Logan

Logan (2017) - Movie Review :) :) :) :) :) :) :) :) -_- -_- #Sololay ဒီကားက Hugh Jackman ရဲ့ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ ဒီကားအပြီးမှာ Wolverine အဖြစ်ကနေ အနားယူတော့မှာဖြစ်လို့ မပြခင်ကတည်းက စိတ်ဝင်စားနေကြပါတယ်။ ဒါ့အပြင် Old Man Logan ကာတွန်းကို အနည်းငယ်မှီငြမ်းထားတာကြောင့်ရယ်၊ Rated R အဖြစ် သွေးထွက်သံယို နဲ့ ကြမ်းကြမ်းရမ်းရမ်း ရိုက်ကူးမှာကြောင့် ရယ်ပါ တမူထူးခြားမယ့် ဇာတ်ကားဖြစ်မယ်ဆိုတာ ပရိတ်သတ်တွေ ကြိုပြီး ခန့်မှန်းမိနေကြပါတယ်။ တကယ်ထွက်လာတော့လည်း အားလုံးထင်ထားသလိုပဲ၊ အခြား X-Men ဇာတ်ကားတွေနဲ့ မတူတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကား ကောင်း တစ်ကားဖြစ်နေတာတွေ့ရပါတယ်။ ဒါကြောင့် ဒီကားက Non Spoiler နဲ့ Spoiler Review နှစ်မျိုး လုပ်ပေးပါ့မယ်။ ဇာတ်လမ်းက ၂၀၂၉ ခုနှစ်မှာဖြစ်ပြီး၊ ဇာတ်ကားထဲမှာ Mutant တွေမရှိတော့သလို၊ X-Men အဖွဲ့လည်း မရှိကြတော့ပါဘူး။ (ဘာဖြစ်လို့လည်းဆိုတာ ဇာတ်လမ်းထဲမှာ ရှင်းပြထားပါတယ်။ Spoiler Review မှာ တင်ပေးမှာဖြစ်ပြီး ကြိုသိချင်ရင် PM ပို့ပြီး မေးလို့ရပါတယ်။) ရှင်းပြထားပုံကလည်း အရမ်းပညာသားပါပါတယ်။ နောက်ကြောင်းပြန်ပြတာမျိုးမဟုတ်ပဲ၊ ဇာတ်လမ်း အရ လူတွေသိအောင် တင်ဆက်ပေးသွားတာဖြစ်ပါတယ်။ ဒီကားက Old Man Logan ကာတွန်းထဲက ဇာတ်လမ်းကို တိုက်ရိုက်မယူထားပဲ၊ အချို့ကိုပဲ ယူသုံးထားတာတွေ့ရပါတယ်။ ဒါ့အပြင် ဒီကားထဲမှာ X-23 ကိုလည်း ပရိတ်သတ်နဲ့မိတ်ဆက်ပေးထားပါတယ်။ X-23 (Laura Kinney)ရဲ့ ကာတွန်းထဲက Origin က ဇာတ်ကားနဲ့ အနည်းငယ်ကွဲပါတယ်။ သူမက Wolverine ရဲ့ DNA နဲ့ Dr. Sarah Kinney ရဲ့ DNA တို့ပေါင်းပြီး Lab ထဲမှာ မွေးထားတာဖြစ်ပါတယ်။ သူ့အရှေ့က ၂၂ ကြိမ်လုံး မအောင်မြင်ခဲ့ပဲ ၂၃ ကြိမ်မြောက်ကျမှ Clone လုပ်တာ အောင်မြင်ခဲ့ပါတယ်။ ဒီကားမှာ Logan က အရင်လို သန်သန် မြန်မြန်မဟုတ်တော့ သလို၊ သူ့ရဲ့ Adamantium က သူ့ကိုယ်ထဲမှာ နှစ်ပေါင်းများစွာ ရှိနေတဲ့အတွက် အဆိပ်အဖြစ်နဲ့ သူ့ကို ပြန်ဒုက္ခပေးနေပါတယ်။ သူ့ရဲ့ Healing Power ကလည်း တဖြည်းဖြည်းနဲ့ ကျလာပြီး၊ ဒဏ်ရာတွေကလည်း အနာကျက်တာ အရင်ကထက် ကြာလာပါတယ်။ Logan က Limousine မောင်းစားနေပြီး၊ ရတဲ့ ပိုက်ဆံကို သင်္ဘောတစ်စီးဝယ်ပြီး ပင်လယ်ထဲသွားနေဖို့ ကြိုးစားနေပါတယ်။ သူ့က လက်ရှိ Professor Xavier နဲ့ နေနေပြီး Professor ကို စောင့်ရှောက်ပေးနေပါတယ်။ ဒီကနေ X-23 နဲ့ သူ့မရဲ့ အစောင့်အရှောက်အမျိုးသမီးက Logan ကို လိုက်ရှာပြီ၊ ကလေးမလေးကို မြောက်ပိုင်းကို ပို့ပေးဖို့ အကူအညီတောင်းလာပါတယ်။ ဒီကနေမှာ Logan ရယ်၊ X-23 ရယ်၊ Professor ရယ် အတူတူ သွားဖို့ ဖြစ်လာပါတယ်။ အသေးစိတ်ကို တော့ Spoiler Review မှာ ရှင်းပြပေးသွားပါ့မယ်။ ဒီကားက အရမ်းကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ သာမန် Superhero ဇာတ်ကားတွေနဲ့ မတူတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ Family Road trip ပုံစံမျိုး လည်းပါသလို၊ အက်ရှင်တွေလည်း အရမ်းကောင်းပါတယ်။ Rated R ဖြစ်လို့ သွေးထွက် သံယိုတွေ၊ Wolverine ရဲ့ အက်ရှင်တွေကို အပြည့်အ၀ခံစားကြည့်ရှုရမှာပါ။ ရုံမှာသွားကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပြီး၊ ကြည့်လို့တန်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းအစမှာ Deadpool ကို အမြည်းအနေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ကြည့်ဖြစ်အောင်ကြည့်ကြပါ။ မကြာခင် Spoiler Review တင်ပေးပါ့မယ်။ှ#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Escape Plan (2013) - Arnold & Stallone

The Loft