Riddick (2013)

Riddick (6 September 2013)
#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar

ဒီဇာတ်ကားက လွန်ခဲ့တဲ့ ၁၃နှစ်ကျော်က ပြသခဲ့တဲ့ Pitch Black (2000) ဇာတ်ကားရယ်၊ ၂၀၀၄ ခုနှစ်ကထွက်ခဲ့တဲ့
The Chronicles of Riddick ( Pitch Black 2) ဇာတ်လမ်းတွဲတွေရဲ့အဆက်ပါ။ ဇာတ်လမ်းအကြောင်းနဲနဲပြောရရင်
Riddick ဇာတ်လမ်းတွဲတွေက အနာဂတ် ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး၊ ဂြိုလ်တွေတစ်ခုနဲ့တစ်ခု အလွယ်တစ်ကူသွားလာနိုင်နေတဲ့ခေတ်ဖြစ်ပါတယ်။
Riddick အဖြစ်သရုပ်ဆောင်တဲ့ Vin Diesel က နာမည်ကြီးလူသတ်သမားဖြစ်ပြီးတော့၊ သူ့ကို အသေရရအရှင်ရရ ဖမ်းဖို့
ဆုကြေးထုတ်ထားခံရတဲ့ သူဖြစ်ပါတယ်။ ဒီကားက ပထမဆုံးထွက်ခဲ့တဲ့ Pitch Black နဲ့ ဇာတ်အိမ်အနည်းငယ် ဆင်တူပြီး
ဒုတိယမြောက်ကားရဲ့အဆက်ဖြစ်ပါတယ်။ Riddick က ဒုတိယကားမှာ necromonger လို့ခေါ်တဲ့ မျိုးနွယ်စုတွေရဲ့
ခေါင်းဆောင်ဖြစ်သွားပြီး အခုကားမှာ သူ့နောက်လိုက်တွေရဲ့ သစ္စာဖောက်ခံရပြီး အမည်မသိဂြိုလ်တစ်ခုပေါ်မှာ
သောင်တင်နေတာဖြစ်ပါတယ်။ သူက Furyan လူမျိုးစုကလာတာဖြစ်ပြီး သူ့ရဲ့ နေရပ်ဖြစ်တဲ့ Furya ကိုသွားရှာရကနေ
လမ်းမှာသောင်တင်တာဖြစ်ပါတယ်။ အသေးစိတ်ကိုပြောမှာမဟုတ်ပဲ ရုပ်ရှင်အပေါ်ကျွန်တော်ရဲ့အမြင်ကိုခြုံငုံသုံးသပ်သွားမှာပါ.။



ဇာတ်လမ်းအစမှာ ပျင်းစရာကောင်းသလိုရှိပေမယ့် ဇာတ်ရှိန်တက်လာတာနဲ့အမျှ စိတ်ဝင်စားဖို့ကောင်းလာပါတယ်။
Graphic တွေကလည်း အရင်ကားတွေထက် ဖန်တီးမှုပိုကောင်းလာပြီး ကြည့်လို့လည်းကောင်းလာပါတယ်
ဒါပေမယ့် ဇာတ်လမ်းက ပထမဆုံးကားနဲ့ အတော်တူနေပြီး ခန့်မှန်းလို့တောင်ရနေပါတယ်။ ဒိုင်ယာလော့ခ်တွေကလည်း
၂၀၀၀ ခုနှစ်အစောပိုင်းကားတွေကြည့်ရသလိုပါပဲ၊ မင်းသားက ဆရာကြီးအထာနဲ့ ဆရာကြီးလေသံနဲ့ ပြောတာမျိုးတွေ
ဒီကားမှာအများအပြားပါ ပါတယ်။ အက်ရှင် ကားကောင်းကောင်းကြိုက်တဲ့သူ အတွက်ကတော့ ဒီကားက အက်ရှင်တွေ
တ၀ကြီးကြည့်ရမှာဖြစ်သလို၊ Thriller ကားကြိုက်တဲ့ သူတွေအတွက်လည်း ကြည့်ကောင်းမယ့်ကားတစ်ကားပါ
ဒီကားမှာ အပြစ်ပြောစရာတစ်ခုပဲရှိတာက ကျွန်တော်အတွက်တော့ လက်ရှိကားထဲက ရန်သူတွေက
ပထမကားတုန်းကလောက် ကြောက်စရာမကောင်းဘူးလို့ ခံစားရတာပါပဲ။ တကယ်လို့ ပထမကားသာမကြည့်ဖူးဘူးဆိုရင်
ဒီကားက Action/Thriller ကားကောင်းတစ်ကားပါ။

မြန်မာပရိတ်သတ်အတွက်မှာချင်တာကတော့ ဇာတ်ဝင်ခန်းတစ်ချို့မှာ Female Nudity လို့ခေါ်တဲ့
အဖေါ်အချွတ်အခန်းအနည်းငယ် (စက္ကန့်ပိုင်း)လောက်ပါဝင်တာမို့ လူငယ်တွေ မိဘမပါပဲ မကြည့်သင့်သလို၊
အိမ်မှာကြည့်ရင်လည်း မိသားစုတူတူကြည့်ရင် ရှောင်နိုင်အောင်ပါ။ လိင်ကိစ္စ တွေမပါပေမယ့် တစ်ခန်းမှာ
မိန်းကလေး အနိုင်ကျင့်ဖို့ကြိုးစားတဲ့အခန်း ပါပေမယ့် ကြိုးစားမှုအထမမြောက်ခဲ့ပါဖူး။
သွေးထွက်သံယို ကတော့ Alien ကားဖြစ်တဲ့အလျောက် အနည်းနဲ့အများတော့ဇာတ်ဝင်ခန်းတစ်ချို့မှာတွေ့ရပါတယ်။

ဒီလောက်ဆိုရင်တော့ ခန့်မှန်းလို့ရပြီလို့ထင်ပါတယ်။ ကျွန်တော်အနေ့နဲ့ကတော့ Riddick (2013) ကဇာတ်ကားကောင်း
တစ်ကားဖြစ်ပေမယ့် ဇာတ်လမ်းက ရိုးရှင်းလွန်းတယ်လို့ထင်ပါတယ်။ ဒါပေမယ့်လည်း Action ကြိုက် ပရိတ်သတ်တွေ
Vin Diesel ပရိတ်သတ်တွေအတွက်ကတော့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ဒီကားက ရုံမှာ သွားကြည့်သင့်တဲ့ကားတစ်ကား
လို့မြင်မိပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ

#Sololay

http://watch32.com/movies-online/riddick-2898




Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review