Guardians of the Galaxy

Guardians of the Galaxy

#ရုပ်ရှင်မိတ်ဆက်

ပရိတ်သတ်ကြီး မျှော်လင့်နေကြတဲ့ GOG ဇာတ်ကားကို မိတ်ဆက်ပေးပါရစေ။ ဒီGuardians of the Galaxy ဇာတ်ကားက ၂၀၀၈ခုနှစ်မှာအသစ် ပြန်ရေးထားတဲ့ ဇာတ်လမ်းကို အခြေခံထားတာဖြစ်ပါတယ်။ သူတို့အဖွဲ့မှာ Peter Quill / Star-Lord, Rocket Raccoon, Quasar, Adam Warlock, Gamora, Drax the Destroyer, နဲ့ Groot တို့အဓိကပါဝင်ပါတယ်။

Marvel Universe တစ်ခုတည်းမှာဖြစ်တာကြောင့် Avengers: The Earth Mightiest Heros နဲ့ Ultimate Spider-man ကာတွန်းဇာတ်လမ်းတွဲမှာ Cameo ပါဝင်ဖူးတာကလွဲရင် ဒါက ပထမဆုံးအကြိမ် ပိတ်သားထက်မှာကြည့်ရမှာဖြစ်ပါတယ်။ ပရိတ်သတ်တွေသိပ်မသိကြသလို၊ မနှစ်က ကျွန်တော့် စာရင်းကောက်ထားတဲ့ထဲမှာတောင် ဘယ်သူမှ Vote မလုပ်ထားတဲ့ တစ်ခုတည်းသောကား ဖြစ်ပါတယ်။

Peter Quill/Star-Lord က ခေါင်းဆောင်ဖြစ်ပြီး သူက လူနဲ့ Alien တော်ဝင်မျိုးရိုးနဲ့ ပေါင်းပြီး မွေးလာတာဖြစ်ပါတယ်။ Rocket Raccoon က လူကြိုက်အများဆုံး Character ဖြစ်ပါတယ်။ Groot ကတော့ သူတို့အဖွဲ့ရဲ့ အားထားရတဲ့ လက်ရုံး ဖြစ်ပါတယ်။ Drax the Destroyer က လည်း အားထားရသူတစ်ယောက်ဖြစ်ပြီး၊ Gamora ကတော့ Thanos ရဲ့မွေးစားသမီး ဖြစ်ပြီး Assassin တစ်ယောက်ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Marvel ကို သေချာ ဖတ်ဖူးတဲ့ သူတွေမှာ ပိုသိမှာဖြစ်ပေမယ့် ဒီတိုင်းကြည့်ရင်လည်း စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ Thanos ဆိုတာ Marvel ကာတွန်းထဲမှာ နာမည်ကြီး ဗီလိန်တစ်ဦးဖြစ်ပြီး၊ သူက ဒီကားမှာ တစ်ခန်းပဲ ပါဝင်တာဆိုပေမယ့် ဇာတ်လမ်းက ဆက်စပ်နေ လို့ အနည်းငယ်တင်ပြချင်ပါတယ်။ Thanos က Avengers နဲ့ GOG ရဲ့ အဓိက ဗီလိန်တစ်ဦးဖြစ်သလို၊ သူက Galaxy တစ်ခုလုံးကို စိုးမိုးဖို့ အတွက်နဲ့ အရာရာ ဖျက်ဆီးဖို့အတွက် စိတ်ဝင်စားသူပဲဖြစ်ပါတယ်။ သူ့အကြောင်းကို History of Thanos အနေနဲ့ တင်ပေးပါဦးမယ်။ ဒါ့အပြင် ဒီကားထဲမှာ Kree နဲ့ Nova corp တို့လည်းပါဝင်ပြီး၊ Kree ဆိုတာက နောင်တစ်ချိန်မှာ Avengers မှာပါလာမယ့် Captain Marvel (DC က Shazam မဟုတ်ပါဘူး) ရဲ့ လူမျိုးဖြစ်ပြီးတော့၊ Nova Corp ဆိုတာက DC ရဲ့ Green Lantern Corp လိုပါပဲ။ သူတို့က စင်္ကြာဝဠာ တစ်ခုလုံးကို စောင့်ရှောက် ကာကွယ်တဲ့ အဖွဲ့ပါ။ Interpol တို့ UN တို့ လိုပုံစံမျိုးပါ။

