Lucy - July 25, 2014

Lucy - July 25, 2014

#ရုပ်ရှင်မိတ်ဆက်

ဒီဇာတ်ကားကတော့ ကျွန်တော် Preview လုပ်ခဲ့သလို၊ ထွေလာ မှာပါသလိုပဲ၊ Lucy က သူ့မရဲ့ ဦးနောက်ကို သာမန်လူတွေထက်ပိုပြီး အသုံးပြုနိုင်သွားတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။

ဇာတ်လမ်းကတော့ သာမန်လူတွေက ဦးနောက်ကို ၁၀% နှုန်းပဲ အသုံးပြုနိုင်ပါတယ်။ Professor Norman (Morgan Freeman) က ဒါကို လေ့လာနေသူဖြစ်ပြီး သူ့ရဲ့အဆိုအရ လူတစ်ယောက်က ဦးနောက်ရဲ့ ၂၀% ကိုအသုံးပြုနိုင်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို ထိမ်းချုပ်လာနိုင်ပါမယ်။ ၄၀% အသုံးပြုလာနိုင်ရင် ကျန်တဲ့ သက်ရှိတွေကိုပါ ထိမ်းချုပ်လာနိုင်မှာဖြစ်သလို၊ ၆၀% အဆင့်ရောက်လာရင်တော့ အရာဝတ္ထုတွေကိုပါ ထိမ်းချုပ်လာနိုင်ပါမယ်။ ဒီထက်ပိုများလာရင်တော့ ဘာဆက်ဖြစ်မလည်း မသိဘူးလို့ဆိုထားပါတယ်။

Lucy က မူးယစ်ဆေးရောင်းတဲ့ ကိုရီးယားဂိုဏ်းရဲ့ ပြန်ပေးဆွဲခံရပြီး CPH4 လို့ခေါ်တဲ့ မူးယစ်ဆေးကို ဗိုက်ထဲမှာထည့်ထားပြီး သယ်ပို့ဖို့အတင်းခိုင်းစေခံရရာကနေ ကြားထဲမှာ ချွတ်ချော်သွားပြီးဆေးထုတ်က သူမ ဗိုက်ထဲမှာပေါက်သွားပါတယ်။ CPH4 က ကိုယ်ဝန်ဆောင် မိခင်တွေက ကိုယ်ဝန်ရပြီး ၆ ပတ် အကြာမှာ ပမာဏအနည်းငယ် ထုတ်လွှတ်တာဖြစ်ပြီး၊ ကလေး ရဲ့ အရိုးတွေ တည်ဆောက်ဖို့အတွက် အထောက်အကူပြုတယ်လို့ ရုပ်ရှင်ကဆိုပါတယ်။

ဒီကနေ Lucy ရဲ့ Cell တွေ သာမန်ထက်ပိုမြန်မြန် ဖြစ်ပျက်ပြောင်းလဲနေပြီး သူမက အသိဥာဏ်တွေလည်း ပိုတိုးလာပါတယ်။ ဒီအချိန်မှာ သူမဘာဖြစ်နေလည်းဆိုတာ ရှာဖွေရင်းနဲ့ Professor Norman ရဲ့ Research တွေကိုတွေ့သွားပြီး၊ အဆက်အသွယ်လုပ်ခဲ့ပါတယ်။

ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပေမယ့် လူတိုင်းတော့ ကြိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီကားက ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ Morgan Freeman ပြောသွားတဲ့ အချက်တစ်ချက်က တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်။ သူပြောတာတွေရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက Cell တွေက Reproduce လုပ်ရင် လုပ် မလုပ်ရင် Immortalized ဖြစ်ရပါမယ်။ Cell ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် Reproduce လုပ်တဲ့ အခါမှာ ရည်ရွယ်ချက်က တော့ တစ်ခုတည်းရှိပါတယ်။ Pass down လုပ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။ Cell တစ်ခုချင်းစီမှာ Gene တွေပါပြီး နောက်လူကို လက်ဆင့်ကမ်းခဲ့သလို၊ ကိုယ်တတ်ထားတဲ့ပညာကိုလည်း သားသမီးကို၊ နောင်လာနောင်သားတွေကို လက်ဆင့်ကမ်းဝေမျှခဲ့ရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီဇာတ်ကားမှာ Lucy က သူမသေခါနီး ဘာလုပ်ရမလည်းလို့ Professor Norman ကိုမေးတော့ Norman က မင်းသိထားတဲ့ Knowledge တွေကို လူတွေကိုမျှဝေခဲ့ပါလို့ ပြောခဲ့ပါတယ်။

ဇာတ်လမ်းအဆုံးသတ်က တစ်ချို့လူတွေအတွက် မရှင်းဘူးဖြစ်နေမှာဖြစ်ပြီး၊ တစ်ချို့ကလည်း အဆုံးသတ်ကို မကြိုက်လောက်ပါဘူး။ ဒါပေမယ့် ဒီကားက ကြည့်လို့ကောင်းပါတယ်။ မိသားစုတူတူ ကြည့်ဖို့ အဆင်ပြေပေမယ့်၊ မူးယစ်ဆေးဝါးနဲ့ လူသတ်တာတွေ ပါလို့ ကလေးတွေ မကြည့်သင့်ပါဘူး။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2