The Lego Batman Movie

The Lego Batman Movie (2017) - Movie Review :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ Batman အကြောင်းကို Lego အတုံးလေးတွေနဲ့ ဇာတ်လမ်းလုပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ Lego က ကစားစရာကုမ္ပဏီဖြစ်တာနဲ့ အညီ သူက နာမည်ကြီး ဇာတ်ကောင်တွေတော်တော်များများ ကို မူပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် သူက The Lego Movie ဆိုပြီးတော့လည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒီကားမှာတော့ တခြား Batman ဇာတ်ကားတွေနဲ့ မတူပဲ Batman ရဲ့ အကြောင်းကို အမြင်တစ်မျိုးနဲ့ ရိုက်ကူးထားတာတွေ့ရပါတယ်။ Batman နဲ့ Joker ရဲ့ ကြားက relationship ကိုလည်း အခြားကားတွေနဲ့ မတူတဲ့ ပုံစံနဲ့ တင်ဆက်ထားပါတယ်။ ဒီကားက ကလေးတွေအတွက်တင် မကပဲ လူကြီးတွေပါ ကြည့်လို့ အဆင်ပြေပါတယ်။ အထူသဖြင့် Batman ပရိတ်သတ်တွေ အတွက် ပိုကြိုက်မှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ Batman ရဲ့ အတိတ်တ်က ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေကိုပါ ဟာသအနေနဲ့ ပြန်ထည့်သုံးထားပြီး၊ Deadpool လိုပဲ self-aware အနေနဲ့ရိုက်ကူးထားပါတယ်။ Batman (1991), Batman Returns, Batman Forever, Batman & Robin, Batman Begins, The Dark Knight, The Dark Knight Rises, Batman V Superman: Dawn of Justice တို့ ကို reference လုပ်ထားတာတွေ တွေ့ရမှာဖြစ်သလို၊ 1966 Batman ဇာတ်လမ်းတွဲ ထဲက ဟာသတချို့ကိုပါ ပြန်ထည့်သုံးထားတာတွေ့မှာပါ။ ဇာတ်လမ်းကတော့ Batman က သူ့အဖေနဲ့ အမေ ကို ဆုံးရှုံးထားခဲ့တဲ့အတွက် လက်ရှိအချိန်မှာ ဘယ်သူ့ကိုမှ သံယောစဉ်အဖြစ်မခံသလို၊ တကိုယ်တော်ပဲ လှုပ်ရှားပါတယ်။ နောက်ထပ်သံယောစဉ်ဖြစ် ပြီး ထပ်အဆုံးရှုံးခံရမှာ စိုးလို့ ဘယ်သူနဲ့မှ ရင်းနှီးအောင် မနေတာကြောင့် တဖြည်းဖြည်း အထီးကျန်လာတာကို ပီပီပြင်ပြင် တင်ဆက်ထားတာတွေ့ရပါတယ်။ ဒါ့အပြင် Joker နဲ့ Batman ကိုလည်း အခြားဇာတ်ကားတွေနဲ့မတူအောင်တင်ဆက်ထားပုံက ဟာသလည်းမြောက်သလို၊ Batman ပရိတ်သတ်တွေ အတွက်လည်း သဘောကျစရာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီကားမှာ Joker နဲ့ Batman က အပြန် အလှန် မှီခိုနေရတယ်လို့ ဇာတ်လမ်းလုပ်ထားပါတယ်။ Joker ကလည်း Batman ရဲ့ အာရုံစိုက်ခံရအောင် (ဇာတ်ကားထဲမှာ Joker က သူသာလျှင် Batman ရဲ့ Greatest Enemy ဖြစ်ချင်ပါပြီး) လုပ်ပေမယ့် Batman က Joker ကို သာမန် ဗီလိန် အနေနဲ့ ပဲ ဆက်ဆံတဲ့ အတွက် Joker က Batman သူ့ကို အသိအမှတ်ပြုလာအောင် Lego Gotham မြို့ ကို ဖျက်ဆီးဖို့ ကြိုးစားပုံကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ဒီကားက Batman နဲ့ Joker ကို အပြင်က အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ လင်မယားနှစ်ယောက် ပုံစံမျိုးတင်ဆက်ထားလို့ သူတို့ အချင်းချင်းကြားက ပြောဆိုဆက်ဆံပုံတွေက လူကြီးအတွေအတွက် အထာကျနေမှာဖြစ်ပြီး တွေးတွေးပြီး ရီရမှာဖြစ်ပါတယ်။ လူငယ်တွေ အတွက်လည်း ကြည့်လို့ကောင်းမှာဖြစ်လို့ ကြည့်လို့ ကောင်းတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ No Sex, No Nudity ဖြစ်လို့ မိသားစုတူတူကြည့်နိုင်မှာပါ။ ကြည့်လို့ အရမ်းကောင်းပါတယ်။ #Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2