The Amazing Spider-Man 2 - Movie Review

The Amazing Spider-Man 2 - Movie Review
:) :) :) :) :) :) :) :) :) -_- -_-

#ရုပ်ရှင်မိတ်ဆက်

Spider-Man လည်း တင်ပေးမယ်ဆိုပြီး တစ်ပတ်နောက်ကျသွားပါတယ်။ အလုပ်များနေပြီး စာမေးပွဲလည်းရှိလို့ မကြည့်ဖြစ်တာပါ။ အခုတော့ တင်ပေးလိုက်ပါပြီ။ ကျွန်တော် ကြိုသတိပေးထား သလိုပဲ ဒီ Review က Spoiler တွေပါမှာဖြစ်ပြီး ဒါ Full Movie Review ပါ။ တကယ်လို့ မကြည့်ရသေးလို့ ကြို မသိချင်ရင် Review ကို နောက်မှ ဖတ်တာပိုကောင်းပါမယ်။


You have been warned.....

အရင်ဆုံးပြောချင်တာက  ကျွန်တော့် အကြိုက်ဆုံး Superhero နှစ်ယောက် က Spider-Man နဲ့ Batman ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ထွက်တိုင်း အမြဲ သွားကြည့်ဖြစ်ပါတယ်။ ၂၀၁၃ တုန်းက The Dark Knight Rises နဲ့ Amazing Spider-Man ကို တစ်နေ့ထဲ နှစ်ကားဆက် ကြည့်ခဲ့ဖူးပါတယ်။

ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။

Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ဇာတ်ကားထက်တောင် မှ အများကြီးသာလွန်နေပြီး၊ Captain America ထက် ပိုကြိုက်ပါတယ်။

ဒါပေမယ့် ကျွန်တော်ပြောခဲ့သလို၊ ဇာတ်လမ်းက ဇာတ်ရှိန် အတက်အကျ မမှန်ပါဘူး။ အထူးသဖြင့် Peter နဲ့ Gwen တို့နဲ့ အချစ်ဇာတ်လမ်းက ကလေး ကစားသလိုဖြစ်နေပါတယ်။ ပရိတ်သတ်တစ်ချို့က ဒီအချစ်ဇာတ်လမ်းမလိုဘူး လို့ထင်ပေမယ့် တကယ်တော့ Spider-Man ဇာတ်လမ်းမှာ အချစ်ဇာတ်လမ်း လိုကို လိုပါတယ်။

သူက လူတွေကို ကယ်တင်နေရင်းနဲ့ တဖက်ကလည်း ချစ်သူနဲ့ တွဲသင့် မတွဲသင့် အမြဲ တမ်းကြုံတွေ့ရသလို၊ ရန်သူတွေက သူ့ချစ်သူကို အန္တရာယ်ပေးမှာ လည်း တွေးပူရပါတယ်။ ဒီကားက အဲ့ဒီအချက်ကို ထည့်ပေးထားပေမယ့် တစ်ချို့အခန်းတွေက သာမန် Drama ကားတွေလောက် တောင် မကောင်းဘူးဖြစ်နေပါတယ်။

ဒါပေမယ့် ကျွန်တော်က ကျန်တဲ့ အချက်အားလုံးနီးပါးကို သဘောကျပါတယ်။ ဒီကားမှာ Electro ကို အဓိက ရန်သူအဖြစ် မိတ်ဆက်သွားပြီး၊ သူ့ရဲ့ Transformation ကလည်း အရမ်းကောင်းပါတယ်။ ကာတွန်းထဲက နဲ့ မတူပေမယ့် ကာတွန်းထဲက Origin ထက်ပိုပြီး ကြည့်လို့ကောင်းပါတယ်။ အထူးသဖြင့် Oscorp နဲ့ ဗီလိန်အား လုံး ချိတ်ဆက်ပေးထားပြီး Sinister Six ကို သွားနေတဲ့ ပုံစံလည်း ဖြစ်ပါတယ်။

ဒီကားက အက်ရှင် ဇာတ်ကွက်တော့ အနည်းပဲပါပြီး၊ သာမန်ပရိတ်သတ်ကို စိတ်ကြေနပ်မှု  သိပ်မပေးနိုင်ခဲ့ ပါဘူး။ ဘာလိုလည်းဆိုတော့ သူတို့က နောက်ထပ် ဇာတ်ကားတွေအတွက် ပြင်ဆင်နေလို့ပဲဖြစ်ပါတယ်။ အထူး သဖြင့် Andrew Garfield ကို နောက်ထပ် ၂ ကားထပ်ရိုက်ဖို့ စာချုပ်ချုပ်ပြီးသွားပြီလို့လည်း သိရပါတယ်။

------------------------------------------Major Spoiler Alert--------------------------

