Justice League vs Avengers

Justice League vs Avengers

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ပတ် တော့ လူကြိုက်အများဆုံး Superheros အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ Justice League (DC) နဲ့ Avengers (Marvel) တို့ကို တွဲပေးထားပါတယ်။

အရင်တစ်ပတ်က ပွဲမှာ အနိုင်ရသွားသူကတော့ အားလုံး ကြိုက်ကြတဲ့ The Flash ပဲဖြစ်ပါတယ်။ Quicksilver ကို လူတွေမသိကြသေးတာသိသာပြီး QS က Vote တစ်ခုမှာတောင်မရခဲ့ပါဘူး။ X-Men နဲ့ Avengers ထွက်လာရင်တော့ ပိုသိသွားကြမှာပါ။

ဒီတစ်ပတ်ပွဲကို ပြန်ပြောရရင် ဒီနှစ်ဖွဲ့က သက်ဆိုင်ရာ Comic စာအုပ်တွေမှာ နာမည်ကြီး ဟီးရိုးတွေ တော်တော် များများ ပါဝင်ဖူးပါတယ်။ ဒီတစ်ပတ်ကတော့ အဖွဲ့နှစ်ဖွဲ့ ကို စတင်တည်ထောင် သူတွေ အချင်းချင်း ပဲ ယှဉ်ပြိုင်ထားမှာဖြစ်ပါတယ်။

Justice League

JLA or Justice League or Justice League of America ကို စတင်တည်ထောင်ခဲ့သူတွေထဲမှာ Batman, Superman, Wonder Woman, Green Lantern, The Flash တို့ က ဘယ်အမြဲတမ်း အဖွဲဝင်တွေ အဖြစ်နဲ့ ဇာတ်လမ်းတိုင်းမှာ ပါဝင်ပေမယ့် ကျန်တဲ့ နှစ်ယောက်ကတော့ အချိန် အခါပေါ်မူ တည်ပြီး ပြောင်းလေ့ရှိပါတယ်။ ပထမဆုံး ဇာတ်လမ်းတွေမှာတော့ Martian Manhunter နဲ့ Aquaman တို့ဖြစ်ပြီး၊ ကာတွန်း Series မှာတော့ Aquaman နေရာကို Hawkgirl ပါဝင်လာသလို၊ Martian နေရာကို Cyborg က ၀င်ပါလေ့ရှိပါတယ်။ အခုနောက်ဆုံး DC New 52 စာအုပ်တွေမှာတော့ အထက်က ငါးယောက်နဲ့ Aquaman နဲ့ Cyborg တို့ ပါတာကိုလည်း တွေ့ရပါတယ်။

Batman Vs Superman မှာ Cyborg ပါလာ ပြီဖြစ်လို့ နောက်ထပ်ပါမှာ Aquaman လား Martian လားဆိုတာ ပဲ စောင့်ကြည့်ရတော့မှာပါ။ (Justice Leage: War Animated Film မှာတော့ သူတို့ နှစ်ယောက်လုံး မပါလာပြန်ပဲ Shazam "Captain Marvel" က သူတို့နေရာမှာပါလာပါတယ်။)

ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲမှာတော့ ကျွန်တော့် အကြိုက်ဆုံး အတွဲဖြစ်တဲ့ Aquaman နဲ့ Cyborg တို့ကို ထည့်ပေးထားပါတယ်။

Batman ကအကြောင်းက Batman vs Spider-Man မှာပြောပြီးသားဖြစ်လို့ ထပ်မပြောတော့ပါဘူး။

Superman
     Superheros အားလုံးရဲ့ ရှေ့ဆောင်လမ်းပြဖြစ်သလို၊ DC နဲ့ Justice League ရဲ့ စွမ်းအားအမြင့် ဆုံး Superhero လည်းဖြစ်ပါတယ်။ သူမှာ Flight, Laser Vision, Heat Vision, X-Ray vision, Cold Breath, invulnerable to everything, Super Strength, Super Speed, super hearing, super everything. သူရဲ့ စွမ်းအားကို အ၀ါရောင် နေမင်းက နေရတာဖြစ်ပြီး သူက နေလုံးထဲကို တောင် မလောင်ကျွမ်းပဲ ၀င်သွား နိုင်ပြီး သူ့ရဲ့ ပါဝါတွေကို အားပြန်သွင်းလို့ရပါတယ်။ ဒါပေမယ့်သူ့ရဲ့ အဓိက အားနည်းချက်က kryptonyte ဖြစ်ပြီး၊ နောက်ထပ်အားနည်းချက်က Magic ဖြစ်ပါတယ်။ ဒါကြောင့် Marvel ရဲ့ Thor က Superman ရဲ့ အားနည်းချက်ဖြစ်လာနိုင်ပါတယ်။

