Avengers: Age of Ultron

Avengers: Age of Ultron (Spoiler)

#ရုပ်ရှင်မိတ်ဆက်

:) :) :) :) :) :) :) :) :) -_-

မြန်မာပြည်မှာတင်ပြီးမှ ရှင်းပြမယ်ဆိုပေမယ့် တစ်ချို့တွေက မကြည့်ခင်မှာ ဖတ်ချင်တဲ့သူတွေရှိလို့ ဖတ်လို့ရအောင် တင်ပေးလိုက်ပါတယ်။ အောက်မှာဇာတ်ကားတစ်ကားလုံးရဲ့ ဇာတ်ဝင်ခန်းတွေကို ရှင်းပြထားပြီး၊ ဇာတ်လမ်းကြိုမသိချင်တဲ့ လူတွေ မဖတ်ဖို့ ကြိုသတိပေးထားတာပါ။

--------------------------------------------------- Spoiler --------------------------------------------------



ဒီကားက ၂၀၁၄ C A: Winter Soldier ဇာတ်ကားရဲ့ အဆုံး ကနေ ပြန်ဆက်ထားတာတွေ့ရပါတယ်။ ၂၀၁၀ တုန်းက The Avengers အပြီးမှာ Loki ရဲ့ လက်ကိုင်တုတ်ကို SHIELD အဖွဲ့က သိမ်းမိထားပေမယ့် Winter Soldier မှာ HYDRA က SHIELD ဆီက နေခိုးသွားခဲ့ပါတယ်။ ဒါကို ဒီကားအစမှ ပြန်လိုက်ရှာတာဖြစ်ပြီးရန်သူ့စခန်းကို ၀င်တိုက်တဲ့အခန်းနဲ့ စထားပါတယ်။ ဒီစခန်းက Marvel Comic ရဲ့ စိတ်ကူးယဉ်နိုင်ငွ Sokovia မှာဖြစ်ပြီး Winter Soldier End Credit Scene မှာပါသလိုပဲ၊ Baron Strucker က Scarlet Witch နဲ့ Quicksilver တို့ ကို စမ်းသပ်နေတဲ့နေရာလည်းဖြစ်ပါတယ်။ Baron Strucker ဆိုတာက Hydra အဖွဲက ဖြစ်ပြီး Captain America ရဲ့ အဓိက ဗီလိန်ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ Tony Strak က အရင်တစ်ခါလို ဂြိုလ်သားတွေ ကျူးကျော်လာရင် အကူအညီရဖို့အတွက်Ultron ဆိုတဲ့ စက်ရုပ်ကို တီထွင်နေကြောင်း Bruce Banner (Hulk) ကိုပြောပါတယ်။ ဒါပေမယ့် Loki ရဲ့ လက်ကိုင်ဒုတ်မှာကိုရမှ ဒါကိုဆက်လုပ်လို့ရတာ ကြောင့် အခုမှ သူတို့ ဒီ အစီအစဉ်ကို ပြန်စပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့ အဖွဲ့က ပါတီကျင်းပနေပြီး၊ Stan Lee ကလည်း (Avengers နဲ့ Marvel က Superhero ဇာတ်ကောင်တွေရဲ့ ကာတွန်းဆရာ ဖြစ်ပါတယ်။) Cameo (ခနတဖြုတ်ဝင်ပါတာကိုပြောတာပါ) တစ်ခန်းပါလိုက်ပါသေးတယ်။ ပါတီကလူတွေ တော်တော်များများ ပြန်သွားပြီး Avengers အဖွဲ့ဝင်တွေနဲ့  War Machine (Iron-Man 3), Maria Hill (Shield အဖွဲ့) နဲ့ Korean ဆရာဝန်မတစ် Dr. Helen Cho တို့ပဲ ကျန်ခဲ့ပြီး အားလုံး ထိုင်ပြီး စကားပြောနေကြပါတယ်။ ဒီအခန်းမှာ Thor ရဲ့ တူကို ၀ိုင်းမကြတာဖြစ်ပြီး၊ Captain America တစ်ကိုင်လိုက်တဲ့အချိန်မှာ တူက နည်းနည်းလှုပ်သွားတာက လွဲရင် ဘယ်သူမှ မမနိုင်ကြပါဘူး။ CA ကြောင့် Thor က အနည်းငယ် စိုးရိမ်သလို ဖြစ်သွားတာကိုလည်း တွေ့ရပါတယ်။ Dr. Helen Cho က Bio Molecular doctor ဖြစ်ပြီး သူမက အသားပဲ့သွားတာ အရေပြား ပွန်းသွားတာတွေ ဖြစ်ရင် Tissues အသစ်ချက်ချင်း ပြန်တည်ဆောက်နိုင်ပြီး၊ အသားပြန်ဖြည့်လို့ရပါတယ်။ Avengers အဖွဲ့က သာမန် Hero တွေဖြစ်တဲ့ Hawkeye တို့ Black Widow တို့ ဒဏ်ရာတွေကို သူမက ကုပေးပါတယ်။

