Moana

Moana (2016) - Movie Review :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက် အကယ်ဒမီမှာ ဆန်ကာတင်စာရင်းဝင် Moana ကတော့ Disney ရဲ့ နောက်ဆုံးထွက်တဲ့ ကာတွန်းဖြစ်ပါတယ်။ ဟာဝါယီ Polynesian လူမျိုးစုတွေရဲ့ အကြီးအကဲ ရဲ့ သမီးဖြစ်သူ Moana ဆိုတဲ့ ကောင်မလေးကို အဓိက ထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ နာမည်ကြီး မင်းသား Dwayne Johnson က Demi-God Maui အဖြစ်အသံနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ Maui က Polynesian တွေအားထားရဲ့ Demi-God တစ်ဦးဖြစ်ပြီး သူက ရေထဲကနေ ကျွန်းတွေဆွဲတင်ပေးနိုင်သလို၊ သူတို့လူတွေအတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့ တာကြောင့် လူတွေက သူ့ကို ချစ်ခင်အားကိုးကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ Maui က လူတွေအတွက်ဆိုပြီး mystical heart of the island goddess Te Whiti (Te Whiti ဆိုတဲ့ Goddess ရဲ့ နလုံးကို သွားခိုး) ရာက စပြီး ကပ်ဆိုးတွေ ဆိုက်ကပ်လာပါတယ်။ Maui လည်း ကျွန်လေးတစ်ကျွန်းပေါ်မှာ သောင်တင်နေပြီး သူ့ရဲ့ Magic Hook လည်းပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း တစ်ထောင်ကြာပြီး နောက်မှာ ဒီကျောက်တုန်းလေးကို Te Whiti ထံပြန်ပို့ဖို့ အတွက် Moana ဆိုတဲ့ ကောင်မလေးကို သမုဒ္ဓယ ကြီးက ရွေးချယ်ခဲ့ပါတယ်။ (ဒီကာတွန်းမှာ Ocean ကလည်း အသက်ရှိပါတယ်။) Moana တို့ လူမျိုးစုတွေက အရင်တုန်းက ပင်လယ်ကို ကျော်ဖြတ်ပြီး ကျွန်းတွေ တစ်ကျွန်းပြီး တစ်ကျွန်း သွားလာကြတဲ့ သူတွေဖြစ်ကြပါတယ်။ွှTe Whiti ရဲ့ နှလုံးအခိုးခံရပြီးနောက်မှာ ကပ်ဆိုက်လာသလို Te Ka ဆိုတဲ့ မကောင်းဆိုးဝါး သမုဒ္ဓယထဲမှာပေါ်လာတာကြောင့် သူတို့ တွေပင်လယ်ထဲကို မထွက်ကြတော့ပါဘူး။ Moana ရဲ့ အဖေက သူမကို မသွားဖို့ အမိန့်ထုတ်ထားပေမယ့်၊ သူမရဲ့ အဖွားက သွားဖို့ အားပေးစကားပြောခဲ့သလို၊ သူတို့ ကျွန်းမှာလည်း အပင်တွေက မျိုးမဖြစ်တော့သလို ငါးတွေလည်း ဖမ်းလို့မရတော့တဲ့ အတွက် စားစရာရှားပါးလာပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ Moana က သမုဒ္ဓယကိုဖြတ်ပြီး Maui ကို သွားရှာကာ Heart of Te Whiti ကို နဂိုနေရာကို ပြန်ထားဖို့ ထွက်ခွာတဲ့ အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီကားက သာမန် Disney Princess ဇာတ်ကားတွေကနေ ခွဲထွက်ထားပြီး တစ်ချို့အခန်းတွေမှာတောင် Moana က Disney Princess မဟုတ်ဘူးဆိုတာ ဟာသနှောပြီး တင်ဆက်ထားပါသေးတယ်။ ဒီကားက ဘယ်ကားနဲ့တူလည်းဆိုရင် တစ်ချိန်က ထွက်ခဲ့တဲ့ Mulan ဇာတ်ကားနဲ့တူပါတယ်။ သူမက မင်းသမီးလည်း မဟုတ်သလို ဒီကားက အချစ်ကားလည်း မဟုတ်ပါဘူး။ Frozen တောင် နောက်ဆုံးမှာ Love က ၀င်ပါရပါသေးတယ်။ ဒီကားမှာတော့ ကောင်မလေးရဲ့ ရဲ့ရင့်မှုနဲ့ စွန့်စားမှုတွေကိုပဲ အသားပေးတင်ဆက်ထားပါတယ်။ ဒါ့အပြင် Maui ရဲ့ နောက်ကြောင်းနဲ့ သူဘာလို့ လူတွေချစ်ခင်တာ ကို ခံချင်လည်း ဆိုတာကိုလည်း ဇာတ်လမ်းထဲမှာ တင်ဆက်ပေးထားပါတယ်။ ဒါ့အပြင် Ocean က Moana ကိုဘာလို့ ရွေးချယ်ရလည်းဆိုတာလည်း ရှင်းပြထားပါသေးတယ်။ ( ဇာတ်လမ်းထဲမှာကြည့်ရင် ပိုကောင်းတာဖြစ်လို့ မရေးပေးတော့ပါဘူး။ မရှင်ရင်တော့ ကျွန်တော့်ကို စာပို့ပြီးမေးလို့ရပါတယ်။) ဇာတ်ကားကောင်းတစ်ကားပါ။ ကြည့်လို့ကောင်းပါတယ်။ လူငယ်တွေ အကြိုက်ဇာတ်ကားတစ်ကားဖြစ်မှာ သေချာပြီး၊ မိသားစုတူတူကြည့်နိုင်ပါတယ်။ #Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2