Neighbors (9 May 2014) - Move Reviews

Neighbors (9 May 2014) - Move Reviews
(Non-Family Oriented, Rated-R for sex & nudity)

#ရုပ်ရှင်မိတ်ဆက်

ဒီကား က ထွေလာထဲမှာကောင်းပေမယ့် ဒီလောက်အကောင်းကြီးမဟုတ်ပါဘူး။ ဟာသ တွေကလည်း သိပ်မရီရသလို၊ ဇာတ်လမ်းကလည်း အဲ့ဒီလောက်အကောင်းကြီးမဟုတ်ပါဘူး။ Rated-R (Stupid) ဟာသကားတွေထဲမှာ ကျွန်တော့်အကြိုက်ဆုံး ဇာတ်ကား ၃ကားရှိပါတယ်။ Hangover (original) American Pie နဲ့ Ted တို့ဖြစ်ပါတယ်။ ဒီကားကတော့ သူတို့နှစ်ကားကိုလုံးဝမမှီပါဘူး။ Seth Rogen သရုပ်ဆောင်ကောင်းပေမယ့် မလိုအပ်တဲ့အခန်းတွေများနေသလို၊ တစ်ချို့အခန်းတွေမှာ စကားအပိုတွေပြောပြီး ဇာတ်လမ်း ကို အဓိပ္ပာယ်မရှိ ရှည်စေပါတယ်။

ဇာတ်လမ်းကတော့ လူငယ်တွေမကြည့်သင့်သလို၊ မိသားစုလည်း မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအစကို လင်မယားနှစ်ယောက် ရဲ့ Sex scene နဲ့ စထားပါတယ်။ ဟာသအနေနဲ့ ပြထားတာဖြစ်လို့ Sexual မဖြစ်ပေမယ့် နောက်လာမယ့် ဇာတ်လမ်းမှာ ဘာတွေပါမယ်ဆိုတာ ခန့်မှန်းမိမှာပါ။ ဇာတ်လမ်း စစပိုင်းကတော့ ကလေးရသွားပြီးတဲ့ အိမ်ထောင်သည် လင်မယားနှစ်ယောက် ရဲ့ လူနေမှုဘ၀ ပုံစံပါပြောင်းသွားပုံကို ပြထားပါတယ်။ လင်မယားသဘာဝ အတူတူလည်း ကောင်းမနေရ၊ ကလေး ကိုထိမ်းကျောင်းရ၊ ညအိပ်ရင်လည်း ကလေးငိုရင် ထကြည့်ရစတာတွေ ကိုပြထားပါတယ်။ သူငယ်ချင်းတွေနဲ့ လည်း ကောင်းကောင်းမလည်ရ၊ အပြင်တောင်မထွက်ဖြစ်ပဲ ပျင်းစရာဘ၀ကြီးမှာပဲ နေနေရပါတယ်။

ဒါက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြတဲ့ လူငယ်တွေကို သွယ်ဝိုက်ပြီးပညာပေးထားပါတယ်။ အဲ့ဒီအချိန်မှာ ဘေးအိမ်ကို ကောလိပ်ကျောင်းသားတွေ ပြောင်းလာပြီး ပါတီတွေညတိုင်းလုပ်တဲ့အခါ၊ သွားပြောရာက သူတို့ပါ ပါတီထဲမှာဝင်နွှဲမိသွားပါတယ်။ ဒါပေမယ့် မခံနိုင်တဲ့အဆုံး ရဲခေါ်မိတဲ့အခါမှာတော့ ကျောင်းသားတွေနဲ့ အပြန်အလှန် ပြသ၁နာတက်ကြပါတယ်။ အိမ်ကိုရောင်းပြီး ပြောင်းဖို့လုပ်တဲ့အခါမှာလည်း၊ ဒီလိုအိမ်ဘေးမှာ ဘယ်သူမှ နေချင်မှာမဟုတ်လို့ေ၇ာင်းမထွက်သလို၊ ရဲလည်းခေါ်လို့မရ၊ ပတ်ဝန်းကျင်ကိုလည်း ကျောင်းသားတွေက ပညာသားပါပါ စည်းရုံးထားတော့ သူတို့ဘက်ကဘယ်သူမှ မပါပါဘူး။ ဒီအချိန်မှာ သူတို့အနေနဲ့ ဒီကောင်လေးတွေကို ကျောင်း ကပါ အထုတ်ခံရဖို့အထိ ကြံစည်ပြီး အိမ်က ပါပြောင်းပြေးသွားအောင် ပညာပေးကြပါတယ်။

ဒီဇာတ်ကားက ကျွန်တော်တို့ ခေတ် တုန်းက စတိုင်နဲ့ ဘာမှမဆိုလို့ ကျွန်ေတာ့်အနေနဲ့ ဆက်စပ်ခံစား လို့မရပါဘူး။ ဒါပေမယ့် ဇာတ်ကားကတော့ လူငယ်တွေရဲ့ ပျော်စရာ ကျောင်းသားဘ၀နဲ့၊ အိမ်ထောင်သည်ဘ၀ ကို  ဟာသအနေနဲ့ ယှဉ်ပြထားသလို၊ ငယ်ရွယ်သူတွေကို အိမ်ထောင်သည်ဘ၀ စောမရောက်အောင် သွယ်ဝိုက်ပညာပေးထားပါတယ်။ ဒါ့အပြင် အိမ်ထောင် တကယ် ကျသွားတဲ့အခါကြရင်လည်း အိမ်ထောင်သည်ဘ၀၊ ကိုယ့်ကလေးကို ပြုစုပျိုးထောင်ရတာ ပျော်စရာ
ဖြစ်တယ် ဆိုတာလည်းပြထားပါတယ်။ အချိန်တန်လို့သီးပွင့်တာဟာကောင်းတယ့်အလုပ်ဖြစ်ကြောင်း လည်း ပြထားပါတယ်။

စိတ်ဝင်စားစရာကောင်းပေမယ့် ထင်ထားသလောက်တော့မကောင်းပါဘူး။ ကလေးတွေမကြည့်သင့်သလို၊ မိသားစု တူတူမကြည့်သင့်ပါဘူး။ အပြင်းပြေ အခွေငှားကြည့်သင့်ပြီး၊ ရုံမှာသွားကြည့်ရလောက်အောင်မကောင်းပါဘူး။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2