Millions Dollar Arm

Millions Dollar Arm (May 16, 2014)

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ ကျွန်တော်လုံးဝမထင်မှတ်ထားတဲ့ ကားကောင်းလေးတစ်ကားပါ။ အထူးသဖြင့် Spider-Man, X-Men, Godzilla တို့ နဲ့ ဟော့နေတဲ့ အချိန်မှာ ဒီကား ကို လူတွေသတိမထားမိကြတာမဆန်းပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း သတိမထားမိသလို၊ ကြည့်ဖို့တောင် အစီအစဉ်မရှိခဲ့ပါဘူး။

ဒါပေမယ့် ဒီနေ့ ကြည့်ပြီးသွားတဲ့အချိန်မှာတော့ ကျွန်တော်ကိုယ်တိုင် အံ့အားသင့်ခဲ့ရသလို၊ မထင်မှတ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ အားကစားနဲ့ ပတ်သက်တဲ့ကားတွေကို စိတ်ဝင်စားကြည့်ဖူးသလို၊ အများစုအမေရိကန် တွေ နဲ့ ဥရောပ သားတွေအကြောင်းပဲ များပါတယ်။ ဒီကားကတော့ အမေရိကန် တွေအကြိုက် အားကစား တစ်မျိုးဖြစ်တဲ့ Baseball မှာ ကစားဖို့ အိန္ဒိယ ကလူငယ်လေးတွေကို သွားရှာပြီး လေ့ကျင့်ပေးတဲ့ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ တကယ့် ဖြစ်ရပ်မှန်လည်းဖြစ်သလို Rinku နဲ့ Dinesh တို့အကြောင်း ကို ရိုက်ကူးထားပါတယ်။

အိန္ဒိယ က Cricket ကစားနည်း အများဆုံးကစားတဲ့ နိုင်ငံဖြစ်သလို၊ ဘောလုံးပစ်ရတာခြင်း တူတာကြောင့်၊ J.B. Bernstein ဆိုတဲ့ အားကစား အေးဂျင့်က အိန္ဒိယမှာ သွားပြီး လူသစ်စုဆောင်းဖို့ အကြံရခဲ့ပါတယ်။ JB မှာလည်း သူရဲ့ အားကစား အေးဂျင့်လုပ်ငန်းက အဆင်မပြေဖြစ်နေပြီး၊ နောက်ဆုံး အနေနဲ့ Mr.Will Chang ဆိုတဲ့ သူဌေးတစ်ဦးကို သူ့ရဲ့ အကြံကို ပြောပြခဲ့ပါတယ်။ သူ့အစီစဉ်က Million Dollar Arm ဆိုတဲ့ Talent Contest နာမည်နဲ့ အိန္ဒိယက လူငယ်တွေကို MLB အတွက် လူစုဆောင်းတာဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်က နေ Rinku နဲ့ Dinesh ဆိုတဲ့ လူငယ်လေးနှစ်ယောက်ကို အမေရိကား ခေါ်လာပြီး Baseball အတွက်လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ သူထင်ထားသလိုမလွယ်ကူပဲ အိမ်လွမ်းနေတဲ့ ကောင်လေးသုံးယောက် (တစ်ယောက်က စကားပြန်အနေနဲ့ ပါလာပါတယ်။) ကို အမေရိကားမှာ အဆင်ပြေအောင် လုပ်ပေးရင်းနဲ့ တစ်ယောက်တည်းသမားဘ၀မှာ မိန်းကလေးတွေနဲ့ အတည်တကျ တွဲလေ့မရှိတဲ့ JB တစ်ယောက်ရဲ့ ဘ၀လည်း ပြောင်းလဲခဲ့သလို၊ အိန္ဒိယတောရွာလေးတစ်ရွာက လူငယ်လေးနှစ်ယောက်ရဲ့ ဘ၀ကို အကြီးကျယ် ပြောင်းလဲစေခဲ့ပုံကို တင်ဆက်ထားပါတယ်။

ဇာတ်ကားလေးက Drama ကားကောင်းလေးတစ်ကား ဖြစ်သလို၊ သရုပ်ဆောင် တွေ အကုန်လုံးကလည်း တကယ် ကိုသရုပ်ဆောင် ကောင်းကြပါတယ်။ ရင်ထဲကို ထိမိစေတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ စကားလုံး တွေကို စိတ်ကူးကောင်းကောင်းနဲ့ တင်ဆက်ထားပြီး ဇာတ်ရှိန် အတက်အကျလည်း တကယ်ကောင်းပါတယ်။ မိသားစု တူတူကြည့် နိုင်ပြီး ကလေးတွေ ကြည့်သင့်တဲ့ဇာတ်ကားကောင်းပါ။ ဘ၀မှာ လူတိုင်းအတွက် အခွင့်အရေးရပြီး အမိအရအသုံးချနိုင် ဖို့လိုသလို၊ ဘယ်လောက်ပဲ လဲကျလဲကျ အရှုံးမပေးပဲ ပြန်ထ နိုင်ဖို့ လိုတယ်ဆိုတာရယ်၊ မိသားစု ဆိုတာ အရာအားလုံးထက် အရေးကြီး တယ်ဆိုတာကို ဒီကားက ပညာသားပါပါ နဲ့ မက်ဆေ့ခ်ျပေးထားပါတယ်။

ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2