Deliver Us From Evil (2014)

Deliver Us From Evil (July 2nd, 2014)

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ ပရိတ်သတ်ကြီးကို သဲထိပ်ရင်ဖို ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားက ဒီနှစ်နွေရာသီရဲ့ ပရိတ်သတ်စိတ်ဝင်စားဆုံး Horror ဇာတ်ကားလို့ သတ်မှတ်ထားကြပါတယ်။ Hulk (2002) မင်းသား Eric Bana က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ NYPD (New York Police Detective) Ralph Sarchie ရဲ့ အပြင်က ဘ၀ကို ရုပ်ရှင် ရိုက်ကူးထားတာဖြစ်ပါတယ်။ Ralph က မှုခင်းတစ်ခုကိုလိုက်နေတုန်းမှာ priest Mendoza နဲ့ ဆုံတွေ့ပြီး၊ Priest က သူ့ကို ဒီအမှုတွေက သဘာဝလွန်ဖြစ်ရပ်နဲ့ဆက်စပ်နေတဲ့ အကြောင်း ပြောသလို၊ သရဲ သဘက်တွေ နှိမ်နင်းဖို့ ပညာတွေလည်း သင်ပေးခဲ့ပါတယ်။ Horror ကားကောင်းတစ်ကားပါ။ မင်းသားမင်းသမီးတွေကလည်း အညံ့စားတွေမဟုတ်သလို၊ ဇာတ်လမ်းလည်း ကောင်းပါတယ်။ ကြောက်ဖို့လည်း ကောင်းသလို၊ သရဲကားကြိုက်ပရိတ်သတ်တွေ နှစ်သက်ကြမှာပါ။

ရုံမှာသွားကြည့်ဖို့အဆင်ပြေပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2