A Walk Among the Tombstones

A Walk Among the Tombstones

#ရုပ်ရှင်မိတ်ဆက်

ဒီနေ့ ကစပြီး ရုပ်ရှင်မိတ်ဆက်လေးတွေ ပြန်တင်ပေးပါ့မယ်။ ဒီကားကတော့ Liam Neeson ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Psychological Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီကားကတော့ ၁၈ နှစ်အောက်ကလေးတွေ မကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပြီး၊ ကလေးတွေ မကြည့်သင့်ပါဘူး။ မိသားစုတူတူလည်းကြည့်ဖို့အဆင်မပြေပါဘူး။ Nudity တစ်ချို့ နဲ့ စိတ်ခြောက်ခြားစရာ တစ်ချို့ ပါဝင်တာကြောင့် ကလေးတွေကို မပြတာပိုကောင်းပါတယ်။

ဇာတ်လမ်းကတော့ မင်းသားကြီး Liam Neeson (Matt Scudder) က အရင်တုန်းက ရဲအရာရှိတစ်ယောက်ဖြစ်ပေမယ့် လက်ရှိမှာတော့ သူက Private Investigator တစ်ယောက် ဖြစ်နေပြီး၊ တရားဝင်လိုင်စင်လည်း မရှိပါဘူး။ သူက ရဲအဖြစ်တာဝန်ထမ်းဆောင်တုန်းက အရက်စွဲနေသူဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ ရဲ့ တာဝန်ပြီးလို့ အရက်ဝင်သောက်နေတုန်းမှာ၊ အရက်ဆိုင်ကို လူဆိုးသုံးယောက် ဓါးပြ၀င်တိုက်ရင်း  အပြန်အလှန်ပစ်ခတ်ကြရာမှာ Matt က နှစ်ယောက်ကို အသေသတ်ပြီး တစ်ယောက်ကို တော့ ခြေထောက်ကိုပစ်ပြီး ဖမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုပစ်ခတ်ကြရင်းနဲ့ Matt ရဲ့ ကျည်ဆံက လမ်းပေါ်က ၇ နှစ်သမီးလေး ထိမှန်ပြီး ကလေးမလေး သေသွားခဲ့ပါတယ်။ သူ့ ကို ရဲတပ်ဖွဲက အပစ်မပေးပေမယ့် သူက အလုပ်ကနုတ်ထွက်၊ အရက်ဖြတ်ပြီး PI အဖြစ် လုပ်စားနေပါတယ်။

တစ်ရက်မှာတော့ သူ့ကို Drug Dealer တစ်ယောက်ရဲ့ မိန်းမ ပြန်ပေးဆွဲခံရတဲ့ အမှု ကို စုံစမ်းပေးဖို့ အလုပ် အပ်ပါတယ်။ သူ့ မိန်းမက အသတ်ခံရပြီးဖြစ်တာကြောင့် ဒီကောင်တွေကို ရှာပြီး ကလက်စားချေချင်လို့ ဖြစ်ပါတယ်။ စစချင်းမှာ Matt က သဘောမတူပေမယ့်၊ အသတ်ခံရပုံက ယုတ်မာရက်စက်လှတာကြောင့် ကူညီပေးဖို့ သဘောတူလိုက်ပါတယ်။ ပြန်ပေးဆွဲတဲ့ သူတွေက အရှေ့ပိုင်းမှာလည်း ဒီလိုပဲ Drug Dealer, Drug Lord, Drug နဲ့ ပတ်သက်တဲ့ သူတွေရဲ့ မိန်းမ နှစ်ယောက်ကို ပြန်ပေးဆွဲဖူးပါတယ်။ အခေါက်တိုင်းမှာလည်း ပိုက်ဆံ လည်းတောင်းသလို၊ ပိုက်ဆံရပြီးရင်လည်း ရက်ရက်စက်စက် သတ်ပြီး၊ လူမဆန်စွာ လုပ်လေ့ရှိပါတယ်။ သူတို့ အတွက်က လူသတ်ရတာ ၀ါသနာတစ်ခုလိုဖြစ်နေပြီး၊ မသတ်ခင်မှာလည်း လူမဆန်စွာ နှိပ်စက်လေ့ရှိပါတယ်။ သူ့ တို့ ရဲ့ ပြန်ပေးဆွဲခံရသူတွေ ကို အရင် နှိပ်စက်သတ်ဖြတ်ပြီးမှ ပိုက်ဆံတောင်းတာဖြစ်ပါတယ်။

သူ့တို့ က DEA (Drug Enforcement Agency) ဘိန်းဖြူဖမ်းတဲ့ ရဲတွေစီက Drug Dealer တွေရဲ့ အချက်အလက်တွေကို ခိုးယူပြီး ပြန်ပေးဆွဲဖို့ အကွက်ချလုပ်ကြတာဖြစ်ပါတယ်။

ဒီလို သူယုတ်မာတွေကို Matt တစ်ယောက် စုံစမ်းဖော်ထုတ်နိုင်မလား၊ ဒီလို စုံစမ်းနေတုန်းမှာပဲ နောက်ထပ် ဘယ်သူတွေ ကံဆိုးစွာနဲ့ သူတို့ ရဲ့ သားကောင်ဖြစ်ဦးမှာလည်းဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ကူးထားပါတယ်။ Taken 1, 2 နဲ့ မြန်မာပြည်မှာ လူသိများလာတဲ့ မင်းသားကြီး Liam Neeson ကို Taken ကားထဲမှာနဲ့ မတူပဲ တစ်မူထူးခြားစွာတွေ့ရမှာပါ။

ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး အရွယ်ရောက်ပြီးသူတိုင်း ကြည့်နိုင်ပါတယ်။ မနှစ်က ကျွန်တော့်အကြိုက် ဆုံးကားဖြစ်တဲ့ Prisoner လိုပဲ စိတ်ဝင်စားစရာ Crime/Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမှောင်လောက ဒုစရိုက် သမားတွေအကြောင်း ရိုက်ကူးထားတဲ့ ခြောက်ခြားဖွယ် ဖြစ်ပြီး၊ တကယ့် Psychological Thriller ဇာတ်ကားကောင်းတစ်ကားပါ။ Superheroes ဇာတ်ကားတွေ Sci-Fi တွေများနေတဲ့ ကြားက ဒီလို ဇာတ်ကားကောင်းတွေ ရှားနေတာကြောင့် ကြည့်ကိုကြည့်သင့်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review