Awakenings

Awakenings

#ရုပ်ရှင်မိတ်ဆက်

ဒီဇာတ်ကားက မင်းသားကြီး Robin Williams ရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကား ဖြစ်ပြီး၊ စိတ်ဝင်စား ဖို့ကောင်းပြီး၊ ရင့်နင့်စရာ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ၁၉၉၀ ထဲက ထွက်ခဲ့ တဲ့ဇာတ်ကားဖြစ်ပြီး ကြည့်ဖူးသူတွေလည်းရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရပြန်ကြည့်ချင်တဲ့သူတွေ မကြည့်ရသေးသူတွေ အတွက် တင်ပေးလိုက်ပါတယ်။

ဒီဇာတ်ကားမှာ Robin က Dr. Malcolm Sayer အဖြစ်သရုပ်ဆောင်ထားပြီး၊ တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Robin Williams က အကြောသေ ရောဂါ ဖြစ်နေတဲ့ လူတွေကို ကုသပေးဖို့ ရောက်လာတာဖြစ်ပြီး၊ လူနာတွေ ကို ကုသပေးနေရာက Leonard Lowe (Robert De Niro) လို့ခေါ်တဲ့လူနာတစ်ယောက်က Ouija Board ကိုသုံးပြီး သူနဲ့ Communicate လုပ်နိုင်လာပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Parkinson's Disease လို့ခေါ်တဲ့ ခြေလက် တုန်ယင် တဲ့ရောဂါနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတစ်ခုအပြီးမှာ သူ့လူနာတွေကို Parkinson ရောဂါကို ကုတဲ့ ဆေးနဲ့ စမ်းပြီး ကုသကြည့်ဖို့စိတ်ကူး ရလာပါတယ်။

တကယ်တမ်းမှာလည်း Leonard ကို စတင်စမ်းသပ်ကုသကြည့်ရာမှာ အောင်မြင်ခဲ့ပြီး ပြန်လည်လှုပ်ရှား သွားလာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျန်လူနာတွေကိုလည်း ဆက်လက်ကုသပေးခဲ့ပါတယ်။ ဇာတ်လမ်းမှာတော့ Leonard က အခုလို လှုပ်ရှားလာနိုင်တာ ကြောင့် သူ့ အရင်က မလုပ်နိုင်ခဲ့တာတွေ အကုန် လုပ်ကြည့်နေသလို၊ ဆေးရုံက အခြားလူနာတစ်ယောက်ရဲ့ သမီးဖြစ်သူ Paula နဲ့လည်း မေတ္တာသက်ဝင်နေပါတယ်။ ဒီအချိန်မှာပဲ စိတ်မကောင်းစရာ ဖြစ်လာခဲ့ပါတယ်။ Leonard ရဲ့ မျက်နှာမှာ အကြောလိုက်လာသလို၊ လက်တွေခြေတွေလည်း တုန်လာခဲ့ပါတယ်။

ဆေးကုသတာ အောင်မြင်ခဲ့ပေမယ့် ရေရှည်တော့မခံခဲ့ပါဘူး။ ဒီလိုနဲ့ Leonard နဲ့ ကျန် ဝေဒနာသည်တွေ အားလုံး စိတ်မကောင်းစွာနဲ့ပဲ အရင်လို ဘ၀ကို ပြန်ရောက်ခဲ့ပုံကို ပညာသားပါပါ၊ လှလှပပ သရုပ်ဖော်ထား နိုင်ပါတယ်။

အရမ်းကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး၊ ဘ၀မှာ ဘယ်အရာကိုမှ အမြဲတမ်းရနေမယ်၊ လို့ မမှတ်ယူထားသင့်ကြောင်း အနိစ္စသဘောကို နားလည်ထားဖို့၊ လက်ရှိအချိန်သာ အရေးအကြီးဆုံး ဖြစ်ကြောင်း သိအောင် ပညာပေးထားပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပြီး၊ မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်။ Robert De Niro ရော Robin Williams ရော သရုပ်ဆောင် အလွန်ပီပြင် ပြီး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2