Batman v Superman: Dawn of Justice

Batman v Superman: Dawn of Justice

#ရုပ်ရှင်မိတ်ဆက်

ပရိတ်သတ်ကြီး စိတ်ဝင်စားနေတဲ့ DC ရဲ့ Batman vs Superman အကြောင်း နည်းနည်း ဆွေးနွေးချင်လို့ပါ။

San Diego Comic Con မှာ Warner Brothers က Batman v Superman ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကို ပြသွားသလို Wonder Woman ရဲ့ပိုစတာကိုလည်း ပြသွားခဲ့ပါတယ်။ ဇာတ်ဝင်ခန်းက တရားဝင် မကြေငြာသေးသလို၊ ပွဲလာတဲ့သူတွေကိုပဲ ပြသွားတာဖြစ်လို့ မကြည့်ရသေးပေမယ့်၊ ကြည့်ပြီးတဲ့သူတွေပြန်ပြောပြချက်အရရော၊ Camera နဲ့ ရိုက်ထားတဲ့ Version အရပါ ကျွန်တော် အမြင်ကိုပြောပြချင်ပါတယ်။

Batman က အောက်မှာရပ်နေပြီးတော့ Batsignal ကိုဖွင့်လိုက်တဲ့အခါမှာ Superman ကလေထဲမှာရပ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် Superman မျက်လုံးက နီနေပြီး၊ (Heat Vision) နဲ့ပစ်မယ့် ပုံစံဖြစ်နေပါတယ်။ Batman မျက်လုံးကလည်း အဖြူရောင် ဖြစ်နေပါတယ်။ ဒါကိုတော့သိပြီးသားပါ။

ဒါ့အပြင် Batman ရဲ့ ပရိတ်သတ်တွေ သိပြီးတဲ့အတိုင်း Batman က Armor ၀တ်ထားပါတယ်။ သိတဲ့သူတွေကလည်း ပြောနေကြသလို မသိတဲ့သူတွေလည်းရှိလို့ ဘာလည်းဆိုတာ ရှင်းပြချင်ပါတယ်။ Batman က The Dark Knight Returns ဆိုတဲ့ စာအုပ်ထဲမှာ Superman နဲ့ရင်ဆိုင်တော့ သူက အဲ့ဒီဝတ်စုံကို ၀တ်ပြီး ရင်ဆိုင်ပါတယ်။ သူ့ဝတ်စုံက Iron Man ရဲ့ Armor လို သဘောမျိုးဖြစ်ပြီး Superman နဲ့ ရင်ဆိုင်နိုင်အောင်ဖြစ်ပါတယ်။

ဒီကားမှာတော့ ခေါင်းစဉ်မှာထဲက Versus ဆိုပြီးထည့်ထားတော့ သူတို့နှစ်ယောက် အနည်းနဲ့အများတော့ ရင်ဆိုင်ကြမှာဖြစ်ပါတယ်။ အဲ့ဒီတော့ သူတို့ နှစ်ယောက် ရဲ့ ထိပ်တိုက်တွေ့ဆုံပုံတွေထဲက လူသိများတာတစ်ချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

Superman Animated Series ထဲမှာ Bruce Wyane က Metropolis ကိုရောက်လာသလို Batman နဲ့ Superman စတွေ့ကြပါတယ်။ Superman က Batman ရဲ့မျက်နှာဖုံး ကို ဖောက်ထွင်းကြည့်ပြီးတဲ့နောက်မှာ Bruce Wyane မှန်းသိသွားသလို၊ Batman ကလည်း Superman ရဲ့ နောက်ကို နောက်ယောင်ခံလိုက်ရင်းနဲ့ Clark Kent မှန်းသိသွားခဲ့ပါတယ်။ အဲ့ဒီကစလို့ သူတို့နှစ်ယောက် ပေါင်းမိသွားသလို၊ နောက်ပိုင်းတွေမှာလည်း မိတ်ဆွေရင်းတွေအဖြစ် အတွဲညီညီ တွေ့ခဲ့ရပါတယ်။