ဒီအချိန်မှာ Ultron က နိုးထလာပြီး Iron-Man ရဲ့ လက်ရုံးတော် Program ဖြစ်တဲ့ Jervis ကိုလည်း ဖျက်ဆီးလိုက်သလို Avengers ကိုလည်း တိုက်ခိုက်ပြီး Loki ၇ဲ့ တုတ်ကိုလည်း ယူသွားပါတယ်။ ဒါ့အပြင် Tony ရဲ့ Database ကိုလည်း သူက အကုန် သိသွားပြီး၊ Tony အကြောင်း နဲ့ သူ့ရဲ့ Contact တွေကိုသိသွားပါတယ်။ ဒီမှာ Tony နဲ့ Captain America တို့ အချင်းချင်း စတင် စိတ်ဝမ်းကွဲလာပြီး နောက်နှစ်ထွက်မယ့် Civil War ကို ဦးတည်လာပါတယ်။ ဒါ့အပြင် ဒီအခန်းမှာ Wakanda လို့ခေါ်တဲ့ African နိုင်ငံကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒီနိုင်ငံက နောက်ထပ် Hero တစ်ဦးဖြစ်တဲ့ Black Panther ရဲ့ နိုင်ငံဖြစ်ပြီး Vibranium လို့ခေါ်တဲ့ သတ္တုတွေအများအပြားရှိရာ နေရာလည်းဖြစ်ပါတယ်။

ဒီနောက်မှာတော့ Ulysses Klaw (or Klaw) လို့ခေါ်တဲ့ Black Panther ရဲ့ ဗီလိန်တစ်ဦးကို ချေရာခံမိသွား ပြီး သူ့နေရာကိုလိုက်သွားကြပါတယ်။ သူ့ကိုခြေရာခံမိသွားတဲ့အကြောင်းကတော့ Ultron က Baron Strucker ကို သတ်လိုက်ပြီး သူနဲ့ပတ်သက်တဲ့ Data တွေကို ဖျက်ဆီးလိုက်ပါတယ်။ ဒါကြောင့် Iron-Man တို့က Strucker ရဲ့ စခန်းကသိမ်းလာတဲ့ စာရွက်စာတမ်းတွေကို ရှာရင်းနဲ့ Klaw ကိုမှတ်မိသွားတာဖြစ်ပါ တယ်။

ဒီမှာ Avengers နဲ့ Ultron တို့ ထိပ်တိုက်တွေ့ကြပြီး Quicksilver နဲ့ Scarlet Witch တို့ကိုပါ ရင်ကြရာက၊ Scarlet Witch က Iron Man နဲ့ Hawkeye ကလွဲရင်ကျန်တဲ့သူတွေကို သူမရဲ့ Power သုံးပြီး စိတ်ကို လှည့်စားလိုက်ပါတယ်။ ဒါကြောင့် Hulk က Trailer မှာပါသလို Africa မှာ သောင်းကျန်းနေတာဖြစ်ပြီး Iron Man က သူ့ရဲ့ Armor (စက်ရုပ်ဝတ်စုံ) တွေထဲကတစ်ခုဖြစ်ပြီး ဒီအတွက်သီးသန့် ထွင်ထားတာဖြစ်တဲ့ Hulkbuster Armor ကို အာကာသထဲကနေဆင့်ခေါ်လိုက်ပါတယ်။ ဒီအခန်းက Superhero ဇာတ်ကားတွေမှာ အကောင်းဆုံး Fight Scene ဖြစ်ပြီးတော့ ကျွန်ေတာ့်အကြိုက်ဆုံး ဇာတ်ဝင်ခန်းလည်းဖြစ်ပါတယ်။

