြီး စွမ်းအားကြီးတယ်လို့ ဆိုကြပါတယ်။ Thor နဲ့ Hulk က လက်ရှိ ရုပ်ရှင်မှာ အင်အားအကြီးဆုံး အားအသန်ဆုံး ဖြစ်ပေမယ့်၊ ကာတွန်းထဲမှာ Hyperion နဲ့ Century တို့က သူတို့နည်းတူ စွမ်းအားကြီးသလို၊ ပိုတောင် အားသန်ကြပါတယ်။ နှစ်ယောက်လုံးက Superman ကိုခိုးချထားတာဖြစ်ပြီး Hyperion က Superman ရဲ့ origin နဲ့အတူတူပါပဲ။ သူ့ရဲ့ စွမ်းအားတွေကလည်း Superman လိုပါပဲ။ Century ကတော့ ကာတွန်းထဲမှာ အရမ်းစိတ်ဆိုးပြီးသောင်းကြမ်းနေတဲ့ Hulk ကို ယှဉ်ပြီး ရင်ဆိုင်နိုင်ခဲ့သလို၊ သူ့ကြောင့် Hulk ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ Hulk က ဒေါသထွက်လေ အားသန်လေဖြစ်တာကြောင့် ပြောစရာမလိုပါဘူး။ 

Doctor Strange အကြောင်းကို Benedict Cumberbatch ရဲ့ ရုပ်ရှင်မထွက်ခင်မှာ သတ်သတ်ရေးပေးမှာဖြစ်ပါတယ်။ အကြမ်းဖြင်းအားဖြင့်တော့ သူက မှော်ဆရာ တစ်ဦးဖြစ်ပြီး သူရဲ့ စွမ်းအားတွေက Scarlet Witch နဲ့အလားတူဖြစ်ပြီး သူက မှော်စွမ်းအား သဘာဝလွန် စွမ်းအားကို ပိုအသုံးပြုပါတယ်။ သူ့ ရဲ့ စွမ်းအားတွေကို ချရေးရင် လောက်တောင်မလောက်ပါဘူး။ လူသေကိုတောင် အသက်ပြန်သွင်းလို့ရသလို၊ Mind control လုပ်လို့လည်းရပါတယ်။ ပရိတ်သတ်တွေ သိတဲ့ မှော်စွမ်အား မှန်သမျှ သူ့မှာရှိပါတယ်။ တနည်းအားဖြစ် သူဟာ စွမ်းအားအကြီးဆုံးမှော်ဆရာတစ်ဦးဖြစ်ပါတယ်။ 

Scarlet Witch က Doctor Strange နဲ့တန်းတူ စွမ်းအားရှိတာကြောင့် ဘာလို့သူမက ပိုသာလည်းလို့မေးရ ရင်၊ Dr. Strange က Reality Warping စွမ်းအားကို ပိုင်ဆိုင်ပုံမရပါဘူး။ သူမှာ ဒီစွမ်းအားရှိလားမရှိလား ပြောလို့မရပေမယ့် သူက ဒီစွမ်းအားကို ကာတွန်းထဲမှာ သူစပါကတည်းက တစ်ခါမှ မသုံးဖူးပါဘူး။ ဒါကြောင့် SW က ပိုစွမ်းအားကြီးတယ်လို့ပြောတာဖြစ်ပါတယ်။ သူမက မှော်စွမ်းအားအပြင် လက်ရှိလောကကြီးကိုပါ စိတ်ကြိုက်ချယ်လှယ်လို့ ရနေပါတယ်။ တစ်ခြား ဒီလို စွမ်းအားရှင်တွေ လည်းရှိပေမယ့် သူမလောက် အဆင့်မမြင့်ပါဘူး။ သူမတစ်ယောက်သာလျှင် ဒီလို စကြ်ာဝဠာတစ်ခု လုံး ကို လိုသလို ပြောင်းလဲပစ်လို့ရတဲ့ စွမ်းအား မျိုးရှိတာဖြစ်ပြီး Godlike power ရှိတဲ့ Avengers တွေထဲ ကတစ်ဦးဖြစ်ပါတယ်။

ဒါကလည်း ကာတွန်းဆရာ အပေါ်မှာမူတည်ပြီး သူတို့လိုချင်တဲ့အချိန်မှာ လိုတဲ့ စွမ်းအားကို ထည့်ရေးထားတာ ဖြစ်ပါတယ်။ရုပ်ရှင်ထဲမှာတော့ ဒီယုတ္တိသိပ်မရှိတဲ့ စွမ်းအားတွေ ပါလာမှာမဟုတ်ပဲ သာမန် Basic စွမ်းအားတွေလောက်သာ ထည့်ရိုက်ကူးမယ်လို့ထင်ပါတယ်။ ဒါ့အပြင် သူမက ရုပ်ရှင်ထဲမှာ နောက်လိုက် ကာရိုက်တာ တစ်ဦးသာ ဖြစ်မယ်လို့ ထင်ရ ပါတယ်။ ပရိတ်သတ်ကြီး ဒီလောက်ဆို သိချင်တာတွေ သိလောက်မယ်လို့ထင်ပါတယ်။ ပိုရှုပ်သွားရင် ကွန့်မင့်ထဲမှာ မေးခဲ့လို့ ရပါတယ်။ ကျွန်တော် တတ်နိုင်သလောက်ပြန်ရှင်း ပြပေးထားမှာပါ။

#Sololay 





Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2