Transformers

Transformers: Dark of the Moon (2011)

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ Transformers ဇာတ်လမ်းတွေထဲမှာ တတိယမြောက်ကားဖြစ်ပြီး၊ Shia LaBeouf နောက်ဆုံး ပါဝင်ရတဲ့ကားလည်းဖြစ်ပါတယ်။ ဒီကားကလည်း ဒုတိယကား Revange of the Fallen လိုပဲ ပရိတ်သတ်တွေ ကို စိတ်ပျက်စေခဲ့ပါတယ်။

ဒီကားမှာ Autobots တွေက ပျောက်ဆုံးနေတဲ့ သူတို့ရဲ့ ယာဉ်ပျံ Ark နဲ့ အတူ Autobots တွေရဲ့ ခေါင်းဆောင် Sentinel Prime ရဲ့သတင်းအစအနကို ရသွားပြီးနောက် လူတွေက Ark နဲ့ Prime ကို ၁၉၆၁ ခုနှစ် ထဲက တွေ့ထားတယ်လို့လည်း သိသွားပါတယ်။ ဒါပေမယ့် သူတို့ထင်ထားသလို မဟုတ်ပဲ Prime နဲ့ Megatron တို့ နှစ်ဦးပေါင်းပြီး လူတွေကို ဒုက္ခပေးလာတဲ့အခါမှာတော့ Optimus Prime နဲ့ သူ့ရဲ့ Autobots တွေက ပြန်ပြီး ကယ်တင်ရပုံကို ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းဇာတ်ညွှန်းညံ့ပါတယ်။ Bad Boys 1 & 2 ဒါရိုက်တာ တစ်ဦးအနေနဲ့ Michael Bay တစ်ယောက် ဒီလောက်အထိ မညံ့သင့်ပါဘူး။ ဒီကားရိုက်ကူးပြီးတဲ့နောက်မှာ Michael Bay ကိုယ်တိုင် ပရိတ်သတ်ကို ပြန်တောင်းပန်ခဲ့ရပါတယ်။ အပျင်းပြေကြည့်ဖို့သင့်တော်ပြီး၊ ဇာတ်ကားကောင်း တစ်ကားတော့ မဟုတ်ပါဘူး။ မင်းသား၊ မင်းသမီး၊ ဇာတ်ညွှန်း အားလုံး သာမန်ပဲဖြစ်ပြီး မိသားစုတူတူကြည့်နိုင်ပါတယ်။ အဓိကမင်းသမီးက မပေါ့တစ်ပေါ် အ၀တ်အစား ၀တ်တာ တော့ရှိပါတယ်။ No Sex, No Nudity.

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2