La La Land

La La Land (2016) - Spoiler Movie Review :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကား ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီပေးပွဲမှာ ဆန်ကာတင်စာရင်း ၁၄ မျိုးမှာ ပါပြီး အများဆုံး အဖြစ် Titanic နဲ့ All About Eve တို့ နဲ့ တူသွားခဲ့ပါတယ်။ La La Land က Musical ဇာတ်ကားဖြစ်သလို၊ Hollywood က သရုပ်ဆောင် ဖြစ်ချင်တဲ့ သူတွေ၊ နာမည်ကြီးချင်လို့ ရောက်လာတဲ့ သူတွေ အကြောင်း ထင်ဟပ်ပြထားတာဖြစ်ပါတယ်။ Musical တွေ ဒီဘက်ခေတ်နောက်ပိုင်းမှာ သိပ်ခေတ်မစားတော့ပေမယ့်၊ La La Land က တစ်ဖန်အသက်ပြန်သွင်းပေးခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။ ဒီကားအကြောင်း ပြောမယ်ဆိုရင် Spoiler အနေနဲ့ ပြောရ မှာဖြစ်သလို ထွက်ထားတာလည်း ကြာပြီဖြစ်လို့ Spoiler အနေနဲ့ တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းမှာ Ema Stone ရဲ့Mia ဇာတ်ကောင်က သရုပ်ဆောင်ဖြစ်ချင်လို့ Los Angeles ကိုရောက်လာပေမယ့် ၆ နှစ်ကြာအပြီးမှာ ဘာသရုပ်ဆောင် အလုပ်မှ မရဖြစ်နေပြီး၊ ငွေကိုင် တစ်ယောက်အဖြစ်သာ ကော်ဖီဆိုင် တစ်ဆိုင်မှာလုပ်ရင်းနဲ့ ရုပ်ရှင် Audition တွေတစ်ခုပြီးတစ်ခု ၀င် အရွေးခံနေရပါတယ်။ Ryan Gosling ရဲ့ ဇာတ်ကောင် Sebastian က စားသောက်ဆိုင်တွေမှာ ပီယာနိုတီး တဲ့သူဖြစ်ပြီး၊ သူက Jazz Music ကို မြတ်နိုးသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Jazz က အရင်လောက် ပေါ်ပြူလာမဖြစ်တော့တာကြောင့် သူက Jazz ကို ပြန်အသက်သွင်းရင်း၊ LA မြို့ထဲမှာ ကိုယ်ပိုင် Jazz Club တစ်ခု ဖွင့်နိုင်အောင် ကြိုးစားနေသူဖြစ်ပါတယ်။ Jazz Music က အမေရိကန် လူမဲတွေက စခဲ့တာဖြစ်ပြီး Jazz ဆိုရင် အမဲတွေနဲ့ပဲ တွဲမြင်လေ့ရှိပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် အကြောင်းတိုက်ဆိုင်လို့ ဆုံတွေ့ကြ ချစ်ကြိုက်ကြပြီး တူတူနေကြသလို၊ Sebastian က Mia ကို အမြဲအားပေးစကားပြောလေ့ရှိပါတယ်။ Mia ကို သူမနဲ့ သင့်တော်နဲ့ ဇာတ်လမ်း မရှိရင် ကိုယ်တိုင် ဇာတ်လမ်းရေးပြီး တစ်ကိုယ်တော် ပြဇာတ်လုပ်ဖို့ အားပေးခဲ့ပြီး Mia ရဲ့ စိတ်ကူး ကို အကောင် အထည်ဖော်ဖြစ်အောင် ကူညီပေးခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ Music Band တစ်ခုမှာ ပီယာနိုတီး Tour တွေသွားရင်းနဲ့ သူ့မြတ်နိုးတဲ့ Jazz Music ကို မလုပ်ဖြစ်ဖူးဖြစ်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အငြင်းပွားကြရင်းနဲ့ (ဘာလို့လည်းဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်တာ ပိုကောင်းပါတယ်) စိတ်ကတောက်ကစ ဖြစ်ကြသလို၊ Mia ရဲ့ ပြဇာတ်နေ့မှာလည်း Sebastian က သူတို့ Band ရဲ့ Photo shoot ရှိလို့ အချိန်မှီရောက်မသွားခဲ့ပါဘူး။ Mia ကလည်း ပြဇာတ် လာအားပေးတဲ့သူတွေရဲ့ မကောင်းဝေဖန်သံတွေကြောင့် စိတ်ဓါတ်ကျသွားပြီး သူ့ မိဘတွေရှိရာ Boulder City, Nevada ( LA ကနေ ၄နာရီ လောက်ဝေးတဲ့မြို့) ကို ပြန်သွားခဲ့ပါတယ်။ိဒီလိုနေနေရင်းက Sebastian ဆီကို Casting Director ( ရုပ်ရှင်တစ်ကားအတွက် မင်းသားမင်းသမီး ရွေးချယ်ပေးတဲ့သူပါ) က ဖုန်းခေါ်ပြီး Mia ကို အဆက်အသွယ်မရလို့ သူမကို Audition လာဖို့ ပြောပေးဖို့ပြောခဲ့ပါတယ်။ ဒီ Casting Director က Mia ရဲ့ ပြဇာတ်မှာလာကြည့်ရင်း သဘောကျသွားလို့ သူမကို ဆက်သွယ်လာတာဖြစ်ပါတယ်။ Sebastian က Mia ကို ညတွင်းချင်းလိုက်ရှာပြီး သတင်းကောင်းပြောခဲ့သလို နောက်တစ်နေ့မှာ Audition သွားဖို့ လိုက်ပို့ပေးခဲ့ပါတယ်။ ဇာတ်လမ်းက သာမန်ဇာတ်လမ်းပဲ ဖြစ်ပြီး ကျွန်တော် ဘာလို့ အခုလိုပြောပြနေရလည်းဆိုရင်၊ ဒီအခန်းအထိ ဇာတ်လမ်းက သာမန် Musical အချစ်ဇာတ်လမ်း ဖြစ်ပေမယ့် အဆုံးသတ်ပိုင်းက တစ်ခြားကားတွေနဲ့ မတူ တစ်မူထူးးခြားအောင် တင်ဆက်ထားနိုင်လို့ဖြစ်ပါတယ်။ ဒီအဆုံး သတ်မှာ ရတဲ့ Feeling မျိုး ရဖို့က ဇာတ်ကားတစ်ခုလုံး ကြိုတင်ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် Spoiler မဖြစ်ချင်သူတွေ ဒီနေရာအထိ ပဲဖတ်ပြီး ရုပ်ရှင်သွားကြည့်ပြီးမှ ဆက်ဖတ်စေချင်ပါတယ်။ No Sex, No Nudity ဖြစ်လို့ မိသားစုတူတူကြည့်နိုင်ပါတယ်။ ရုပ်ရှင်ချစ်သူတွေ အတွက် အကြိုက်တွေ့စေမယ့်ကားပါ။ ကြည့်လို့ အရမ်းကောင်းပါတယ်။ Opening Musical Dance number က တကယ့် Freeway ပေါ်မှာရိုက်ကူးထားတာဖြစ်ပြီး အကြိမ်ကြိမ်ဇာတ်တိုက်ထားပြီးမှာ Freeway အစစ်ကို ပိတ်ပြီး ရိုက်ကူးထားတာဖြစ်သလို၊ ကြားထဲက အကခန်းလေးတွေကလည်း လှလှပပ ရိုက်ကူးထားနိုင်ပါတယ်။ ဒီနေရာမှာ တစ်ခု ပဲပြောစရာရှိတာက ရုပ်ရှင်ထဲကလို Freeway မှာကားပိတ်တိုင်း၊ လမ်းမှာကားကြပ်တိုင်း အပြင်မှာ ဘယ်သူမှ ဟွန်းထိုင်တီးမနေဘူးဆိုတာပါပဲ။ Spoiler အပိုင်းကို ပြောတော့မှာဖြစ်ပါတယ်။ ဒီနေရာမှာအဆုံးသတ်ကိုဆက်ပြီးရှင်းပြချင်ပါတယ်။ Audition အပြီးမှာ သူတို့နှစ်ယောက် စကားပြောကြရင်းနဲ့ Mia က သူဒီဇာတ်ကောင်နေရာရင် Paris မှာ တစ်နှစ်နီးပါးသွားနေပြီး ရုပ်ရှင်ရိုက်ရမယ်လို့ပြောပြီး Sebastian ကသူ့ အလုပ်သူလုပ်ရင်း နေခဲ့ရမှာဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီနောက် နောက်၅ နှစ်ကြာပြီးတဲ့နောက်မှာ၊ Mia ကနာမည်ကြီးမင်းသမီးဖြစ်သွားပြီး ကလေးတစ်ယောက် အမေဖြစ်နေပြီး အခြားအမျိုးသားတစ်ယောက်နဲ့ သာယာတဲ့အိမ်ထောင်ရေး တစ်ခုပိုင်ဆိုင်ထားတယ်လို့ ပြခဲ့ပါတယ်။ ဒီလိုနဲ့ သူမနဲ့ သူမအမျိုးသားက အခြားမိတ်ဆွေတွေနဲ့ ညစာစားဖို့ ထွက်လာရင်းက လမ်းမှာကား ကြပ်လို့ အချိန်နောက်ကျသွားခဲ့ပါတယ်။ ဒါကြောင့် ရောက်တဲ့နေရာမှာပဲ ကားရပ်ပြီး နှစ်ယောက်ထဲညစာစားခဲ့ပြီး၊ မြို့ထဲလမ်းလျှောက်ထွက်လာရင်းက Club လေးတစ်ခုထဲကို ၀င်လိုက်တဲ့အချိန်မှာ မထင်မှတ်ထားပဲ Sebastian နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ Sebastian က သူ့စိတ်ကူးအတိုင်း Jazz Club လေးဖွင့်ထား ပြီး အောင်မြင်နေပြီဖြစ်သလို၊ Mia ကလည်း အောင်မြင်တဲ့ သရုပ်ဆောင် ဖြစ်နေပေမယ့်၊ နှစ်ယောက်သား တကွဲတပြားစီဖြစ်သွားခဲ့ကြတာပါ။ ဒီနေရာမှာ Sebastian က စင်ပေါ်ကနေ Mia ကို တွေ့ပြီးတဲ့နောက်မှာ သူကိုယ်တိုင် ပီယာနိုတီးရင်း၊ သူတို့ နှစ်ယောက်ရဲ့ မရလိုက်တဲ့ ဘ၀လေး၊ သူတို့နှစ်ယောက်သာ အတူ ဆက်ရှိနေခဲ့ရင်၊ ဘယ်လို ဘ၀မျိုးဖြစ်နေနိုင်တယ်ဆိုတာကို နောက်ခံတီးလုံးလေးနဲ့ Ending Montage (Up ကာတွန်းကားထဲက opening montage လိုမျိုး) သရုပ်ဖော်ထားပါတယ်။ ဒီအခန်းလေးကပဲ ဇာတ်ကားတစ်ကားလုံးရဲ့ အနှစ်သာရကို ဖော်ကြူးထားနိုင်ပြီး၊ တစ်ကားလုံး တည်ဆောက်လာတဲ့ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ သူတို့နှစ်ယောက်ရဲ့ စိတ်ကူးယဉ်အိမ်မက်ကို အဆုံးသတ်ပိုင်းလေးက မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ Alternate Ending လို့ လူအများကထင်နိုင်ပေမယ့်၊ ဒီအခန်းက Happy Ending ဖြစ်အောင် တမင်လုပ်ယူထားတာမဟုတ်ပဲနဲ့ တကယ်လို့ဒီလို ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေး၊ ဒီလိုသာလုပ်ဖြစ်ခဲ့ရင် ဆိုတဲ့ စိတ်ကူးလေးကို အနုပညာရသ မြောက်အောင် တင်ဆက်ထားတာဖြစ်ပါတယ်။ လူတိုင်းမှာ ငါသာ ဒီလိုလုပ်ခဲ့ရင်ဆိုတဲ့ အတွေးရှိတတ်ကြတာကြောင့် ဒီဇာတ်ဝင်ခန်းလေးက လူတိုင်းနဲ့ နားလည်ခံစားနိုင်မှာ သေချာပါတယ်။ La La Land က ၂၀၁၆ ခုနှစ်အတွက် ကျွန်တော် အကြိုက်ဆုံး ဇာတ်ကား လို့ ပြောလို့မရပေမယ့် (၂၀၁၆ မှာ ကျွန်တော်အကြိုက်ဆုံးကားက ဘာကားလည်းဆိုတာ ပရိတ်သတ်ကြီး ကွန်မင့်ပေးကြည်ပါလား။ ဒီရက်ပိုင်းအတွင်း တင်ပေးမှာပါ။) အကြိုက်ဆုံးတွေထဲမှာတော့ ပါပါတယ်။ သမရိုးကျ အချစ်ဇာတ်ကားတွေ ကြည့်နေရလို့ ရိုးနေတဲ့ သူတွေအတွက် အမြင်ဆန်း စေမှာဖြစ်တဲ့ အပြင်၊ Ryan Gosling နဲ့ Ema Stone တို့ ရဲ့ အနုပညာကို ခံစားရမှာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်း ကြိုက်ရင် ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်။ #Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2