The Mortal Insturments: City of Bones (2013)

#TheMortalInstruments: City of Bone (21 August 2013)
#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar

ဒီဇာတ်ကားကတော့ မိန်းကလေးပရိတ်သတ်တွေကို ဦးတည်ပြီး ရိုက်ထားတဲ့ Twilight ဇာတ်လမ်းတွေလို၊ ကိုရီးယားကားတွေလိုပါပဲ..။ စိတ်ကူးယဉ်ဆန်ဆန် အချစ်ဇာတ်လမ်းကို Action နဲ့ရောနှောပြီးရိုက်ထားတာပါ။ 

ဇာတ်လမ်းအကျဉ်းကတော့


ဇာတ်ကားထဲက မင်းသမီး Clary နဲ့ သူ့အမေက Demon Hunter လို့ခေါ်တဲ့ မကောင်းဆိုးဝါး နှိမ်နင်းတဲ့ သူရဲကောင်းမျိုးနွယ်စုကပါ။ မင်းသမီးမှာ (ဖန်စီအချစ်ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း) သူ့ကိုကြိတ်ပြီးကြိုက်နေတဲ့ Simon ဆိုတဲ့သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ တရက်မှာ(တိုက်တိုက်ဆိုင်ဆိုင်) မင်းသမီးက Demon Hunter မင်းသား Jace နဲ့ စတွေ့တဲ့အချိန်မှာပဲ မင်းသမီးရဲ့အမေကလည်း အဖမ်းခံရပါတယ်။ မင်းသမီးက သူ့အမေကို ပြန်ကယ်ဖို့ကြိုးစားရင်း ၀ံပုလွေလူသားတွေ၊ သွေးစုပ်ဖုတ်ကောင်တွေ ကိုရင်ဆိုင်ရတဲ့အကြောင်းပါ.။ (ဒီ Vampire တွေကတော့ Twilight ထဲက လိုတော့ မိန်းကလေးတွေစိတ်ဝင်စားမှာမဟုတ်ပါဘူး)

Harry Porter, Twilight အစရှိတဲ့ဇာတ်လမ်းတွေနဲ့ ထူးမခြားနားဇာတ်လမ်းတစ်ခုပါပဲ။ Action ကားကောင်း၊ Drama ကားကောင်းတွေ ကြည့်နေကြ ပရိတ်သတ်တွေအတွက် ကတော့ ဒီဇာတ်လမ်းကို ကျေနပ်အားရမယ်မထင်ပါဘူး။ အပျင်းပြေလောက်ပဲကြည့်ဖို့ကောင်းပြီး အများကြီး မမျှော်လင့်ထားသင့်ပါဘူး။ တကယ်လို့ဖန်စီအချစ်ဇာတ်လမ်းတွေ ကိုမကြိုက်ဘူးဆိုရင်တော့ ဒီဇာတ်ကားကိုသွားမကြည့်တာကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ မင်းသား၊ မင်းသမီး၊ မင်းသမီး သူငယ်ချင်းအပြင်၊ မိန်းမလျာတစ်ယောက်ပါပါတဲ့ ၄ပွင့်ဆိုင် အချစ်ဇာတ်လမ်းပါ။ ကြိုသတိပေးထားတာနော်။ Graphic ပိုင်းကတော့ အဆင့်အတန်းမှီပြီး ထူးထူးခြားခြား Demon တွေပါပေမယ့်၊ ရုံမှာသွားကြည့်ရလောက်အောင်တော့ ကောင်းတဲ့ကားမျိုးမဟုတ်ပါဘူး။ 
အခွေထွက်လာမှအပျင်းပြေငှားကြည့်သင့်တဲ့ကားမျိုးပါ။
သမီးရည်းစားအခန်းတွေ ပါလို့ ၁၃နှစ်အောက်ကလေးများ မိဘမပါဘဲ မကြည့်သင့်ပါဘူး။ မိသားစုတူတူ ကြည့်ဖို့ အဆင်ပြေပါတယ်။ (Rated PG-13)

#Sololay


Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review