Power Ranger (2017) - Movie Review

Power Ranger (2017) - Movie Review
Power Ranger ဇာတ်ကားကတော့ ကျွန်တော်တို့ ကလေးဘ၀က ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားတွေကို Reboot ပြန်လုပ်ထားတာဖြစ်ပါတယ်။ ခေတ်နဲ့ အညီ အသစ်ဖြစ်အောင် ပြန်လုပ်ထားလို့ အရင်တုန်းက ဇာတ်ကားတွေနဲ့ လုံးဝမတူအောင်ပြောင်းထားပါတယ်။ ဒီကားက အရင်တုန်းကလို ကလေးကလား မဟုတ်တော့ပဲ၊ ပိုပြီး Serious ဖြစ်တာလည်းတွေ့ရပါတယ်။ Power Ranger ရဲ့ ဇာတ်လမ်းမှာ အဓိက ကျတဲ့ အကြောင်းတွေကိုတော့ သိပ်မပြောင်းပဲ ပြန်သုံးထားတာတွေ့ရပါတယ်။ Zordon, Alpha 5, Zords စတာတွေအရင်တုန်းကအတိုင်းပြန်ပါပါတယ်။ ဇာတ်ကားက ကြည့်လို့ကောင်းပေမယ့်၊ ဇာတ်လမ်းစစချင်းမှာတော့ Origin Story ဖြစ်တာနဲ့ အညီ ဒီလူငယ် ၅ယောက် Power Ranger ဖြစ်လာပုံကို ဇာတ်လမ်းဆင်နေတာ တော်တော်ကြာပါတယ်။ Power Ranger ၀တ်စုံနဲ့ က နောက်ဆုံး ပြီးကာနီးကျမှ တွေ့ရပါတယ်။ Rita Repulsa က ဒီကားသစ်မှာ ပိုပြီး Serious ဖြစ်ပြီး၊ အရင်တုန်းကလိုပေါတောတော မဟုတ်တော့ပါဘူး။ Action အခန်းတွေကလည်း ကြည့်လို့ ကောင်းပါတယ်။ ဇာတ်လမ်းကလည်း သာမန်ပဲဖြစ်ပြီး ကလေးတွေအကြိုက်တွေ့စေမှာပါ။ ဒီကားထဲမှာ Original Power Ranger ပရိတ်သတ်တွေအတွက် Easter Egg လေးတွေ ပေးထားပါတယ်။ Original power ranger ၂ယောက်လည်း ပြန်ပါတာ ပရိသတ်ကြီးတွေ့မှာပါ။ ဇာတ်လမ်းအရတော့ သာမန်ပဲဖြစ်ပြီး၊ Transformer ဇာတ်ကားတွေထက်တော့ သာပါသေးတယ်။ ကြည့်လို့အဆင်ပြေမှာပါ။ ရုံမှာသွားကြည့်ရလောက်အောင် မကောင်းပေမယ့်၊ အက်ရှင်ခန်းတွေကို ကောင်းကောင်းကြည့်ချင်ရင်တော့ ရုံမှာသွားကြည့်တာပိုကောင်းပါတယ်။ သာမန်ဇာတ်လမ်းပါ။ ကလေးတွေ အကြိုက်တွေစေမှာဖြစ်သလို လူကြီးတွေလည်း ကလေးဘ၀ကို ပြန်အမှတ်ရစေမှာပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။ #Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2