Taken 3 (2015) - Movie Reivew

Taken 3 (2015) - Movie Review
:) :) :) :) :) -_- -_- -_- -_- -_-

#ရုပ်ရှင်မိတ်ဆက်

ဒီကားက တော့ Liam Neeson ကို Action မင်းသားအဖြစ် ကမ္ဘာကျော်စေခဲ့တဲ့ Taken ဇာတ်ကား ရဲ့ တတိယမြောက်နဲ့ နောက်ဆုံးကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Liam Neeson က သူ့ရဲ့ အရင်မိန်းမ Lenny နဲ့ ပြန်အဆက်အသွယ်လုပ်နေပြီး၊ Lenny ကလည်း လက်ရှိယောက်ျားနဲ့ အဆင်မပြေ ဖြစ်နေခိုက် ဖြစ်ပါတယ်။ လက်ရှိယောက်ျား Stuart (ပထမဆုံး ဇာတ်ကားမှာ သူ့သမီး Kim ကို မြင်းဝယ်ပေးခဲ့တဲ့တစ်ယောက်ဖြစ်ပါတယ်။) က Liam Neeson ရဲ့ ဇာတ်ကောင် Bryan ကို သူ့မိန်းမနဲ့ ဝေးဝေးနေဖို့ သတိပေးခဲ့ပါတယ်။ ဒီအချိန်မှာ Lenny တစ်ယောက် Bryan ရဲ့ အိမ်မှာ အသတ်ခံရပြီး တဲ့အခါမှာ Bryan နေနဲ့ သူမိန်းမကိုသတ်တဲ့သူကို ရှာဖွေပြီး လက်စားချေရမှာဖြစ်သလို၊ တစ်ဖက်ကလည်း သမီးကို လည်းကာကွယ်ရမှာဖြစ်ပါတယ်။

၂၀၀၈ တုန်းကထွက်ခဲ့တဲ့ Taken က တစ်ချိန်က Drama မင်းသားကြီးဖြစ်တဲ့ Liam Neeson ကို အက်ရှင် မင်းသား အဖြစ် ပရိတ်သတ်နဲ့မိတ်ဆက်ပေးခဲ့ နိုင်ပေမယ့်၊ ဒီကားမှာတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်း နဲ့ တည်းဖြတ် မကောင်းတာကြောင့် တော်တော်ကို ကြည့်ရဆိုးလှပါတယ်။ အထူးသဖြင့် တည်းဖြတ်တာ ညံ့ဖျင်းတာကြောင့် စတန့်သမား သုံးထားတာ ကအစ အရမ်းသိသာလှပါတယ်။ ဇာတ်လမ်းကလည်း သာမန် အက်ရှင်ကားတွေလောက်တောင် စိတ်ဝင်စားဖို့မကောင်းသလို၊ တင်ဆက်ပုံကလည်း တော်တော် ညံ့ပါတယ်။ အထူးသဖြင့် ဇာတ်လမ်းကောင်း ဖြစ်နိုင်ခြေရှိရဲ့သားနဲ့ ဒါရိုက်တာ ညံ့လို့ ရုပ်ရှင်ကောင်း ဖြစ်မလာတာ လည်းဖြစ်ပါတယ်။

ဒီကားက ဇာတ်လမ်းကိုလည်း ကောင်းအောင် မရိုက်သလို၊ ဇာတ်ကောင်တွေလည်း ကိုလည်း အသုံးမချတတ်တာ တွေ့ရပါတယ်။ Forest Whitaker လို အကယ်ဒမီရမင်းသားကို ထည့်သုံးထားပြီး၊ သူ့ရဲ့ ဇာတ်ကောင် က ဒီကားမှာ အပိုကြီးဖြစ်နေတာ ပရိတ်သတ်ကြီး တွေ့ရမှာပါ။ ဒီကားက လတ်တလော ထွက်ထားသမျှကားတွေထဲမှာ အဖျင်းဆုံးနဲ့ အသုံးမကျဆုံးကားဖြစ်ပါတယ်။ အပျင်းပြေကြည့်ဖို့တောင်မတန် ပါဘူး။ နောက်ဆုံးအနေနဲ့ ပြောရရင်၊ အက်ရှင်အခန်းတွေကလည်း ဖြစ်သလို Quick Cut (တစ်ခန်းနဲ့တစ်ခန်းကို ဖြတ်ကနဲ ကူးသွားခြင်း) နဲ့ရိုက်ထားပြီး၊ ကင်မရာကလည်း တအား လှုပ်ခတ်နေသလို ဖြစ်နေပါတယ်။ Taken ပထမဆုံးကားမှာ Quick Cut ကို သေချာ အသုံးပြုထားလို့ ပညာသားပါပြီး ဇာတ်လမ်းအရလည်း လိုက်ဖက်ပါတယ်။

(Spoiler လို့တောင် ပြောမနေတော့ပါဘူး။ ကြည့်တာနဲ့ ပရိတ်သတ်ကြီးတန်းသိမှာပါ)

အဆိုးဆုံးကတော့ ဒီကားရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Lenny ရဲ့ ယောက်ျား Stuart က Taken ပထမကား မှာ တုန်း ကတည်းက ပါဖူးပြီး၊ ရုရှား သူဌေးတစ်ဦးဖြစ်ပါတယ်။ ဒီကားမှာတော့ သရုပ်ဆောင် ကိုပြောင်းထားပြီး Stuart အဖြစ် စကော့တလန် လူမျိုး သရုပ်ဆောင် ဖြစ်တဲ့ Dougray Scott (Mission Impossible 2) ကို သရုပ်ဆောင်ခိုင်းထားပါတယ်။

အပျင်းပြေကြည့်ဖို့လောက်ပဲကောင်းပြီး၊ ရုံမှာသွားကြည့်ဖို့မတန်ပါဘူး။

#Sololay

https://www.facebook.com/MoviesforMyanmar/photos/a.1601439690076122.1073742047.1415033035383456/1601439693409455/?type=1&theater


Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2