ဒီနေရာမှာ ပြောစရာ၂ခုရှိပါတယ်။ တစ်ခုက Scarlet Witch ရဲ့ Power တွေဖြစ်ပါတယ်။ သူမက Marvel ကာတွန်းတွေထဲမှာ စွမ်းအားအကြီးဆုံး Hero တွေထဲမှာပါပါတယ်။ သူမ ရဲ့ အမည်အရင်းက Wanda Mximoff ဖြစ်ပြီး သူမရဲ့ စွမ်းအားတွေက အခုနောက်ပိုင်းမှာ ရှုပ်ထွေးလာပြီး probability manipulating and reality warping လို့ခေါ်တဲ့ စွမ်းအားရှိပြီး သူမ ဆန္ဒရှိသလို အရာအားလုံးကို ပြောင်းချင်တိုင်းပြောင်းလို့ရပါတယ်။ ရုပ်ရှင်ထဲမှာတော့ ဒီစွမ်းအားမပါသလို၊ ပါလာမယ်လည်းမထင်ပါဘူး။ ကာတွန်းထဲမှာ သူမက တစ်ခန်းမှာ ရှိသမျှ Mutant တွေအကုန်လုံး ကို သတ်ပြစ်လိုက်သလို၊ စက်ရုပ်နဲ့လက်ထပ်ပြီးတော့လည်း သူမရဲ့ အစွမ်းနဲ့ သူမဘာသာ ကလေးရအောင် လုပ်လိုက်ပါတယ်။ အခုဇာတ်ကားမှာတော့ သူမက သူများ စိတ်ကို လွှမ်းမိုးနိုင်သလို၊ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်လို့ရတာတွေ့ရပြီး၊ energy blast ကိုသုံးပြီး တိုက်ခိုက်တာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် သူမက အခြားသူတွေရဲ့ စိတ်ကို ဖတ်လို့ရတာလည်း တွေ့ရပါတယ်။

နောက်တစ်ခုပြောချင်တာက Iron Man ရဲ့ Hulkbuster Armor အကြောင်းပါ။ Iron Man 3 မှာ တွေ့ခဲ့သလိုပဲ၊ Iron Man မှာ ၀တ်စုံတွေများစွာရှိသလို၊ သူက DC က Batman လိုပဲ သူ့ အသင်းသားတွေ ကို ပြန်ရင်ဆိုင်ဖို့လည်းပြင်ဆင်ထားပါတယ်။ အထူးသဖြင့် အင်အားအကြီးဆုံး နှစ်ယောက်ဖြစ်တဲ့ Hulk နဲ့ Thor ကို ရင်ဆိုင်ဖို့အတွက် Hulkbuster Armor နဲ့ Thorbuster Armor ဆိုပြီးရှိပါတယ်။ Hulkbuster Armor က Hulk ရဲ့ ထိုးနှက်မှုကို ခံနိုင်ရည်ရှိပြီး၊ Rocket နဲ့ ပစ်ရင်တောင် မဖြုံပါဘူး။ ဒါပေမယ့် Hulk ကလည်း ဒေါသထွက်လေ အားပိုသန်လေဖြစ်ပြီး၊ သူ့ရဲ့ အင်အားက အကန့်အသတ်မရှိသလို၊ Hulk မှာ အားနည်းချက်မရှိပါဘူး။ ဒါကြောင့် ကာတွန်းထဲမှာ Hulk နဲ့ Hulkbuster တို့ ထိပ်တိုက်ရင်ဆိုင်ထားပြီး၊ Hulk က ပဲအနိုင်ရထားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းထဲမှာစိတ်ဝင်စားစရာ ရိုက်ကူးထားပြီး Iron Man က Hulkbuster Armor ကိုသူရဲ့ Satellite တစ်ခုမှာထားထားပြီး Hulk နဲ့ ချရင်းနဲ့ Damage ဖြစ်သွားတဲ့ နေရာကို ချက်ချင်း အစားပြန်ထိုးပါတယ်။ လက်ပြတ်သွားရင် လက်ကိုအစားထိုးပြီး ချက်ချင်းပြန်ချလို့ရပါတယ်။

