22 Jump Street

22 Jump Street - (June 13, 2014)

#ရုပ်ရှင်မိတ်ဆက်

22 Jump Street ကတော့ အားလုံးသိပြီးသား 21 Jump Street ရဲ့အဆက်ဖြစ်ပြီး၊ အရင်ကားထဲက လူတွေ တော်တော်များများပြန်ပါလာပါတယ်။ အက်ရှင်ဟာသကား တစ်ကားဖြစ်ပြီး ကြည့်လို့လည်းကောင်း ပါတယ်။ ဒီကားက Rated R ဟာသကားတွေရဲ့ထုံးစံအတိုင်း ညစ်ညမ်း၊ ဆဲဆို တဲ့စကားလုံးတွေ၊ ပြက်လုံး တွေ၊ ပါပါတယ်။

ဇာတ်လမ်းကတော့ ပထမကားက အတိုင်းပဲဖြစ်လို့ ဘာမှမထူးခြားပါဘူး။ ဒီတစ်ခါမှာတော့ Jonah Hill နဲ့ Channing Tatum တို့က ကောလိပ်ကို ကျောင်းသားအနေနဲ့ သွားပြီး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို စုံစမ်းဖော်ထုတ်ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံး အဓိပ္ပာယ်ရှိရှိ ရယ်ရတာမျိုး မဟုတ်ပဲနဲ့ ဇာတ်ကွက် တစ်ခုစီမှာ ပါတဲ့ ဟာသတစ်ချို့ကြောင့် ရယ်စရာ ကောင်းတာ မျိုးဖြစ်ပါတယ်။ Hangover လို ဇာတ်လမ်း မကောင်းပေမယ့်၊ ဟာသကားကောင်း တစ်ကားလို့တော့ပြောလို့ရပါတယ်။

အထူးသဖြင့် 4th Wall Breaks လို့ခေါ်တဲ့ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေက ကြည့်နေတဲ့ပရိတ်သတ်ကို အမှတ်မထင် စကားပြောတာမျိုးကိုခေါ်တာပါ။ ဒါမျိုးက ဟာသကားတွေမှာ အများဆုံးပါလေ့ရှိပြီး ဒီကားမှာ တော့ ပညာသားပါပါနဲ့ ဟာသမြောက်အောင် ထည့်ပေးထားတာကိုလည်း ပရိတ်သတ်ကြီး တွေ့ရမှာပါ။

မိသားစုတူတူ ကြည့်ဖို့မသင့်ပါဘူး။ ဆဲဆိုခန်းတွေနဲ့ လိင်နဲ့ပတ်သက်တဲ့ဟာသတွေ တော်တော်များများပါလို့၊ လူငယ်တွေမကြည့်သင့်ပါဘူး။ အတန်အသင့်ရယ်ရပြီးတော့ ပရိတ်သတ်ကြိုက်မယ့်လို့ ထင်ပါတယ်။ ရုံမှာ သွားကြည့်သင့်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2