Wonder Woman
   သူမကတော့ Superman လောက်နီးပါး အင်အားရှိသူဖြစ်ပြီး Immortal တစ်ဦးဖြစ်ပါတယ်။ Amazon လို့ခေါ်တဲ့ Greek God မျိုးနွယ်ဖြစ်ပြီး သူမက စူပါမင်းလိုပဲ လေထဲပျံနိုင်သလို၊ အားလည်း သန်ပါတယ်။ သူရဲ့ Magic Lasso က အမှန်အတိုင်းပြောလာအောင် စစ်မေးလို့သလို လက်နှက်အဖြစ်လည်း သုံးနိုင်ပါတယ်။ သူ့ရဲ့ လက်ကောက်ဝတ်က Bracelet က သူမကို အကာအကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သူမမှာ Invisible Plane တစ်စီးလည်း ရှိပါတယ်။ သူမှာတော့ သိသိသာသာ အားနည်းချက်ရယ်လို့တော့မရှိပါဘူး။

Batman ကတော့ Scarecrow Gas လို့ခေါ်တဲ့ အာရုံပြောင်းစေတဲ့ gas တစ်မျိုးသုံးပြီး သူမကို အနိုင်ယူ ခဲ့ ဖူးပါတယ်။ (အဲ့ဒီ Gas က သူမအနားက လူအားလုံးကို သူ့ရဲ့ ရန်သူအဖြစ် မြင်စေပြီး လူတိုင်းကို တိုက်ခိုက် စေရာက ခြေကုန်လက်ပန်းကျလာအောင် လုပ်တဲ့နည်းဖြစ်ပါတယ်။ သူမက ရန်သူကို အနိုင်ယူ ချင်တဲ့စိတ် ကြောင့် အမှားအမှန် မမြင်တော့ပါဘူး။)

Green Lantern
   Green Lantern ရဲ့ အဓိက လက်နှက်က သူ့ရဲ့ စိတ်ဖြစ်ပြီး သူ့ရဲ့ စိတ်စွမ်းအားရှိသလောက် သူ့လက်စွပ်ကနေ စိတ်ကြိုက် ခိုင်းစေလို့၇ပါတယ်။ လိုချင်တဲ့ အရာ ၀တ္ထုကို လိုသလို စိတ်နဲ့ ဖန်တီးယူလို့ရပြီး ဒါက သူ့ရဲ့ အဓိက လက်နှက်ပါ။ အားနည်းချက်ရယ်လို့ မရှိပေမယ့် Batman ကတော့ သူ့ကို စိတ်ဓါတ်လုံးဝကျအောင် လုပ်နိုင်ခဲ့ပြီး နောက်ဆုံး သူ့လက်စွပ်ကိုတောင် မသုံးနိုင်တော့အောင် အထိ လုပ်ပြီး အနိုင်ယူခဲဖူးပါတယ်။ ဒီအားနည်းချက်က အခြားရန်သူတွေက အနေနဲ့ အသုံး ပြု့ဖို့မလွယ်ပါဘူး။ ဘာလို့လည်းဆိုတော့ Batman က Green Lantern ရဲ့ True Identity ကိုသိထားလို့သာ လုပ်နိုင်ခဲ့တာပါ။

The Flash အကြောင်းလည်း ရေးပြီးသားဖြစ်ပါတယ်။

Aquaman
   King of Atlantic, King of the sea ဖြစ်ပြီး သူကလည်း Super Strength, invulnerable, ဖြစ်ပြီး သူ့ရဲ့ အဓိက စွမ်းအင်ကတော့ ရေသတ္တ၀ါတွေကို လိုသလို လို ခိုင်းစေလို့ရတာဖြစ်ပါတယ်။ သူ့မှာ ကိုယ်ပိုင် စစ်တပ်လည်းရှိပြီး၊ အားနည်းချက်ရယ်လို့မရှိပါဘူး။

Cyborg
  Cyborg ကတော့ လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်းဖြစ်ပြီး၊ သူက ကမ္ဘာပေါ်မှာရှိသမျှ စက်ပစ္စည်းတွေကို ခိုင်းစေလို့ရသလို၊ ကွန်ပျူတာတွေကိုလည်း ချိတ်ဆက်နိုင်ပါတယ်။ လေထဲမှာပျံနိုင်သလို၊ Alien Technology နဲ့ လက်နှက်တွေလည်း ပိုင်ဆိုင်ထားပါတယ်။

Avengers
 Avengers ကတော့ ပရိတ်သတ်ကြီးရင်းနှီးပြီးသားဖြစ်လို့ သိပ်ပြောနေစရာမလိုတော့ပါဘူး။ ဒီမှာတော့ ပရိတ်သတ် တမ်းမြင်သွားအောင် ရုပ်ရှင်ထဲက ပါတဲ့ Heroes တွေကိုပဲ တင်ဆက်သွားပါ့မယ်။