နောက်ထပ်လူသိများတာကတော့ ပထမအကြိမ်တွေ့ဆုံမှုမဟုတ်ပဲ Frank Miller ရဲ့ The Dark Knight Return မှာဖြစ်ပါတယ်။ The Dark Knight Returns Part1 & Part2 ဆိုပြီး Animated Movie ထွက် ထားလို့ ကြည့်ချင်တဲ့ပရိတ်သတ်ကြီးအတွက် အောက်မှာ လင့်ခ်တင်ပေးထားပါတယ်။ ဇာတ်လမ်းက Batman ကအသက်ကြီးလို့ အနားယူသွားပြီး ၁၀ နှစ်အကြာမှာ တကြော့ပြန်ပေါ်လာပါတယ်။ Superman ကလွဲရင် ကျန် Superhero တွေမရှိတော့ပဲ Superman တစ်ယောက်ပဲ အစိုးရနဲ့တွဲပြီး အလုပ်လုပ်နေပါတယ်။ Batman က Part 1 မှာ လူဆိုးခေါင်းဆောင်တစ်ယောက်ကို နှိမ်နင်းအပြီးမှာ အစိုးရက Batman ကို ဖမ်းဖို့အတွက် (နှိမ်နင်းဖို့အတွက်) Superman ကိုစေလွှတ်ခဲ့ပါတယ်။ Superman က Bruce ကိုနားချလို့မရတဲ့အဆုံးမှာ Batman နဲ့ Superman တို့ ရင်ဆိုင်တွေ့ကြပါတယ်။ ဒီမှာ Batman က Armor ကြီးကိုဝတ်ပြီး တိုက်ခိုက်တာဖြစ်ပါတယ်။ Batman က Superman ကို kryptonite သုံးပြီး အနိုင်ယူခဲ့ပါတယ်။ (ဇာတ်လမ်းက ဒီထက်အများကြီး အသေးစိတ်ကျတာဖြစ်လို့ ကိုယ်တိုင်ကြည့်ရှုအားပေး တာပိုကောင်းပါတယ်။)

နောက်ဆုံးတစ်ခုကတော့ အခုနောက်ဆုံးထွက်ထားတဲ့ Justice League: War (DC new 52 comic Book) နဲ့ ကာတွန်းဇာတ်ကားတို့မှာပါတဲ့ ဇာတ်ဝင်ခန်းဖြစ်ပါတယ်။ DC New 52 ဆိုတာ ၂၀၁၁ မှာ DC က သူတို့ရဲ့ကာတွန်းတွေကို အစကနေ ပြန်ရေးတာဖြစ်ပြီး ဟီးရိုးအားလုံး အသစ်ကနေပြန်စနေကြပါတယ်။ Original Story ကတော့ တူပေမယ့် အနည်းငယ်တော့ ပြောင်းလဲထားပါတယ်။ ဒီထဲမှာတော့ Batman က Green Lantern နဲ့ ပထမဆုံး စတွေ့တာဖြစ်ပြီး Gotham မှာ ဗုံးလိုက်ထောင်နေတဲ့ ဂြိုလ်သားတစ်ယောက်ကို နှစ်ယောက်လိုက်ကြရာကနေ စတွေ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ Batman က Superman ကလည်း ဂြိုလ်သားပဲဖြစ်တာကြောင့် သူ့ကိုသွားမေးမယ်ဆိုပြီး GL နဲ့အတူတူ ထွက်လာရာကနေ၊ နားလည်မှုလွဲမှားပြီး Superman ကတစ်ဖက် Batman & Green Lantern ကတစ်ဖက် တိုက်ခိုက်ကြပါတယ်။ ဒီကနေ Batman က Superman ရဲ့ Identity က Clark Kent ဖြစ်တာ သူသိကြောင်းပြောပြီး၊ Superman က လူသတ်မှာမဟုတ်ကြောင်း နားလည်မှုလွဲတာဖြစ်ကြောင်း ပြောသလို Superman ကလည်း Batman ရဲ့မျက်နှာ်ဖုံးကို ဖောက်ထွင်းမြင်ပြီး Bruce Wyane မှန်းသိသွားခဲ့ပါတယ်။ ဒီကားမှာ Batman က Superman နဲ့ The Flash တို့ရဲ့ လုပ်ရပ်တွေကို အစောကြီးထဲက စုံစမ်းစောင့်ကြည့်နေတာဖြစ်တယ်လိုလည်းသိရပါတယ်။

သူတို့နှစ်ယောက်ဆုံတွေ့ပုံ တစ်ခြား ဇာတ်လမ်းတွေအများကြီးရှိပေမယ့် ဒါတွေကတော့ Animated Film တွေထဲမှာ ပါတာတွေဖြစ်ပြီး၊ လူသိလည်းများကြပါတယ်။ များသေားအားဖြင့် တွေ့တွေ့ချင်းမှာ တစ်ယောက်နဲ့တစ်ယောက် မကြည်ကြပေမယ့် နောက်ဆုံးမှာ သူတို့နှစ်ယောက် ပေါင်းမိသွားတာပဲဖြစ်ပါတယ်။

#Sololay

The Dark Knight Returns Part 1- http://putlocker.is/watch-batman-the-dark-knight-returns-part-1-online-free-putlocker.html

Part 2 - http://megashare.info/watch-batman-the-dark-knight-returns-part-2-online-TlRnM053PT0

Fight Scene - https://www.youtube.com/watch?v=K-0ITPXhrqo

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review