The Boy Next Door (2015)

The Boy Next Door (2015) - Movie Review
:) :) :) -_- -_- -_- -_- -_- -_- -_-

#ရုပ်ရှင်မိတ်ဆက်

January နဲ့ February က တကယ့် မကောင်းတကာ့ မကောင်းတဲ့ ကားတွေ တင်တဲ့လတွေဖြစ်ပါတယ်။ နှစ်တိုင်း December အကုန်နဲ့ February မှာ မကောင်းတဲ့ဇာတ်ကားတွေ ထွက်ထွက်လာတတ်ပါတယ်။ Oscar Nominated ကားတွေ ပါတယ်ဆိုပေမယ့် အဲ့ဒီကားတွေက ဒီဇင်ဘာမှာထဲက Hollywood ကရုံတွေမှာ တင်နေပြီဖြစ်ပါတယ်။ ကျန်ရုံတွေမှာ သာ နောက်ကျပြီးတင်တာပါ။ အော်စကာအမှီ တင်ထားပြီးသားဖြစ်ပါတယ်။

ဒီကားက January မှာထွက်တဲ့ကားဖြစ်တာနဲ့အညီ၊ တော်တော်ညံ့တဲ့ဇာတ်ကားဖြစ်တယ်လို့ဆိုရမှာပါ။ ဒီကားက Drama ကားမဟုတ်ပဲ၊ Cheap Horror/Thriller ပုံစံလုပ်ထားပါတယ်။ မနှစ်ကထွက်ခဲ့ဖူးတဲ့ The Guest ဆိုတဲ့ ဇာတ်ကားလိုပဲဖြစ်ပြီး၊ ဒီကားက ပိုညံ့ပါတယ်။ Trailer မှာတုန်းက ပြထားတာ ဆရာမနဲ့ ကျောင်းသား ဇာတ်ရှုပ်ပုံစံမျိုး ဖြစ်ပေမယ့် တကယ်တမ်းမှာတော့ Jennifer Lopez က အိမ်နီးချင်း ၁၉ နှစ် အရွယ် ကောင်လေးနဲ့ တစ်ခါမှားယွင်းမိပြီးနောက် အသက်ကွာဟလို့ မဖြစ်သင့်ဖူးဆိုပြီး ထိမ်းပေမယ့် ကောင်လေးက သူ့နောက်ကို လိုက်ကပ်နေတာဖြစ်ပါတယ်။ ဒီလို လိုက်ကပ်နေတာတင်အားမရပဲ သူစာသင်တဲ့ကျောင်းကိုပါ ၀င်တက်လိုက်ပါသေးတယ်။ ဒါကို သူမ ဘယ်လို ဖြေရှင်းမလည်းဆိုတာ ကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းဇာတ်အိမ်က ဟာကွက်တွေများပြီး၊ စိတ်ဝင်စားဖို့လည်းမကောင်းပါဘူး။ ဂျေလိုကလည်း သရုပ်ဆောင်မထူးခြားလှသလို၊ သူမလို လူမျိုးက ဆရာမဆိုတာလည်း ယုတ်တိမရှိလှပါဘူး။ ဆရာမနေရာမှာ သရုပ်ဆောင်ပြီးတော့ မော်ဒယ်ပုံစံနဲ့ဖြစ်နေပါတယ်။ အိမ်ထောင်ရေးဇာတ်လမ်း ပုံစံဖြစ်လို့ လူငယ်တွေကြည့်ဖို့မသင့်တော်သလို၊ မိသားစုလည်းတူတူ မကြည့်သင့်ပါဘူး။ ဂျေလိုရဲ့ပရိတ်သတ်တွေကလွဲရင် အချိန်ကုန်ခံပြီးမကြည့်သင့်ပါဘူး။


ကျွန်တော်ထင်ပါတယ်၊ ဒီကားကို နောက် တစ်နှစ်အတွင်းမှာ မြန်မာကားတွေက ကူးချပါလိမ့်မယ်။

#Sololay

https://www.facebook.com/MoviesforMyanmar/photos/a.1599989390221152.1073742045.1415033035383456/1599989396887818/?type=1&theater

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2