Big Hero 6

Big Hero 6 (2014) - Movie Review

#ရုပ်ရှင်မိတ်ဆက်

Big Hero 6 က Marvel ရဲ့ Japan Base Superhero Team ဖြစ်ပါတယ်။ ဒီကားကတော့ Disney ကာတွန်းဖြစ်ပြီး Comic Book ကို သိပ်အခြေမခံပဲ ကလေးတွေကြည့်လို့ရအောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Marvel Comic Book ကို Disney က ဘာလို့ ရိုက်ကူးလို့ရတာလည်း လို့ တွေးနေတဲ့သူတွေ အတွက်ကတော့ Marvel ကုမ္ပဏီက Disney ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တာကြောင့် ရိုက်ကူးလို့ရတာဖြစ်ပါတယ်။


ဇာတ်လမ်းအကြောင်းပြောရရင်တော့ Trailer မှာပါခဲ့သလိုပဲ Hiro က အရမ်းဥာဏ်ကောင်းတဲ့ လူငယ်လေးတစ်ဦးဖြစ်ပြီး သူ့အကို Tadashi ကလည်း စက်ရုပ်တီထွင်သူတစ်ဦးဖြစ်ပါတယ်။ Hiro က လမ်းဘေးက Robot fight တွေမှာပဲ အချိန်ဖြုန်းနေလို့ သူ့အကို ဖြစ်သူက သူနဲ့အတူ Lab မှာ လုပ်ဖို့ ခေါ်ခဲ့ရာက အခြား ဇာတ်ကောင်တွေဖြစ်တဲ့ GoGo Tomago (Jamie Chung), Wasabi (Damon Wayans, Jr.), Honey Lemon (Génesis Rodríguez), and Fred (T.J. Miller) နဲ့ Baymax (Scott Adsit) တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့်ကံဆိုးစွာနဲ့ University Lab မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး Tadashi က မီးထဲမှာသေဆုံးသွားပါတယ်။

တစ်နေ့မှာတော့ Hiro တီထွင်ထားတဲ့ Micro-Bots တွေကို ခိုသွားတဲ့သူကို အမှတ်မထင်ပဲ တွေ့လိုက်ရပြီး နောက် Baymax ကို Super robot ဖြစ်အောင် Upgrade လုပ်ပြီး ရန်သူကို ရင်ဆိုင်ကြပုံကို စိတ်ဝင်စား စွာ ကြည့်ရှုရမှာပါ။

Disney ရဲ့ Big Hero 6 မှာ စိတ်ဝင်စားစရာ နှစ်ခုသွားတွေ့ပါတယ်။ ပထမတစ်ခုက Wasabi ဆိုတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ကာတွန်းစာအုပ်ထဲမှာ မပါတဲ့ ဇာတ်ကောင်ဖြစ်ပြီး ဒီကားထဲမှာ African American ဇာတ်ကောင် အဖြစ် ပါဝင်ထားပါတယ်။

နောက်တစ်ခုက ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင် ဖြစ်တဲ့ Hiro က Asian American ဇာတ်ကောင် ဖြစ်ပြီး Disney အနေနဲ့ ပထမဆုံး အာရှသား ဇာတ်ကောင်ကို ခေါင်းဆောင်အနေနဲ့ ရိုက်ကူးတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံနေထိုင်နေတာကြောင့် လူနည်းစုဖြစ်တဲ့ လူမျိုးတွေကို ရုပ်ရှင်တွေမှာ တွေ့ရခဲပါတယ်။ ဒါ့အပြင် Disney ရဲ့ ကာတွန်းအများစုက White Character တွေဖြစ်တာကြောင့် သူတို့အနေနဲ့ လူမျိုးစုံပါအောင် ရိုက်ကူး နိုင်တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။

ဒီကားက ကလေးတွေ အကြိုက်တွေ့စေမယ့် ကာတွန်းကား မျိုးဖြစ်သလို လူကြီးတွေလည်း မပျင်းစေရပါဘူး။ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို ရုံမှာသွားကြည့်ဖို့တန်ပါတယ်။ မိသားစုတူတူကြည့်နိုင်ပါတယ်။


#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review