How to train your Dragon 2

How To Train Your Dragon 2 (June 13th, 2014)

#ရုပ်ရှင်မိတ်ဆက်

ဒီဇာတ်ကားကတော့ ပထမကားရဲ့ ခြေရာကိုမှီတယ်လို့ပဲပြောရမှာပါ။ ကာတွန်းကားဆိုပေမယ့် ကလေးရော လူကြီးပါ ကြည့်လို့အဆင်ပြေပါတယ်။ Dreamwork ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး၊ Animation, Story နဲ့ ဇာတ်လမ်းဇာတ်ကွက် ဘာမှပြောစရာမရှိပါဘူး။

ဇာတ်လမ်းကတော့ ပထမကားအပြီး ၅ နှစ်အကြာမှာ၊ Hiccup ကလည်း အရွယ်ရောက်လာပြီး၊ သူချစ်သူ Astrid နဲ့လည်း ယူကြတော့မှာပါ။ သူ့တို့ရဲ့ Viking ရွာလေးမှာလည်း နဂါးတွေ အိမ်တိုင်းမွေးထား ရုံသာမ နဂါးတွေ စီးပြီး ပြိုင်ပွဲတွေပါ လုပ်နေကြတဲ့ အထိ နဂါးတွေနဲ့ ရင်းနှီးနေကြပါပြီ။ Hiccup ကလည်း Toothless နဲ့ အတူ နေရာအနှံ့ ခြေဆန့်ပြီး၊ မရောက်ဖူးတဲ့နေရာတွေကို ပါ လိုက်ရှာ လို့နေပါတယ်။

ဒီလို လိုက်ရှာရင်းနဲ့မှ မထင်မှတ်ပဲ နဲ့ သူတို့အပြင် နဂါးတွေကို စီးနှင်းတဲ့သူတွေ ရော၊ နဂါးတွေကို လိုက်ဖမ်း တဲ့သူကိုပါ တွေ့သွားသလို၊ သူ့ရဲ့အမေနဲ့လည်း အမှတ်မထင် ပြန်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ အဖေရယ်အမေရယ် ပြန်ဆုံ ကြသလို၊ နဂါးတွေမှာ သူတို့သိထားတာထက် ထူးခြားတဲ့အချက်တွေ အများကြီး ရှိသေးတာကိုပါ သိလာပါတယ်။

ဒါ့အပြင် နဂါးတွေကို Drago ဆိုတဲ့ လူက လည်း ထိမ်းချုပ်ထားနိုင်သလို သူက နဂါးတွေကို ကျွန်အဖြစ် ခိုင်းစေနေသလို၊ နဂါးတွေကိုသုံးပြီးတော့လည်း စစ်ပွဲတွေလိုက် ဆင်နွှဲနေတာဖြစ်ပါတယ်။ ဒါကို Hiccup က ဒီလူရဲ့အမြင် ပြောင်းသွားအောင် လုပ်ဖို့ကြိုးစားပုံ၊ သူတို့ရွာကလေးကို ရန်သူလက်က ကယ်တင်ပုံလည်း ကြည့်ရှုရမှာဖြစ်တဲ့ အပြင် Hiccup နဲ့ Toothless ကြားက သံယောစဉ် ကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် အဖေနဲ့သားကြားက ချစ်ခြင်းမေတ္တာကိုလည်း ပရိတ်သတ်ကြီးခံစားရမှာဖြစ်သလို၊ မထင်မှတ် တဲ့ အလှည့်အပြောင်းတွေလည်း ပါလို့ ကိုယ်တိုင်ပဲ ကြည့်ရှုအားပေးလိုက်ကြပါလို့ ပြောချင်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ မိသားစုတူတူကြည့်ဖို့သင့်တော်ပြီး၊ လူငယ်တွေ ကြည့်ရှုသင့်တဲ့ကား ကောင်း တစ်ကားပါ။ ဇာတ်လမ်း ဇာတ်ကွက် အကုန်ကောင်းပြီး၊ ဇာတ်ရှိန် အတက်အကျ လည်းမှန်ပါတယ်။ ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ တစ်ခုပဲပြောစရာရှိတာက ပထမကားလောက် Fight Scene အရမ်းမကောင်းသလို၊ ဒီကားက Drama ကို နည်းနည်း ဦးစားပေးထားတယ်လို့မြင်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2