ဒီ Battle အပြီးမှာ သူတို့ အဖွဲ့က Ultron ချေရာခံလို့မရအောင် သူတို့ ဌာနချုပ်ကိုပြန်လို့မရတော့ပဲ Hawkeye ရဲ့ အိမ်ကို ရောက်သွားကြပါတယ်။ ဒီကြတော့ မှာ သူ့အဖွဲ့သားတွေရော ပရိတ်သတ်တွေပါ၊ Hawkeye မှာ မိန်းမနဲ့ ကလေးတွေရှိမှန်းသိရပါတယ်။ ဒါ့အပြင် Nick Fury ကလည်းရောက်လာပြီး၊ Ultron ရဲ့ အကြံအစီတွေကိုပြောပြပါတယ်။ ဒါ့အပြင် Ultron က အမေရိကားက Nuclear Lunch Code တွေကို ဟက်ဖို့လုပ်နေပြီး Nuclear နဲ့ ကမ္ဘာကို ဖျက်ဆီးဖို့လုပ်နေပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ၀င်ကယ်နေလို့ Ultron က Hack လို့မရဘူးလို့ ဆိုပါတယ်။ ဒီနေရာမှာ ဘယ်သူလည်းလို့ တန်းမသိသေးပေမယ့်၊ Ultron လို စက်ရုပ်ကို ယှဉ်နိုင်တာ Jarvis ပဲလို့ Iron Man က ရိပ်မိပါတယ်။ တကယ်လည်း Jarvis က ပျက်ဆီးသွားတာမဟုတ်ပဲ Ultron Program မှာ တွဲပါသွားတာဖြစ်ပါတယ်။

ဒီကားမှာ SW နဲ့ QS အပြင် Vision လို့ ခေါ်တဲ့ နောက်ထပ် Avengers တစ်ယောက်ကိုလည်း မိတ်ဆက်ထားပါသေးတယ်။ Ultron က Klaw ဆီကနေ Vibranium ကိုလုသွားပြီး၊ Vision ကို လုပ်ဖို့ ကြိုးစားပါတယ်။ ဒီနေရာမှာ Dr. Helen Cho ရဲ့ Tissues အသစ်တည်ဆောက်တဲ့ နည်းပညာလိုတာကြောင့် သူမရှိတဲ့ Korea ကိုသွားပြီး Vision ဆိုတဲ့  စက်ရုပ် ကို တည်ဆောက်ခိုင်းပါတယ်။ Avengers အဖွဲ့ကလည်း Dr. Helen Cho ကို အဆက်အသွယ်မရတာကြောင့် သူမဆီကို လိုက်သွားရာက Ultron နဲ့ ၇င်ဆိုင်ကြပြန်ပါတယ်။ Ultron က သူ့ရဲ့ Program ကို Vision ထဲကို ထည့်ပေးနေတာဖြစ်ပြီး၊ Vision မှာ လူလို Tissue နဲ့ ဦးနောက်ရှိသွားတဲပ အချိန်မှာ Scarlet Witch နဲ့ က သူရဲ့ စိတ်ကို ဖတ်လို့ရသွားပြီး Ultron ရဲ့ အကြံအစီ အမှန်ကိုသိသွားပါတယ်။ ဒါကြောင့် သူတို့က Ultron နဲ့ ရင်ဆိုင်နေတဲ့ Captain America ကို ကူညီခဲ့ပါတယ်။ ဒါပေမယ့်လည်း Black Widow ကတော့ အဖမ်းခံလိုက်ရပါတယ်။

ဒီနောက်မှာ Vision ကို အသက်သွင်းရေးမသွင်းရေး အငြင်းပွားကြပြီး CA နဲ့ Iron Man တို့ ချကြရာက Thor က ရောက်လာပြီး Vision ကို အသက်သွင်းပေးလိုက်ပါတယ်။ Iron Man က Ultron ကို Nuclear Code မရအောင် နှောက်ယှက်နေတာ Jarvis ဖြစ်ပြီး Vision ရဲ့ Program မှာ Jarvis ရဲ့ အစိတ်အပိုင်း တစ်ချို့ပါတယ်လို့ ယူဆလို့ ဖြစ်ပြီး၊ Captain America က နောက်ထပ် Ultron တစ်ယောက်ကို ထပ်မထွက်လာအောင် တားတာဖြစ်ပါတယ်။ Thor ကတော့ Vision ရဲ့ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ Mind Gem (one of six infinity Stones) ကြောင့် Vision က Ultron ကို အနိုင်တိုက်နိုင်မယ်လို့ ယူဆပြီး အသက်သွင်းလိုက်တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ Original Avengers အဖွဲ့ဝင်တွေဖြစ်တဲ့ Captain America, Iron Man, Thor, Hulk, Hawkeye နဲ့ အဖွဲ့ဝင်သစ်တွေဖြစ်လာမယ့် Quicksilver, Scarlet Witch နဲ့ Visionတို့ က Black Widow ရဲ့ လျှို့ဝှက်သတင်းပေးပို့မှုနဲ့ Ultron ရဲ့ စခန်းရှိတဲ့ Sokovia ကိုသွားပြီး ရင်ဆိုင်ကြတာဖြစ်ပြီး၊ Ultron နဲ့ Avengers အဖွဲ့တို့ရဲ့ ကြားက တိုက်ခိုက်ကြပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။

