Brick Mansion (2014) - Movie Review

Brick Mansion (2014) - Movie Review

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ Paul Walker ရဲ့ ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ကားဖြစ်ပါတယ်။ Brick Mansion နဲ့ Fast & Furious 7 က Paul Walker မသေခင် နောက်ဆုံး ရိုက်ကူးထားခဲ့တဲ့ကားတွေဖြစ်လို့ ဒီကားပြီးရင် Fast 7 ပဲကျန်တော့မှာပါ။ ဒီကားက 2004 ခုနှစ်ထုတ် ပြင်သစ်ရုပ်ရှင်ကား District B13 ကို Remake ပြန်လုပ်ထားတာဖြစ်ပါတယ်။ Paul Walker, David Belle (District B13), RZA (The Man with Iron Fists) တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

Remake တွေရဲ့ထုံးစံအတိုင်း Original ကကောင်းနေရင် Remake က လိုက်မမှီတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ဒီကားကို Review လုပ်ရာမှာ Original နဲ့ မနှိုင်းယှဉ်ပဲ လုပ်ထားတာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Trailer အရ Brick Mansion ရပ်ကွက်က အရမ်းဆိုးသွမ်းလာလို့ သူ့ပတ်ပတ် လည်ကို ခြံစည်းရိုးကာပြီး အစောင့် တွေချထားပါတယ်။ ဒါပေမယ့် အခု တော့ လူဆိုးခေါင်းဆောင်က Nuclear ဗုံးဖောက်မယ်ဖို့ ချိန်းခြောက်ထားလို့ မင်းသား Paul Walker က Undercover အနေနဲ့ မြို့ထဲကိုဝင်ပြီး တားဆီးရမှာဖြစ်ပါတယ်။ 


ထူးခြားတာက District B13 မှာတုန်းက မင်းသားရဲ့ Partner အဖြစ်သရုပ်ဆောင်တဲ့ David Belle ကပဲ Brick Mansion မှာ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ဒီဇာတ်ကောင်နေရာကပဲ သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီကားမှာတော့ Paul Walker နဲ့ တွဲဖက်ပြီး မြို့ထဲကိုပြန်ဝင်သာ သူ့ရဲ့ချစ်သူကို ကယ်တင်ရင်း ဗုံးကို လည်း ဖြုတ်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် အထဲရောက်သွားတဲ့အခါမှာတော့ သူတို့ ထင်ထားသလို ဖြစ်မလာတဲ့ အခါ ဘယ်လို ဆက်လုပ်ကြမလည်းဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။

သာမန် အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်း ဇာတ်သွား က အရမ်းရိုးလွန်းပြီး၊ ဇာတ်သိမ်ထား ပုံကို သိပ်မကြိုက်ပါဘူး။ ဒါပေမယ့် Paul Walker နဲ့ David Belle ရဲ့ အက်ရှင် တွေကို Special Effect တွေနဲ့ ပေါင်းပြီးရိုက်ကူးထားတာကြည့်ရတာတော့ အပန်းပြေစေပါတယ်။ Jackie Chan ကားတွေကို Special Effect ထည့်ပြီး၊ Violence များများနဲ့ရိုက်ကူးထားသလိုပါပဲ။ (Jackie Chan က စတန့်တွေကို ကိုယ်တိုင် ပြုလုပ်ပြီး၊ Special Effect လုံးဝမသုံးထားသလောက်ပါပဲ၊ နောက်သူ့ကားတွေမှာ သူက လူဘယ်တော့မှမသတ်သလို၊ သေနတ်လည်းမသုံးပါဘူး။)



အပြင်းပြေနဲ့ Paul Walker အမှတ်တရကြည့်လို့ကောင်းပေမယ့် ဇာတ်ကားကောင်းတစ်ကား တော့မဟုတ်ပါဘူး။ ဇာတ်လမ်းကလည်း သာမန်ပဲဖြစ်သလို၊ RAZ နဲ့ ကျန်တဲ့ အရန်သရုပ်ဆောင်တွေက လည်း တော်တော် သရုပ်ဆောင်ညံ့ပါတယ်။ တစ်ကားလုံးမှာ မလို အပ်တဲ့ အခန်းတွေပါသလို၊ မင်းသား Paul Walker နဲ့ David ကြောင့်ပဲ ဇာတ်ကားက စိတ်ဝင်စားဖို့ အနည်းငယ် ကောင်းနေတာပါ။

သာမန်ကားတစ်ကားပါ။ No Sex, No Nudity ပါ။ မိသားစုတူတူ ကြည့်နိုင်ပေမယ့်၊ ဆဲဆိုခန်းတွေပါသလို၊ အဓိက မင်းသမီး နှစ်ယောက်က မပေါ့တပေါ်ဝတ် (Sexy Dress) တွေ ၀တ်ပြီး သရုပ်ဆောင်ထား တာ တော့သတိပြုရမှာပါ။

#Sololay

Movie link - http://watch32.com/movies-online/brick-mansions-6933 (မကြည်သေးပါဘူး။)

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review