Hell or High Water

Hell or High Water (2016) - Movie Review :) :) :) :) :) :) :) :) :) :) #ရုပ်ရှင်မိတ်ဆက် Hell or High Water က မနှစ်က August လမှာ ထွက်ခဲ့တာဖြစ်ပေမယ့် အကယ်ဒမီက အကောင်းဆုံးဇာတ်ကားစာရင်းမှာ ထည့်ဖို့ မမေ့ခဲ့ပါဘူး။ ပုံမှန်ဆိုရင် နှစ်ဆန်းနဲ့ နှစ်လယ်ပိုင်းက ကားတွေ သိပ်ပါလေ့မရှိပါဘူး။ ဒီကားက ၂၀၁၆ အတွက် ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ ရုပ်ရှင်ဇာတ်ကား တစ်ကား အနေနဲ့ လိုအပ်ချက် မရှိဘူးလို့တောင်ပြောလို့ရ အောင်ကောင်းပါတယ်။ ဒီကားက ခေတ်သစ် Western (cowboy ကား) လို့ လည်းပြောလို့ရပြီး၊ ဇာတ်လမ်း တင်ဆက်ပုံ၊ သရုပ်ဆောင်၊ ဒိုင်ယာလော့ တွေက အပိုအလိုမရှိ ဟာကွက် မရှိပါဘူး။ Spoiler အနေနဲ့ ပြောတာထက် ကျွန်တော့် အမြင်ကို ပြောပြပေးသွားမှာဖြစ်ပြီး၊ ကိုယ်တိုင် ကြည့်တာ ပိုကောင်းမယ်ထင်ပါတယ်။ ဇာတ်လမ်းမှာ ညီအကို နှစ်ယောက်အဖြစ် Chris Pine (Star Trek) နဲ့ Ben Foster (Warcraft) တို့က သရုပ်ဆောင်ထားပြီး Texas Midland Bank ရဲ့ ဘဏ်ခွဲတွေကို ဓါးပြလိုက်တိုက်တဲ့ ဘဏ်ဓါးပြနှစ်ယောက်ဖြစ်ပါတယ်။ Jeff Bridges က ပင်စင်သွားတော့မယ့် Texas Ranger တစ်ဦးဖြစ်ပြီး သူနဲ့ သူ့ ပါတနာနဲ့ က Chris Pine တို့ ညီအကို ကို နောက်ယောင်ခံလိုက်စုံစမ်းတဲ့ အကြောင်း ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားပါတယ်။ ဒီကားအကြောင်း အထွေအထူး ရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ သူတို့ ဘာလို့ ဘဏ်ဓါးပြတိုက်တယ် ဆိုတာ ဇာတ်လမ်းကြည့်ရင်း သိလာမှာဖြစ်ပြီး၊ ရှင်းပြထားပုံကလည်း အရမ်းပညာသားပါပါတယ်။ အရမ်းကောင်းတဲ့ဇာတ်ကား ကောင်းတစ်ကားပါ။ သွေးထွက်သံယိုနဲ့၊ အဆဲအဆို အနည်းငယ်ပါတာကြောင့် လူငယ်တွေ မကြည့်သင့်ပါဘူး။ မိသားစုတူတူ ကြည့်နိုင်ပေမယ့် Nudity နဲ့ Sex Scene တစ်ခန်း ပါတာသတိပြုစေချင်ပါတယ်။ မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်။ #Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Escape Plan (2013) - Arnold & Stallone