Iron Man
  သူ့ရဲ့ Suit of Armor က Invulnerable ဖြစ်ပြီး လက်နှက်မျိုးစုံပါဝင်ပါတယ်။ သူက Batman လိုပဲ Billionaire, Genius တစ်ဦးဖြစ်ပါတယ်။ သာမန်လူတစ်ဦး ဘာစွမ်းအင်မှ မရှိတာကလွဲ၇င် သူမှာ ဘာအားနည်းချက်မှ သိသိသာသာ မရှိပါဘူး။

Thor
   Demi-God, God of Thunder တစ်ဦးဖြစ်ပြီး Flight, Super strength, speed, invulnerable, ဖြစ်ပြီး  Magic သုံးတဲ့ အတွက် Superman အတွက် အဓိက ဒုက္ခပေးနိုင်သူတစ်ဦးဖြစ်လာနိုင်ပါတယ်။ သူ့မှာလည်း သိသိသာသာ အားနည်းချက်မရှိပေမယ့် သူနဲ့ Level တူ Magic သမားနဲ့တွေ့ရင်တော့ သူ့မနိုင်တာများပါတယ်။

Hulk
  စွမ်းအားအကောင်းဆုံး Superheros တွေထဲမှာ ထိပ်ဆုံးကပါသလို၊ Superman ရဲ့ အဓိက ပြိုင်ဘက်ဖြစ်လာမယ့်သူပါ။ DC ရဲ့လက်ရှိ စာရင်းမှာ Hulk ကို Superman တစ်ယောက်ပဲ ထိမ်းချုပ်နိုင်မှာပါ။ Hulk က ရှိသမျှ Hero တွေထဲမှာ အားနည်းချက်လုံးဝ မရှိတဲ့ တစ်ယောက်တည်းသော Hero ပါ။ သူ့မှာ စိတ်ပူစရာမိသားစုလည်း မရှိသလို၊ သူစိတ်တိုလာရင် လူတွေကိုလည်း ဂရုမစိုက်တော့ပါဘူး။ The angrier, the stronger လို့သတ်မှတ်ထားပြီး သူ စိတ်တိုလာလေ ပိုအားသန်လာလေပါပဲ။ လေထဲကို မပျံနိုင်ပေမယ့် အဝေးကြီးရောက်အောင် ခုန်နိုင်ပါတယ်။  တစ်ချိန်မှာတော့ သူ့ကို စိတ်ငြိမ်ဆေးထိုးပေးပြီး Hulk ကနေ Bruce Banner ဖြစ်အောင် လုပ်ပြီး ဖမ်းနိုင်ခဲ့တာ ကလွဲ၇င် သူမှာ ဘာအားနည်းချက်မှမရှိပါဘူး။ Hulk Vs Wolverine, Hulk vs Thor ဇာတ်လမ်းတွေမှာ သူ့ရဲ့ ပြိုင်ဘက်တွေက သူ့ကို အသည်းအသန် ခုခံခဲ့ရပါတယ်။

Hawkeye & Black Widow
   Super Assassin နှစ်ဦးဖြစ်ပြီး hawkeye က နာမည်နဲ့လိုက်အောင် အမြင်အာရုံကောင်းပြီး မျှား ပစ်တောင်ပါတယ်။ Black Widow ကတော့ ကိုယ်ခံပညာထူးချွန်ပြီး၊ သူမက သာမန်လူတွေထက် အားပိုသန်သလို၊ Healing Ability ကလည်း သာမန်လူတွေထက် ပိုကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ သူမကို Captain America နဲ့မတူတဲ့ Super-Soldier Serum ထိုးပေးထားပါတယ်။

Captain America
   World War 2 စစ်သားဟောင်းတစ်ဦးဖြစ်ပြီး၊ Combat, Fighting Skill, ကောင်းပြီး သာမန်လူတွေထက် အားပိုသန်ပါတယ်။ Super-Soldier Serum ကြောင့် သာမန်ထက်ပိုမြန် ပြီး၊ ပိုအားကောင်းသလို၊ သူ့ရဲ့ Shield ကလည်း အကာအကွယ်သာမက လက်နှက်အဖြစ်လည်း သုံးနိုင်ပါတယ်။ Avengers ရဲ့ ခေါင်းဆောင် ဖြစ်ပြီး Battle Plan ကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။

ကယ်ဒီအတိုင်းဆို ရင်တော့ ပရိတ်သတ်ကြီးလည်း ရွေးချယ်လို့ရလောက်မှာပါ။ ဘယ်အဖွဲပိုကြိုက်လည်း၊ ဘယ်သူတွေ နိုင်နိုင်လည်းဆိုတာ Vote လုပ်ကြဦးပါဦးလို့ တင်ဆက်လိုက်ပါတယ်။

#Sololay

Vote link
http://poll.pollcode.com/87555411

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review