Chef

Chef - May 30th, 2014

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ Comedy/Drama ဇာတ်ကားလေးပါ။ Iron-Man ရဲ့ တပည့်ကြီး Happy အဖြစ် သရုပ်ဆောင်တဲ့ Jon Favreau က ကိုယ်တိုင် ရိုက်ကူး၊ သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။

ဒီကားမှာ Jon Favreau က စားသောက်ဆိုင် တစ်ခုက စားဖိုမှုးတစ်ယောက် ဖြစ်ပြီး၊ ချက်ပြုတ်ရတာကို နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ သူက ဟင်းချက်ရာမှာ လူတွေကြိုက်တတ်တဲ့ သမရိုးကျ အစားအစာ တွေကိုပဲ အမြဲတမ်း ချက်မနေချင်သလို၊ သူ့စိတ်ကူး ထဲက ရှိတဲ့အတိုင်း ချက်ပြုတ်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် သူ့ဆိုင်ပိုင်ရှင်ကတော့ သူနဲ့ဆန့်ကျင်ဘက်ပဲဖြစ်ပါတယ်။ သူက ဟင်းချက်တဲ့စားဖိုမှူး ဆိုတာ အနုပညာရှင်တစ်ယောက်လိုပါပဲလို့ပဲဖြစ်ပြီးတော့၊ အစားအသောက်ပြင်ဆင် ချက်ပြုတ်ရာမှာ စားဖိုမှူးတစ်ယောက်က လွတ်လွတ်လပ်လပ်ချက်သင့်တယ်လို့ ခံယူထားသူပါ။ တစ်ရက်မှ အခန့်မသင့်ပဲ အလုပ်ပြုတ်သွားခဲ့ပြီး၊ သူ့သားရဲ့အမေ (သူ့အရင်မိန်းမရဲ့ အကူအညီနဲ့) Florida မှာ အလကားရတဲ့ Food Truck သွားယူပြီး သူ့ အပေါ်သစ္စာရှိတဲ့ သူ့လက်အောက်က စားဖိုမှုးတစ်ဦးရယ်။ သားဖြစ်သူရယ်နဲ့အတူ (သူ့သားက Twitter မှာ ကြော်ငြာ ပေးတာဖြစ်သလို၊ သူ့အဖေကိုလည်း Twitter အကောင့် လုပ်ပေးပြီး နာမည်ကြီးအောင် လုပ်ပေးထားသူဖြစ်ပါတယ်။) Florida ကနေ LA အထိ လာတဲ့လမ်းမှာ ရောက်လေရာမြို့မှာ လက်မလည်အောင် ရောင်းခဲ့ရပြီး သားအဖနှစ်ယောက်လည်း ပိုပြီး ရင်းနှီးသွားခဲ့သလို မိသားစုပြန်ပေါင်းစုံ ဖို့ဖြစ်လာခဲ့ပါတယ်။

ဇာတ်လမ်းက ဘာမှမထူးခြားပါဘူး၊ နေ့စဉ် အဖြစ်အပျက်ကို ဒီအတိုင်းပဲ ရိုက်ကူးထားလို့ ဇာတ်ရှိန် အတက်အကျ သိပ်မရှိပဲ Documentary, Biography ကြည့်ရသလိုပါပဲ။ အပျင်းပြေကြည့်ဖို့ပဲ သင့်တော်ပါတယ်။

#Sololay

Comments

Popular posts from this blog

Creed

The Family (2013)