The Next Three Day (2010) - Movie Review

The Next Three Day (2010) - Movie Link Included

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါလည်း မင်းသားကြီး Russell Crowe ရဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ၂၀၁၀ ခုနှစ်ရဲ့ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားဖြစ်သလို၊ ဒီကားရဲ့ ဇာတ်လမ်းနဲ့ ဆင်တူယိုးမှား ဇာတ်လမ်းလည်း သိပ်မတွေ့ရပါဘူး။ ထောင်ဖောက်တာကိုပြောတာမဟုတ်ပါဘူး။

ွှအရမ်းကောင်းတဲ့ဇာတ်ကားပါ။ အက်ရှင်၊ ဒရမ်မာ အပြည့်အစုံပါပြီး၊ ဇာတ်လမ်းအတက်အကျ၊ အရမ်းကောင်းပါတယ်။ ဇာတ်ရှိန် မြင့်သင့်တဲ့နေရာမြင့်သလို ဇာတ်လမ်းကောင်းပီပီ အလိုအပို ဇာတ်ကွက် လုံးဝမပါပဲ တစ်ကားလုံး မပျင်းရအောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။ ကြည့်ကိုကြည့်သင့် တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ဒေါသစိတ်တစ်ခု တိုက်ရိုက်မဟုတ်တာတောင် သွယ်ဝိုက် သောအားဖြင့် ကိုယ့်ကို ဘယ်လို ဒုက္ခပေးနိုင်တယ်ဆိုတာ သံဝေဃရစေပါတယ်။ Rated PG-13 ဖြစ်ပြီး No Sex, No nudity ပါ။

---Spoiler Alert----

အတတ်နိုင်ဆုံး ဇာတ်လမ်း ကို မပြောမိအောင် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ လင်မယား နှစ်ယောက်နဲ့ သားလေးတစ်ယောက် ရှိတဲ့ မိသားစုကို အခြေခံရိုက်ကူးထားပါတယ်။ တစ်နေ့မှာ မိန်းမက ရုံးက အထက်အရာရှိမနဲ့ စကားများရန်ဖြစ်ပြီး ရုံးကနေအိမ်ပြန်လာပါတယ်။ နောက်တစ်နေ့မှာတော့ သူ့အထက်အရာရှိမိန်းမက အသတ်ခံရလို့ သူ့အိမ်ကို ရဲတွေက ၀င်ဖမ်းသွားပါတယ်။

ပိုဆိုးတာက သူရဲ့ အင်္ကျီမှာ သေသူရဲ့ သွေး တစ်ချို့ပေနေတော့ လုံးဝ လိုက်လို့တောင် မရပါဘူး။ ဒါ့အပြင် ရုံးထဲမှာလည်း အော်ဟစ် ရန်ဖြစ်ထားတာ တွေ့တဲ့သူတွေလည်း ရှိတော့ သူမက လွတ်လမ်းမရှိတော့ပါဘူး။ နောက်ဆုံး တော့ သားတကွဲ လင်တကွဲ နဲ့ ထောင်ထဲ မှာနေရတဲ့ မိန်းမကို အပြစ်မရှိဘူးလို့ ယုံကြည့်တဲ့ ယောက်ျားဖြစ်သူ က ထောင်က ဖောက်ပြီး မိသားစု ပြန်ဆုံဖို့ကြိုးစားပုံ ကို ရင်သပ်၇ှုမောဖွယ် ကြည့်ရှု၇မှာဖြစ်ပါတယ်။

ထောက်ဖောက်ဖို့ အကြံပေးအနေနဲ့ Liam Neeson (Taken) က ဧည့်သည် သရုပ်ဆောင် အဖြစ် ပါဝင်ထားပါတယ်။

အရမ်းကောင်းပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ၊ ဇာတ်လမ်းကောင်းတစ်ကားကို၊ ပညာသားပါပါ ရိုက်ကူး တင်ဆက်ထားပြီး၊ မင်းသား Russell Crowe နဲ့ Elizabeth Banks တို့ကလည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်။ အထူးသဖြင့်တော့ Gladiator မင်းသား Russell Crowe ရဲ့ မိန်းမကိုချစ်တဲ့ ယောက်ျား၊ သားကို ချစ်တဲ့အဖေ၊ မိသားစု ပြန်ပေါင်းထုတ်ဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ ဇာတ်ကောင်အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်။

ကြည့်သင့်ပါတယ်။ ကြည့်ကြပါ လို့တိုက်တွန်းလိုက်ပါတယ်။

#Sololay

Movie Links - http://putlocker.bz/watch-the-next-three-days-online-free-putlocker.html

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2