Jurassic World Trailer Review

Jurassic World Trailer Review

#ရုပ်ရှင်မိတ်ဆက်

ဒီကားက ၂၀၀၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Jurassic Park 3 အပြီး ဆယ့်လေးနှစ် အကြာ အနေနဲ့ ရိုက်ကူးထားဖြစ်ပါတယ်။ ဒီကားက Original Jurassic Park အပြီး ၂၂ နှစ်အကြာမှာ Isla Nublar ကျွန်းမှာ မှာပဲ ဒိုင်နိုဆောတွေကို ပြန်ထိန်းသိမ်းပြီး Jurassic World ဆိုပြီး Theme Park ဖွင့်ထားတာဖြစ်ပါတယ်။

Trailer အစမှာ ကောင်လေးနှစ်ယောက်ကို သူတို့အမေက Jurassic World သွားဖို့ လက်မှတ်နှစ်စောင် ပေးလိုက်ပြီးတော့ နောက်ပြောင်တဲ့အနေနဲ့ သူ့တို့နောက်ကို ဘာပဲလိုက်လိုက် ပြေးသာပြေးဆိုပြီး ပြောလိုက်ပါတယ်။ (Something chases you, run!). အဲဒီနောက်မှာတော့ ကောင်လေးတွေက ကျွန်းကို သင်္ဘောစီးပြီး သွားတဲ့ အခန်းကိုပြပြီးနောက် The Park is Open ဆိုပြီး စာတမ်းထိုထားသလို၊ ၁၉၉၃ တုန်းက ပန်းခြံထဲ ပတ်တဲ့ ကားတွေနေရာမှာ အဆင့် မြင့် ရထားတွဲနဲ့ အစားထိုးထားပေမယ့် ကစားကွင်းထဲ့ ၀င်တဲ့ ဂိတ်ကတော့ ၁၉၉၃ တုန်းက ဂိတ်တံခါး ပုံစံအတိုင်းပဲလုပ်ထားပြီး အပေါ်မှာ Jurassic Park အစား Jurassic World ဆိုပြီး စာလုံးအပြာတွေနဲ့ ရေးထိုးထားတာ တွေရမှာပါ။

အထဲမှာလည်း လူတွေ နဲ့ ပြည့်နေသလို ကွင်းပြင်ထဲမှာ ကားနဲ့သွားနေရင်းနဲ့ ဘေးနားက ဒိုင်နိုဆောတွေ ပြေးနေတာတွေ၊ မြစ်ထဲမှာလှေနဲ့သွားရင်းနဲ့ ဒိုင်နိုဆောတွေကို ကြည့်တာတွေ ပါတွေ့ရသလို၊ တနေရာမှာလည်း San Diego Sea World မှာရှိတဲ့ လင်းပိုင် ပြပွဲ လိုမျိုး ပြပွဲတစ်ခုပြနေပြီး ငါးမန်းအသေတစ်ကောင်ကို ကြိုးတန်းမှာ ချိတ်ပြီး ရေလယ်မှာထားထားရာက ရေထဲက ဒိုင်နိုဆောအကြီး စားကြီးက ထွက်လာပြီး စားပြတာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ Theme Park တည်ထောင်ထားသူတွေက ဒိုင်နိုင်ဆောတွေကို ရိုးရိုးသာမန်မဟုတ်ပဲ Cross Species လို့ခေါ်တဲ့ မျိုးမတူတဲ့ သတ္တ၀ါနှစ်မျိုး ကို ပေါင်းစပ်တဲ့ စမ်းသပ်မှုလုပ်နေတယ်လို့ သိရပြီး သူတို့ စမ်းသပ်နေတဲ့ ဒိုင်နိုဆောက လွတ်သွားခဲ့တယ်လို့ လည်း သိရပါတယ်။ အဲ့ဒီအခါမှာ Chris Pratt (Guardian of the Galaxy မင်းသား) က ဒီဒိုင်နိုဆောက အရမ်းထက်မြက်ပြီး အန္တရာယ်များကြောင်း၊ Island တစ်ခုလုံးက လူတွေကို ထွက်သွားခိုင်းဖို့ ပြောတာကိုတွေ့ရပါတယ်။

လွတ်သွားတဲ့ ဒိုင်နိုဆောကို ဒီထွေလာမှာ မတွေ့ ရပါဘူး။ နောက်ဆုံးအခန်းမှာတော့ Chris Pratt ရဲ့ ဇာတ်ကောင်က ဆိုင်ကယ်စီးနေပြီး သူ့နောက်က ဒိုင်နိုဆောအသေးလေးတွေ ကို လွှတ်လိုက်သလို ဆိုင်ကယ် ဘေးနားကနေ Chris Pratt နဲ့ အတူတူ သွားနေတာတွေ့ရပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ဒီကားမှာ ဒိုင်နိုဆော အချို့က လေ့ကျင့်သင်ကြားထားပြီး လူနဲ့ ယဉ်ပါးနေတဲ့ ပုံစံရိုက်ကူးထားတယ်လို့ ထင်ပါတယ်။

ဇာတ်ကားကောင်းမယ်လို့ ထင်ပါတယ်။


#Sololay

Trailer Link - https://www.youtube.com/watch?v=uZU41DQsocs&index=4&list=UUQMbqH7xJu5aTAPQ9y_U7WQ

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2