Transformers: Age of Extinction

Transformers: Age of Extinction (June 27th, 2014)

#ရုပ်ရှင်မိတ်ဆက်

ပရိတ်သတ်ကြီးနဲ့ ရင်းနှီးနေပြီးသား Transformers ရဲ့ လေးကားမြောက်ဖြစ်တဲ့ Transformers: Age of Extinction နဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီကားကတော့ ပရိတ်သတ် တွေမျှော်လင့်ထားသလို ပိုကောင်းမလာပဲ နောက်ဆုံး ၂ ကားဖြစ်တဲ့ Revenge of the Fallen နဲ့ Dark side of the moon လိုပဲ သာမန်ကား တစ်ကားအဆင့်ပဲရှိပါတယ်။ ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။ Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေ ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့ အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်နေပြီးတော့၊ အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေပါတယ်။

ဇာတ်လမ်းက ၃နာရီနည်းပါး ကြာလို့ ရုံမှာ Trailer တွေတောင် မပြနိုင်တော့ပဲ ဇာတ်လမ်းကို တောင် တမ်းပြရပါတယ်။ တကယ်တမ်း ၃နာရီကြာတဲ့ ဇာတ်လမ်းက မလိုအပ်တဲ့ အခန်းတွေ နဲ့ မလိုအပ်တဲ့ သရုပ်ဆောင်တွေ အများကြီး ပါနေပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်ကလည်း ဖြစ်သလို ရေးထားပြီး၊ဇာတ်ကွက်တွေကလည်း အဆက်အစပ် မကောင်းပါဘူး။ သရုပ်ဆောင်တွေကလည်း အပိုဖြစ်နေသလို၊ ဇာတ်လမ်ကလည်း ကလေးကာတွန်းကြည့်နေရသလိုပါပဲ။ ဇာတ်ကားကောင်းတစ်ကား တော့မဟုတ်ပေမယ့် သာမန် Sci-fi/Action ကားတွေကြိုက်တဲ့သူတွေအတွက်တော့ အပျင်းပြေကြည့်ဖို့ကောင်းမှာပါ။

ဇာတ်လမ်းကောင်းကောင်းနဲ့ အရသာခံကြည့်ချင်သူတွေအတွက်ကတော့ ကောင်းမှာမဟုတ်ပါဘူး။ အဲ့ဒီတော့ အခွေထွက်တာကိုပဲ စောင့်ပြီး ကြည့်တာပိုတန်ပါတယ်။ ရုံမှာသွားကြည့်ရလောက်အောင် တော့ မကောင်းပါဘူး။

တကယ်လို့သာ အရင်Transformers ဇာတ်ကားတွေကို ကြိုက်ခဲ့တယ်ဆိုရင်တော့ ဒီကားကိုလည်း ကြိုက်ကြမှာပါ။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review