Fun Fact တစ်ခုပြောချင်တာက နောက်ဆုံးမှာ Quicksilver က Hawkeye ကို ကယ်ရင်းနဲ့ သေနတ် အချက်ပေါင်းများစွာမှန်ပြီး သေသွားခဲ့ပါတယ်။ ဒီလိုသေတာက Quicksilver လို ကျည်ဆံထက်မြန်တဲ့ သူအတွက် လုံးဝမဖြစ်သင့်ဘူးလို့ ထင်ရပေမယ့်၊ သူက ဒီ ပါဝါကို အခုမှ ရထားတာဖြစ်လို့ အဲ့လောက်မမြန်သေးသလို၊ အတွေ့အကြုံ မရှိ သေးလို့လို့ လည်းယူဆနိုင်ပါတယ်။ ဇာတ်လမ်းက ဘာလို့ သတ်လိုက်ရလည်းဆိုတာကိုပြောရရင်တော့ နည်းနည်းရှည်ပါတယ်။ QS နဲ့ SW က ကာတွန်းထဲမှာ Mutant အနေနဲ့ X-Men မှာလည်းပါသလို၊ Avengers မှာလည်းပါပါတယ်။ 21st Century Fox က X-Men နဲ့ Mutant တွေကို Marvel ဆီကနေရိုက်ကူးခွင့်ဝယ်ထားတာ ဖြစ်ပြီး သူ့ကပဲ ရိုက်ကူးခွင့်ရှိတာဖြစ်ပြီး၊ လက်ရှိ X-Men: Days of Future Past မှာ QS ကို ထည့်ရိုက်ထားပါတယ်။ သူ့ညီမကိုတော့ မသုံးထားပါဘူး။ ဒါကလည်း Marvel နဲ့ Fox တို့ အချင်းချင်း ညှိထားတာဖြစ်ပြီး၊ Marvel က Scarlet Witch ကို အသုံးပြုမှာဖြစ်ပါတယ်။ Scarlet Witch က တစ်ချိန်မှာ Vision နဲ့ ဇာတ်လမ်းဖြစ်လာမှာဖြစ်ပြီး၊ Avengers မှာပိုအရေးပါပါတယ်။ ဒါကြောင့် QS ကို Scarlet Witch နဲ့ တူတူ မိတ်ဆက် ပေးတာပဲဖြစ်ပြီး X-Men နဲ့ မရောအောင်လို့ နောက်ထပ်ကားတွေမှာ မထည့်တော့ မှာ ဖြစ်ပါတယ်။

ဒီကားက ၂၀၀၈ Iron Man ကနေစလို့ WS အထိ ဖြစ်သမျှ အားလုံးကို အဆုံးသတ်ထားတာဖြစ်သလို နောက်လာမယ့် Civil War, Infinity War တို့ကိုလည်း အစပျိုးထားပါတယ်။ Infinity War မှာ ပူးပေါင်းမယ့် GOG နဲ့ Avengers ကိုလည်း အခုကတည်းက ပရိတ်သတ်တွေ ဆက်စပ်မိအောင် ပြထားပါတယ်။

ဒီကားမှာ အက်ရှင်ကောင်းတွေအများကြီးပါပေမယ့် အဓိက အခန်းကတော့၊ ပရိတ်သတ်တွေ မျှော်နေတဲ့ Iron Man ရဲ့ Hulk Buster နဲ့ Hulk ချတဲ့အခန်းဖြစ်ပါတယ်။ လက်ရှိ ကြည့်ဖူးသမျှ Fight Scene တွေမှာ အကောင်းဆုံးဖြစ်ပြီးပရိတ်သတ်အကြိုက်တွေ့စေမှာပါ။ ရုံမှာသွားကြည့်သင့်ပြီး၊ လက်ရှိအချိန်ထိ အကောင်းဆုံး Marvel ဇာတ်ကားဖြစ်သလို၊ အကောင်းဆုံး Superhero ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။


#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review