Dumb and Dumber To

Dumb and Dumber To

:) :) :) :) -_- -_- -_- -_- -_- -_-

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ ၁၉၉၄ တုန်းက ထွက်ခဲ့တဲ့ Dumb & Dumber ရဲ့ အဆက်ဖြစ်ပါတယ်။ ပထမဇာတ်ကားက ထူးထူးခြားခြား ဟာသကားဖြစ်လို့ ပရိတ်သတ်အကြိုက်တွေ့ခဲ့ကြပြီး၊ Jim Carey ရဲ့ အကောင်းဆုံး၊ အအောင်မြင်ဆုံး အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ပထမကားကနေ အနှစ်နှစ်ဆယ်ကြာပြီးချိန်မှာတော့ Dumb and Dumber To က ပထမကားလောက် မရီရတော့သလို၊ ပထမကားလောက်လည်း မကောင်းတော့ပါဘူး။ ဇာတ်လမ်းကတော့ ပထမကားအပြီးမှာ Lloyd က Mary ကြောင့် အသဲကွဲခဲ့ရပြီး စိတ်ရောဂါကုဆေးရုံမှာ အနှစ်နှစ်ဆယ်လုံးနေနေခဲ့ပါတယ်။ တကယ်တမ်းမှာတော့ (Trailer မှာပါတဲ့အတိုင်း) Lloyd က အနှစ်နှစ်ဆယ်လုံး ဟန်ဆောင်နေခဲ့တာဖြစ်တယ်လို့ Harry ကသိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Harry က ကျောက်ကပ် အစားထိုးဖို့လိုနေတယ်လို့ သလိုက်ရသလို တစ်ချိန်ထဲမှာပဲ သူ့မှာ မိန်းမတစ်ယောက် ရှိခဲ့ဖူးပြီး၊ အဲ့ဒီမိန်းမနဲ့ သမီး တစ်ယောက်ရခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီသမီးက မွေးပြီးကာစမှာပဲ အခြားသူကို မွေးစားဖို့ပေးလိုက်တာကြောင့် Lloyd နဲ့ Harry က Harry ရဲ့ သမီး ရှာပုံတော်ဖွင့်ကြရင်းနဲ့ ပေါက်ကရလေးဆယ်ဖြစ်ပုံကို ဟာသဆန်ဆန် ရိုက်ကူးထားတာဖြစ်ပါတယ်။

ပထမဆုံးပြောချင်တာက ဒီကားက ဇာတ်လမ်းဇာတ်ကွက်လုံးဝမရှိသလို၊ ဟာသတွေကလည်း မရီရပါဘူး။ အချို့ ဇာတ်ဝင်ခန်းလေးတွေမှာ အနည်းငယ်ရီရတဲ့နေရာရှိပေမယ့် အများစုကတော့ တော်တော် ကို ညံတဲ့ ပျက်လုံးတွေ၊ ဇာတ်ဝင်ခန်းတွေပါပါတယ်။ သရုပ်ဆောင်နှစ်ယောက်က မညံ့ပေမယ့် ဇာတ်လမ်းကတော့ တော်တော်ညံ့ပါတယ်။ ဇာတ်ညွှန်း၊ ဒါရိုက်တာ တော်တော်ညံ့ ပြီး၊ ပျက်လုံးတွေက မရီရကြောင့် အခွေထွက်ပြီး ကြည့်စရာလုံးမှမရှိတော့မှသာ အိမ်မှာအပျင်းပြေကြည့်သင့်ပါတယ်။

PG-13 ဆိုပေမယ့် မိသားစုတူတူ ကြည့်ဖို့မသင့်ပါဘူး။ ဒီကားက ဇာတ်လမ်းကိုယ်တိုင်က ဘယ်လမ်းကြောင်းလိုက်ချင်မှန်းမသိဖြစ်နေပါတယ်။ ဟာသဆိုရင်လည်း တစ်ချို့နေရာတွေမှာ ဟာသကောင်းကောင်း လေးပါပြီး ရယ်ရအောင် လုပ်ထားပေမယ့်၊ အချို့နေရာတွေမှာ ညစ်တီးညစ်ပတ်တွေ လုပ်ပြတတ်ပါတယ်။ Trailer မှာပါသလို အဖွားကြီးစောင်အောက်ထဲလက်နှိုက်တာမျိုးတွေလည်း ပါသလို၊ တစ်ချို့နေရမှာ တကယ်ရယ်ရပြီး မရိုင်းတဲ့ ဟာသမျိုးတွေလည်းပါပါတယ်။ တကယ်က ကြည့်တောင်မကြည့်သင့်ပါဘူး။ နောက်ဆုံးကြည့်စရာ ဘာကားမှမရှိမှ ကြည့်တာမျိုး၊ DVD-9 တစ်ချပ်ထဲမှာ လေးငါးကားပါလို့ ဒီကားက ကပ်ပါလာမှပဲ ကြည့်ပါ။ မဟုတ်ရင်တော့ ခိုးကူးဝယ်ကြည့်ဖို့တောင် မတန်ဘူးလို့ ပြောချင်ပါတယ်။

#Sololay

https://www.facebook.com/MoviesforMyanmar/photos/a.1576471905906234.1073742032.1415033035383456/1576471919239566/?type=1&theater

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review