Horrible Bosses 2

Horrible Bosses 2
:) :) :) :) :) -_- -_- -_- -_- -_-
#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ ၂၀၁၁ တုန်းက Horrible Bosses ရဲ့ အဆက်ဖြစ်ပြီး ပထမကားက လူတွေ အကုန်လုံး နီးပါး ပြန်ပါလာကြပါတယ်။ ဒီကားမှာတော့ ဇာတ်လမ်းက Dale, Kurt and Nick တို့ သုံးယောက်က သူများလက်အောက်မှာ မလုပ်ချင်တော့လို့ ကိုယ်ပိုင်စီးပွားရေးလုပ်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ အဆိုးတကာ့ အဆိုးဆုံး သူဌေးဖြစ်တဲ့ Bert Hanson (Christoph Waltz) နဲ့ကြုံတွေ့ရပြီးတော့ သူတို့ရဲ့ ကုမ္ပဏီ ဒေ၀ါလီခံခဲ့ရပါတယ်။ ဒါကြောင့် Bert ရဲ့သား Rex Hanson (Chris Pine) ကိုပြန်ပေးဆွဲပြီး ငွေညစ်ဖို့ ကြိုးစားရာက အဆင်မပြေ ဖြစ်ကြတာတွေကို ဇာတ်လမ်းလုပ်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီကားက ဇာတ်လမ်းအရ လည်းမကောင်းသလို၊ အဓိကဇာတ်ကောင်သုံးယောက်ကလည်း ပထမကားမှာတုန်းကလောက် မရယ်ရပါဘူး။ တစ်ချို့ ဟာသတွေက မရယ် ရယ်ရအောင် တမင်လုပ်ယူ နေသလို ဖြစ်နေပြီး၊ ဇာတ်လမ်းကလည်း ပထမကားကအတိုင်းပဲ ပြန်ရိုက်ထားပြီး၊ တစ်ချို့နေရာတွေမှာ ပိုတောင်ညံ့သွားပါသေးတယ်။ အထူးသဖြင့် အဓိက ဇာတ်ကောင် သုံးယောက်ဖြစ်တဲ့ Dale, Kurt နဲ့ Nick တို့က ပိုပိုပြီး ထုံထိုင်းလာပါတယ်။

ဇာတ်လမ်းကလည်း အတက်အကျမမှန်သလို၊ အဓိပ္ပာယ်လည်းမရှိပါဘူး။ ကျွန်တော်ပြောခဲ့သလိုပဲ Dale, Kurt နဲ့ Nick တို့က တစ်ကားလုံး အသုံးမကျခဲ့သမျှ ဇာတ်လမ်းကလိုအပ်တော့မှ ဥာဏ်ကောင်းပြတာမျိုး ဖြစ်နေပါတယ်။

သာမန်ဟာသကား တစ်ကားပဲဖြစ်ပြီး၊ အပျင်းပြေကြည့်ဖို့လောက်ပဲကောင်းပါတယ်။ အခွေထွက်မှာ အိမ်မှာ အပျင်းပြေကြည့်သင့်ပြီး၊ ရုံမှာသွားကြည့်ဖို့မတန်ပါဘူး။ Sex Scene, Sex Joke, တွေပါပြီး၊ Rated R လည်းဖြစ်ပါတယ်။ မိသားစု တူတူမကြည့်သင့်ပါဘူး။

#Sololay

https://www.facebook.com/MoviesforMyanmar/photos/a.1576599635893461.1073742033.1415033035383456/1576599642560127/?type=3&theater

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review