အောက်ကဇာတ်ဝင်ခန်းလေးကတော့ ကျွန်တော့် အကြိုက် ဆုံး TV Series တစ်ခုဖြစ်တဲ့ Frasier (1993-2004) အမေရိကန် ဟာသ ဇာတ်လမ်းတွက်တစ်ခုကဖြစ်ပါတယ်။ ကျွန်တော်ဒီစာကို ရေးတုန်းက ကျွန်တော့်အဖေနဲ့ အိမ်မှာ အဆင်မပြေ ဖြစ်နေတဲ့အချိန်ပါ။ ဒီကားလေးကို ကြည့်မိတဲ့အချိန်မှာ လူကြီးတွေရဲ့ ခံစားချက်ကိုနားလည်လာပါတယ်။ အထူးသဖြင့် အဖေတစ်ယောက် ရဲ့ ခံစားချက်ကို နားလည်လာပါတယ်။

ဘာကိုပြောချင်တာလည်းဆိုတော့ ဇာတ်လမ်းမှာ မင်းသားနဲ့ သူ့အဖေက တူတူနေကြပြီး သူဖေ့က ခြေထောက်မကောင်းလို့ သားဖြစ်သူနဲ့ အတူ လာနေနေရပါတယ်။ အဲ့ဒီအခါမှာ သားက သူ့အိမ်ဖြစ်တာကြောင့် အဖေ့ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့၊ ဒါလုပ် ဆိုပြီး ပြောတဲ့အခါမှာ အဖေဖြစ်သူ အနေနဲ့ စိတ်ကသိကအောက် ဖြစ်လာပါတယ်။ 

ဒီလိုပဲ အပြင်ဘ၀တွေမှာလည်း အဖေဆိုတာ တစ်ချိန်းတုန်းက အိမ်ထောင်ဦးစီး၊ သားသမီးကို ထိမ်းကျောင်းလာပြီး၊ အရာအားလုံးကို စီမံခန့်ခွဲ့လာရာနေ၊ သားက အရွယ်ရောက် အဖေ့နေရာကို ၀င်ပြီး စီမံခန့်ခွဲတဲ့အခါ သူတို့ အနေနဲ့ စိတ်မတင် မကျဖြစ်တတ်ပါတယ်။

အထူးသဖြင့် ဒီကားမှာ မင်းသားပြောသွားသလို၊ "You know, Dad, a lot of people confuse not being in charge with not being respected.  I hope you're not making that mistake, because you command a great deal of respect. " 
လူတော်တော်များများက ကိုယ်က မစီမံရတော့တာနဲ့ ကိုယ့် ကအာဏာမရှိတော့တာနဲ့ ကိုယ့်ကို လူတွေ မလေးစားတော့ ဖူးလို့ ထင်ကြပါတယ်။ ဒီလိုပဲ အဖေတွေကလည်း ငါက လူပိုကြီးဖြစ်လာပြီ လို့ မသိစိတ်က ခံစားလာပြီး၊ သူစိတ်ထဲမှာ ခံစားလာရပါတယ်။

ဒါကို သားတွေ(သားတွေနဲ့အဓိက ထိပ်တိုက်တွေ့တတ်ကြပါတယ်။) က အဖေ့ကို ရိုသေလေးစားကြောင်း အမြဲပြောဆိုနေသင့်ပါတယ်။ တကယ်လည်း သားဆိုတာ အဖေ့ရဲ့ အလေးပေးမှုကိုလိုချင်တာပါပဲ။ အမေကိုဘယ်လောက် ချစ်ချစ်၊ အဖေက ငါ့သားတော်လိုက်တာလို့ ပြောလိုက်တဲ့ စကားတစ်ခွန်းကို ပိုလိုချင်ကြပါတယ်။

ဒါပေမယ့် ဒါကို အဖေတွေက မေ့နေ့လေ့ ရှိကြတာကြောင့် သားသမီးတွေအနေနဲ့ အဖေအသက်ကြီးလာတဲ့အခါ၊ ကိုယ်နဲ့ အတူ နေနေရင်ပဲ ဖြစ်ဖြစ်၊ သူ့အိမ်မှာပဲနေနေ ကိုယ့်အိမ်မှာပဲ သူလာနေနေ၊ သူတို့ကို လေးစားကြောင်း အသိပေးပါ။ 

တကယ်လို့ ကျွန်တော့်လိုပဲ တစ်အိမ်ထဲအတူနေပြီး အဖေနဲ့ အဆင်မပြေ ဖြစ်နေ ကြသူများ ဒီနည်းလမ်းလေးသုံးကြည့်ပါ။ အဖေ့ကို သေချာနားလည်အောင်ပြောပြပါ။ ကိုယ်က အဖေ့နေရာ ၀င်ယူတာမဟုတ်ကြောင်း၊ အဖေ့ကို နားလည်မှုမလွဲစေချင် ကြောင်း၊ အမြဲတမ်းအလေးထားကြောင်း ပြောပေးပါ။ လက်တွေ့လည်း သက်သေပြပါ။

တကယ်လို့ ပြသ၁နာမရှိဘူးဆိုရင်တောင် သူတို့ရဲ့မသိစိတ်ထဲမှာ ကိန်းအောင်းနေတတ်ပါတယ်။ အားလုံးပဲ အဖေနဲ့ အဆင်ပြေကြပြီး လာမယ့် အဖေများနေ့မှာ ပျော်ရွှင်နိုင်ကြပါစေ။

Movie Clip From Frasier

From my favorite movie scene about a father and son living under the same roof have lots of problem. And this is usually the most common problem between fathers and sons. Hope all fathers and sons get the message from this.


From 1:30 to 3:30mins

Martin: Seems like I'm always being told to take my feet off the furniture, put a coaster 
         under my beer, turn the TV down... I used to make the 
         rules, and now I have to follow them.  This makin' any 
         sense to you?

Frasier: From a psychological standpoint, it makes perfect sense.  
         Slowly, over the years, your responsibilities have been 
         taken away from you, and you, well, you feel symbolically 
         castrated.

Martin: Oh, why does everything with you shrinks start in the 
         crotch?

Frasier: All right, all right.  Well, maybe my rules are too rigid.  
         Maybe I should try to relax a little.

Martin: No, no.  Hey, it's your house, you do what you want.  I don't 
         know what's buggin' me.  I guess it's not easy for a guy like me to not be in charge.

Frasier: You know, Dad, a lot of people confuse not being in charge 
         with not being respected.  I hope you're not making that 
         mistake, because you command a great deal of respect. 
         There's not a day in my life when I don't hold myself up to 
         the Martin Crane yardstick.  I guess a son always wants to 
         make his father proud.

Martin: Yeah, I guess.



Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2