ဒီဇာတ်ကားမှာတော့ Kree Empire နဲ့ Nova Corp ရဲ့ ကမ္ဘာဖြစ်တဲ့ Xandar တို့ကြားမှာ စစ်မတိုက်ရေးအတွက် သဘောတူထားပေမယ့် Kree ဘက်က Ronan ဆိုတဲ့ Kree warrior တစ်ယောက်က Xandar ကို ဖျက်ဆီးဖို့ ကြံစည်ပါတယ်။ ဒါကြောင့် သူက Thanos ထံမှာ Xandar ကို ဖျက်ဆီးပေးဖို့ အကူအညီတောင်းခံပြီး၊ သူဘက်က Thanos လိုချင်တဲ့ ပစ္စည်းကို ရအောင်ယူပေးရမှာဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီပစ္စည်းကို Peter က အရင်ရှာတွေ့သွားပြီး၊ ရောင်းစားဖို့ လုပ်ရာကနေ၊ GOG အဖွဲ့သားတွေဖြစ်လာမယ့် Rocket, Groot, Drax, Gamora တို့နဲ့ အတူ ပူးပေါင်းမိသွားပြီး၊ Ronan ကိုတားဆီးကြမှာဖြစ်ပါတယ်။

ဒီကားထဲမှာ Ronan နဲ့ Thanos တို့ လိုချင်နေတဲ့ ပစ္စည်းကတော့ Infinity Stone လို့ခေါ်တဲ့ ပစ္စည်းပဲဖြစ်ပါတယ်။ Thanos အကြောင်း သိတဲ့ပရိတ်သတ်တွေက သိကြပေမယ့် မသိတဲ့လူတွေအတွက်ကတော့ Infinity Gauntlet လို့ခေါ်တဲ့ Thanos ရဲ့ လက်အိတ်မှာ Infinity Gems ခြောက်လုံးပါပါတယ်။ ဒီပစ္စည်းတွေက သူနဲ့ ထိလိုက်တဲ့ အရာဝတ္ထုတွေကို အလွယ်တကူဖျက်ဆီး နိုင်စွမ်း ရှိလို့၊ မကောင်းတဲ့သူလက်ထဲ ရောက်သွားရင် အန္တရာယ်ရှိတဲ့ လက်နှက် တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ ဒီအကြောင်းကတော့ နောက်မှ သေချာပြောပြပါ့မယ်။

လောလောဆယ်ကတော့ ဇာတ်ကားကြည့်ဖို့က ဒီလောက်ဆို လုံလောက်ပါတယ်။ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီနှစ်ရဲ့အကောင်းဆုံး ဇာတ်ကားမဟုတ်ရင်တောင် အကောင်းဆုံး Space Adventure ဇာတ်ကားပါ။ Marvel က တစ်ချိန်မှာ Avengers နဲ့ GOG ပေါင်းပြီး Thanos နဲ့ရင်ဆိုင် ခိုင်းဖို့ အတွက် ရည်ရွယ်ထားပုံရပါတယ်။ ဇာတ်ကားကောင်းတွေ တစ်ကားပြီးတစ်ကား ထုတ်လုပ်နေတဲ့ Marvel က ၂၀၂၅ အထိ ဇာတ်ကား တွေ မပြတ် ရိုက်ကူးဖို့ ရှိတယ်လို့လည်း ကြေငြာထားပါတယ်။

ဒီကားက ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ရုံတင်တာနဲ့သွားကြည့်ကြပါ။ အက်ရှင်၊ ဟာသ ကောင်းကောင်းပါသလို၊ Comic Book Fans တွေအကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ညွှန်းကောင်းသလို၊ ကာတွန်း ထဲက ပါသင့် တာတွေ လည်းတော်တော်များများပါပါတယ်။ သရုပ်ဆောင်တွေကလည်း သူ့နေရာနဲ့သူ ရွေးချယ်တာ မှန်သလို၊ Avengers နဲ့မတူတဲ့ Superheros အဖွဲ့ကိုတွေ့ရမှာဖြစ်ပါတယ်။ မိသားစု တူတူ ပိတ်ရက်မှာ အပန်းဖြေကြည့်သင့်သလို၊ ကလေး လူကြီး အကုန်ကြည့်နိုင်ပါတယ်။ No Sex, No Nudity ပါ။

#Sololay


Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2