ဒီကားထဲမှာ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ဝင်ခန်းက Spider-Man Vs Goblin နဲ့ Gwen Stacy သေတဲ့ အခန်းပါ။ Comic Book Fan တွေကတော့ Gwen သေမယ်ဆိုတာ ခန့်မှန်းမိနေပေမယ့် သာမန် ပရိတ်သတ်တွေအတွက်တော့ Superhero ကားဖြစ်လို့ သေမယ်လို့ မထင်သလို၊ ဖမ်းမိမယ်လို့ပဲ ထင်နေကြပါတယ်။ အထူးသဖြင့် Gwen ပြန်ထလာမယ်လို့ပဲ ထင်ကြပြီးတော့ ပြန်မထလာတဲ့အခါမှာ၊ (ရုံထဲမှာကြည့်နေတဲ့ ကလေးမလေးတစ်ယောက်ဆို ငိုပါငိုသွားပါတယ်။) ရုတ်တရက် အံ့သြသွားသလို၊ ၀မ်းနည်းကြေကွဲစေခဲ့တဲ့အခန်းလေးဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင်မှာ မသေလောက်ဖူးလို့ ထင်ထား ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက် အဆင်ပြေသွားကြပြီးမှာ ရုတ်တရက်ဖြစ်တာ ဖြစ်သလို၊ Emma Stone ဖြစ်နေလို့လည်း ပိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။

ကျွန်တော်က ဘာလို့သေမယ်ဆိုတာ ကြိုသိနေလည်းဆိုတော့ ကာတွန်းထဲမှာ Gwen က Peter ရဲ့ ရည်းစား ဦးဖြစ်ပြီး၊ သူမက Green Goblin ကြောင့် သေသွားခဲ့ဖြစ်ပါတယ်။ ကာတွန်းမှာတော့ Goblin က သူမကို တံတားပေါ်က ပစ်ချလိုက်ရာက Spider-Man က ကြိုးနဲ့ လှမ်းဆွဲရမှာ လည်ပင်းကို ဆွဲမိသွားပြီး ဇက်ကြိုးသွားတာဖြစ်ပါတယ်။ ဒါကြောင့် Harry ပါမယ်လို့သတင်းထွက်လာပြီး နောက် Marry Jane လည်း ပါမယ်လို့ သတင်းထွက်လာကတည်းက Ema Stone ရဲ့ Gwen Stacy သေမယ်လို့ ကြိုခန့်မှန်းခဲ့တာပါ။ Marry Jane က Peter ရဲ့ လက်ရှိ ချစ်သူဖြစ်ပြီး၊ Gwen သေပြီးနောက်မှ ကြိုက်တာဖြစ်ပါတယ်။

ဒီကားက ကျွန်တော်ပြောခဲ့သလိုပဲ Electro နဲ့ ၂ ခါပဲ ရင်ဆိုင်တွေ့သလို၊ Goblin နဲ့ ၃ ၄ မိနစ်ပဲ ချခန်းပါ ပေမယ့် ကြားထဲမှာ Spider-Man ရဲ့ မိဘတွေအကြောင်း ပိုသိခဲ့ရသလို၊ သူကို New York ကလူတွေ ဘယ်လို ဘာကြောင့် Hero အဖြစ် လက်ခံလာတယ်ဆိုတာ ကြည့်ခဲ့ရပါတယ်။ ဒီကားက ကျွန်တော်ပြောခဲ့သလိုပဲ နောက်ကားတွေ အတွက်ပြင်ဆင်နေတာဖြစ်လို့ ကောင်းသင့် သလောက် မကောင်းခဲ့ပေမယ့် နောက်ဆုံး ပိုင်းက တော့ တစ်ကားလုံး မှာ အကောင်းဆုံး လို့ ပြောလို့ရပါတယ်။

After Credit Scene (စာတမ်းထိုး အပြီးမှာ လာတဲ့ ဇာတ်ဝင်ခန်း၊ ရုံမှာသွားကြည့်ရင် အဲ့ဒီ ဇာတ်ဝင် ခန်း မလာမချင်း မထွက်ကြပဲ စောင့်ကြည့်ကြရမှာပါ။) မှာ X-Men ဇာတ်ဝင်ခန်းကို ပြသွားလို့ နောက်ပိုင်း မှာ Sony (Spider-Man Character ရဲ့ မူပိုင်ခွင့်ကို ၀ယ်ထားသူဖြစ်ပြီး) နဲ့ Fox ( X-Men ဇာတ်ကားတွေကို မူပိုင်ခွင့်ရထားသူ) တို့ ပူးပေါင်းပြီး Spider-Man နဲ့ Wolverine ကို တွဲတွေ့ရတော့မယ့် အလားအလာ ရှိပါတယ်။

ဇာတ်ကားကောင်း တစ်ကားပါ။ မိသားစု တူတူကြည့်နိုင်ပြီး ကြည့်ကိုကြည့်သင့်ပါတယ်။ ဖြစ်နိုင်ရင် 3-D နဲ့ ကြည့်တာ ပိုကောင်းပါတယ်။ ရုံမှာသွားကြည့်သင့်ပါတယ်။ ဇာတ်လမ်း အနည်းငယ်နှေးတာက လွဲရင် ကျန်တာ အားလုံး ကောင်းပါတယ်။

#Sololay


Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2