Equalizer

The Equalizer

#ရုပ်ရှင်မိတ်ဆက်

ဒီကားက Trailer မထွက်လာခင်ကတည်းက Sequel ထွက်မယ်လို့ သတင်းထွက် နေတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ပုံမှန်ဆို ဇာတ်ကားအဆက် ထွက်ဖို့ဆိုတာ ပထမကားအောင်မြင်မှ စီစဉ်လေ့ရှိတာဖြစ် ပေမယ့်ဒီကားကိုတော့ Sony က အပြည့်အ၀ယုံကြည်နေပါတယ်။ Pre-Screening Review မှာ Sony က ထုတ်ထားသမျှဇာတ်ကားတွေထဲမှာ Rating အကောင်းဆုံး ရထားတယ်လို့လည်းသိရပါတယ်။

ဇာတ်လမ်းကတော့ The Equalizer လို့ခေါ်တဲ့ TV Show ကို ရုပ်ရှင်အဖြစ် တင်ဆက်ထား တာဖြစ်ပြီး၊ Robert McCall က Retire intelligence Officer တစ်ဦးဖြစ်ပြီး၊ အထူးလေ့ကျင့်ပေးထားတဲ့ CIA အေးဂျင့်တစ်ဦးဖြစ်ပါတယ်။
လက်ရှိအချိန်မှာ Home Front ဆိုတဲ့ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင် တစ်ခုမှာ အလုပ်ဝင်လုပ်နေ ရင်း မတရားမှုတွေ့ရင် လိုက်ပြီး ကူညီပေးပုံတွေ ကို ရိုက်ကူးတင်ဆက်တာဖြစ်ပါတယ်။

ဒီကားမှာတော့ Denzel က ပြည့်တန်ဆာ ကောင်မလေးတစ်ယောက်ကို ကူညီပေးရင်း Russian Mafia နဲ့ ထိပ်တိုက်တွေ့ပုံကို ဇာတ်လမ်းဆင်ထားပါတယ်။ ကောင်မလေးက တစ်နေ့မှာ အနှိပ်စက်ခံရတာကြောင့် ဆေးရုံရောက်သွား တဲ့အခါမှာ Denzel က ပြည့်တန်ဆာခေါင်း ဆီသွားပြီးတော့ ကောင်မလေးကို ဆက်မလုပ်ခိုင်းဖို့ နဲ့ ဒေါ်လာ ကိုးထာင့်ရှစ်ရာပေးပေမယ့်၊ လက်မခံခဲ့တာကြောင့်၊ မင်းသားက အကုန်လုံးကို သတ်ပစ်ခဲ့ပါတယ်။ (Trailer မှာပါတဲ့ ဇာတ်ဝင်ခန်းပါ။) ဒါပေမယ့် ဒီလူတွေက သာမန် လူဆိုးတွေမဟုတ်ပဲ၊ Russian Mafia အဖွဲကဖြစ်တာကြောင့် သိပ်မကြာခင်မှာပဲ ရုရှားက နေ လူတစ်ယောက်ရောက်လာပြီး သူတို့ လူတွေကို သတ်သွားတဲ့ လူကိုလိုက်ရှာပါတော့တယ်။


ဒီကနေ Denzel တစ်ယောက် Russian Mafia နဲ့ ထိပ်တိုက်တွေ့ပုံကို စိတ်ဝင်စားဖွယ်တင်ဆက်ထားပါတယ်။ ဇာတ်လမ်း အသွားအလာ၊ တင်ဆက်ပုံကောင်းပြီး၊ ရိုက်ထားတာလည်း တကယ်ကောင်းပါတယ်။ ဇာတ်လမ်းတင်ဆက်ပုံကလည်း ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပဲ မင်းသားတော်ကြောင်း တတ်ကြောင်းကို၊ တစ်ခြား တစ်ယောက်က ပြောတာမျိုး မဟုတ်ပဲ ဇာတ်လမ်း ဇာတ်ကွက် အနေနဲ့ ပဲ ပရိတ်သတ်ကို တင်ဆက်ပြသသွားပါတယ်။ ထို့ အတူပဲ တစ်ဖက် ရန်သူက လည်း ဘယ်လိုဆိုးသွမ်းတယ်ဆိုတာကိုလည်း ဒီနည်းနဲ့ပဲပြသွားပါတယ်။ ဒီလို တင်ဆက်ပုံတွေက တကယ်ပညာသားပါပြီး၊ ဇာတ်ညွှန်းကောင်းမှပဲ ဒီလို တင်ဆက်ပုံမျိုးကို တွေ့ရတာပါ။

ဒီကားမှာ Bourne ကားတွေပြီးကတည်းက မတွေ့ ရတော့တဲ့ အက်ရှင် ဇာတ်ဝင်ခန်း ကောင်းကောင်း ၂ခန်းလောက်ပါပြီး၊ Taken ဇာတ်ကားလိုပဲ လူဆိုးတွေကို သွေးအေးအေးနဲ့ ရင်ဆိုင်သွားတာမျိုးတွေ့ရမှာပါ။ ဒီကားက ဒီနှစ်ရဲ့ အကောင်းဆုံး အက်ရှင်၊ဒရမ်မာ ကားလို့တောင်ပြောလို့ရပါတယ်။

တစ်ခုပဲ ဒီကားမှာပြောစရာရှိတာက အက်ရှင် Scene အရမ်းနည်းပြီး၊ ထွေလာမှာပါတဲ့ တစ်ခန်းအပြင် နောက်ထပ် ၂ခန်းလောက်ပဲ ထပ်ပါပါတယ်။ ဒါက အက်ရှင်ကားတစ်ကားအနေနဲ့ အတော်ကို အက်ရှင်ခန်းနည်းတာဖြစ်ပါတယ်။ ၁၉၈၀၊ ၁၉၉၀ တုန်းက ဇာတ်ကားတွေနဲ့ ယှဉ်ရင် ဒီကားက Drama ကားသာသာလောက် ပဲ ရှိတယ်လို့ တောင်ပြောလို့ရပါတယ်။ အထူးသဖြင့် Ryan Gosling ရဲ့ Drive ဇာတ်ကားပုံစံမျိုးနဲ့ တင်ဆက်သွားတာဖြစ်ပြီး၊ Story ပိုင်းကို ပိုဦးစားပေးသွားပါတယ်။ (နောက်ဆုံးအခန်းကို အက်ရှင်အပြည့်နဲ့ တင်ဆက်နိုင်ရင် ပိုကြည့်လို့ကောင်းမယ်လို့ထင်ပါတယ်။) ဘယ်လိုပဲဖြစ်ဖြစ်ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး နောက်ထပ် Sequel ထွက်ဖြစ်ရင် ဒီထက်ပိုပြီး အက်ရှင်များပါစေလို့ ပဲမျော်လင့်ရပါတယ်။

ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ No Sex, No Nudity ပါ။ မိသားစုတူတူကြည့် နိုင်ပါတယ်။ Rated ကတော့ R ပါ။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review