Movie Preview

Movie Preview – Prisoners (20 September 2013)


မြန်မာပရိတ်သတ်တွေနဲ့ ဒီတပတ် ထွက်မယ့် ကားအသစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ မိသားစုနှစ်စုက ပျောက်သွားတဲ့ သမီးလေးနှစ်ယောက် ကို ပြန်တွေ့အောင်ရှာရတဲ့ ဇာတ်လမ်းပါ။
ဒီဇာတ်ကားက သာမန်ကြည့်နေကြ စုံထောက်ကားတွေနဲ့မတူပဲ တမူထူးခြားတဲ့ ရသကိုပေးနိုင်မယ်လို့ ထင်ပါတယ်။ Movie Trailer မှာတော့ Kelly Dover (Hugh Jackman) နဲ့ Franklin Birch (Terrence Howard) တို့က သမီးနှစ်ယောက်ပျောက်သွားလို့ ပြန်လိုက်ရှာရတဲ့ အဖေတွေနေရာက သရုပ်ဆောင် ထားပါတယ်။ (No one is guilty until proven, သက်သေမပြနိုင်သရွေ့ ဘယ်သူမှအပြစ်မရှိဘူးဆိုတဲ့အတိုင်း) ကောင်မလေးနှစ်ယောက် ကို ဖမ်းသွားတယ်လို့ သံသယရှိသူ (Alex Jones played by Paul Dano) ကိုလည်း မိထားရဲ့သားနဲ့ အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ သံသယရှိလို့ဖမ်းထားသူကို သက်သေအထောက်အထား ရှိမှ သို့မဟုတ် စွဲချက်တင်နိုင်မှအချုပ်ချထားလို့ရမယ်ဆိုတော့ တရားခံကို ပြန်လွှတ်ရပါတယ်။ ဒီမှာ Hugh Jackman (Wolverine မင်းသားက) သမီးကို ကယ်တင်ဖို့ကြိုးစားထားပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်
ဇာတ်လမ်းကြော်ငြာနဲ့တင် တော်တော်စိတ်ဝင်စားစရာကောင်းနေပါတယ်။

ကျွန်တော်ပြောခဲ့သလိုပဲ ရိုးရိုးစုံထောက်ဇာတ်လမ်းနဲ့မတူတာက ဒီဇာတ်ကားမှာ မိသားစုနှစ်စုက ကလေးနှစ်ယောက်အဖမ်းခံရတာပါ။ သူတို့မိသားစုနှစ်ခုကလည်း မိတ်ဆွေတွေဆိုတော့ အဖေနှစ်ယောက်ရဲ့ အက်ရှင်၊ဒရမ်မာတွေကို ကြည့်ရမယ့်သဘောပါ။ ဒီအပြင် Jake Gyllenhall (Prince of Persia: The Sands of Time မင်းသား) ကလည်း စုံထောက်အဖြစ်ပါဝင်အားဖြည်ထားပါသေးတယ်။ ကျွန်တော်အမြင်ပြောရရင် ဇာတ်ကား ကြော်ညာ… မှားလို့ ကြော်ငြာမှာထဲက တရားခံလို့ယူဆရတဲ့သူကိုပရိတ်သတ်ကိုကြိုပြောထားတော့ ဇာတ်လမ်းလှည့်ကွက် အမျိုးမျိုးရှိနိုင်ပါတယ်။

ကျွန်တော်ခန့်မှန်းထားတာကတော့
သူကတရားခံအစစ်မဟုတ်ပဲ နောက်ကွယ်ကကြိုးကိုင်တဲ့သူ သို့မဟုတ် နောက်ထပ်တရားခံအစစ်ကပေါ်လာပါလိမ့်မယ်။ Alex Jones ကို အဖေနှစ်ယောက်က မဲပြီးလိုက်နေချိန်မှာ တကယ်နောက်ကွယ်က ကြိုးကိုင်သူပေါ်လာနိုင်ပါတယ်။ ယုတ်စွအဆုံး စုံထောက်နေရာကသရုပ်ဆောင်တဲ့ Jake Gyllenhall ကတောင် ကြိုးကိုင်သူဖြစ်လာနိုင်ပါတယ်။

ဒုတိယတစ်မျိုးက Alex ကပဲတကယ့်တရားခံ ဖြစ်နေပြီး ယုတ်မာတဲ့ ရူးကြောင်ကြောင် လုပ်တတ်တဲ့သူမျိုးဖြစ်ပြီး၊ Hugh Jackman ရဲ့ ဇာတ်ကောင်က သမီးကို ကယ်တင်ဖို့ ဘာမဆိုလုပ်မယ့် အဖေဇာတ်ရုပ်မျိုး၊ Taken ထဲက Liam Neeson လိုမျိုးပါ။ မိဘမေတ္တာ၊ သားသမီးကိုချစ်တဲ့ဇော၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှုစတာတွေအားပြိုင်ကြမယ့် ရုပ်ရှင် ဖြစ်နိုင်ပါတယ်။
ဒီထက်ပိုကောင်းတဲ့ လှည့်ကွက်မျိုးလည်းလုပ်ပြသွားနိုင်ပါတယ်။
ဘယ်လိုဇာတ်သိမ်းမျိုးဖြစ်မလည်းဆိုတာကို ပိတ်ကားထက်မှာကြည့်ရှု့ဖို့ကျွန်တော်ကအခုထဲက စောင့်မျှော်နေပါတယ်။ ဒီနှစ်ထဲမှာ စုံထောက်ကားကောင်းကောင်းလည်း မကြည့်ရသေးပါဘူး။

ရုပ်ရှင်ကနောက်တပတ်ရုံတင်မှာပါ။ ကြည့်ပြီးသွားရင် Review လည်း ထပ်တင်ပေးပါဦးမယ်။

#Sololay
အောက်မှာ Trailer ကြည့်လို့ရပါတယ်။

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review