Flightplan

Flightplan - Movie Review (2005)

#ရုပ်ရှင်မိတ်ဆက်

အမေများနေ့မှာ အမေနဲ့ပတ်သက်တဲ့ကားလေးတစ်ကားတင်ပေးဖို့ စဉ်းစားရင်းနဲ့ဒီကား ကိုသတိရသွားလို့ပါ။ ဇာတ်လမ်းကအကောင်းကြီးမဟုတ်ပေမယ့် အပျင်းပြေကြည့်ဖို့အစဉ်ပြေပါတယ်။

Kyle (Jodie Foster) က လေယာဉ်ပျံဒီဇိုင်းဆွဲတဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး၊ Berlin, Germany မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ယောက်ျားဖြစ်သူ အလုပ်ခွင်မှာ ဆုံးပါးသွားလို့ နေရပ်ဖြစ်တဲ့ အမေရိကားကို ပြန်ပြီး သဂြိုလ်ဖို့ စီစဉ်ပါတယ်။ သူမစီးရတဲ့ လေယာဉ်က သူမဒီဇိုင်းဆွဲထားတဲ့လေယာဉ်ပဲ  ဖြစ်ပါတယ်။ သူမမှာ သမီးလေးတစ်ယောက် ကျန်ခဲ့ပြီး သမီးနဲ့ အတူတူ လေယာဉ်ပေါ်ကို တက်ပြီး၊ အိပ်စက်အနားယူရင်း လိုက်ပါလာပါတယ်။

ဒါပေမယ့် တရေးနိုးလို့ကြည့်လိုက်တော့ သမီးကအနားမှာမရှိတော့တာကြောင့် လိုက်ရှာရင်း သမီးပျောက်နေမှန်းသိလိုက်ရပါတယ်။ ဒီနေရာမှာ လေယာဉ်ပေါ်က ၀န်ထမ်းတွေ အကုန်ဝိုင်းရှာပေးကြပေမယ့် ရှာမတွေ့ပါဘူး။ ဒါ့အပြင် သူမ သမီးကို ဘယ်သူမှမလည်း မတွေ့ကြသလို၊ လေယာဉ်ပေါ်တက်လာတာကိုလည်း မတွေ့ကြပါဘူး။ သူမနဲ့တူတူထိုင်နေတာကိုလည်း မတွေ့ဖူး၊ ကလေးပါတယ်ဆိုတာကိုလည်း ဘယ်သူမှ သတိမထားမိဘူးလို့ ဆိုလာကြတဲ့အခါမှာတော့၊ လေယာဉ်ပေါ်ကလူတွေက သူမကို သံသယ၀င်လာ ကြပါတယ်။ ယောက်ျားသေလို့ စိတ်ဖောက်ပြန်သွားတာလား၊ ကလေးရော တကယ်ပါလာရဲ့လားဆိုပြီး သံသယ၀င်လာကြပေမယ့်၊ သူမကတော့ သမီးကို မတွေ့တွေ့အောင် လိုက်ရှာရင်းနဲ့ သူမထင်သလို သွေးရိုးသားရိုး ပျောက်တာမဟုတ်မှန်း သိလာပါတယ်။

ဇာတ်လမ်းက သဲထိတ်ရင်ဖို၊ စိတ်ဝင်စားစရာ ရိုက်ကူးထားပါတယ်။ ဇာတ်ကားစကတည်းက ဇာတ်ရှိန်ကောင်းကောင်းနဲ့စပြီး တောက်လျှောက် စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ကူးထားပါတယ်။ တစ်ခုပဲဆိုးတာက လူတွေကို ခြောက်ခြားအောင်လုပ်တဲ့အခန်းတွေမှာ အနည်းငယ်ယုတ္တိမရှိဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။

အပျင်းပြေကြည့်လို့ကောင်းပါတယ်။ မိသားစုတူတူကြည့်နိုင်ပြီး၊ No Sex, No Nudity ပါ။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2