John Wick: Chapter 2

John Wick: Chapter 2 :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ရုပ်ရှင်တွေပုံမှန်မကြည့်ဖြစ်လို့ မတင်ပေးဖြစ်တာတော်တော်ကြာပြီ ဆိုတော့ ပရိတ်သတ်ကြီးတောင် ရှိသေးရဲ့လားမသိဘူး..။ :P ဒီတစ်ခါတော့ ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ John Wick ရဲ့ အဆက် ဇာတ်လမ်းဖြစ်ပါတယ်။ John Wick က မထင်ထားပဲနဲ့ လူကြိုက်များသွားတဲ့ ကားဖြစ်ပြီး ပရိတ်သတ်တွေက တောင်းဆိုနေတာကြောင့် John Wick: Chapter 2 ဆိုပြီး နောက်တစ်ကားထပ်ထွက်လာတာဖြစ်ပါတယ်။ John Wick: Chapter 2 က တစ်ခြား Action Sequel တွေလို ပထမဇာတ်ကားက ဇာတ်လမ်းကိုပဲ ပြန်ရိုက်ထားတာမျိုးမဟုတ်ပါဘူး။ သူက ပထမဇာတ်ကားမှာ လူတွေစိတ်ဝင်စားတဲ့ Assassin တွေ နေတဲ့ Continental ဟိုတယ် အကြောင်းရယ်ကို ပိုပြီးရှင်းပြထားပါတယ်။ ပထမကားတုန်းက John Wick universe ရဲ့ အပေါ်ယံသဘောတရားလောက်ပဲ ပါပေမယ့်၊ ဒီကားမှာတော့ ဒီ ကြေးစားလူသတ်သမားတွေရဲ့ အကြောင်းကို ပို အသားပေးရိုက်ကူးထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကြောင်း ပြောရင် Spoiler ပါမှာ ဖြစ်လို့ ရုပ်ရှင်ကြည့်ပြီးမှ Spoiler Review ကို လာဖတ်ကြည့်တာပိုကောင်းပါတယ်။ ဇာတ်လမ်း က ပထမကားအပြီး ကနေပြန်ဆက်ထားပြီး၊ ဒီကားမှာ John Wick က မတတ်သာလို့ ဒီလောကထဲ တစ်ခါပြန်ဝင်ရပြီး ပရိတ်သတ်ကြီးအနေနဲ့ John Wick နဲ့အတူ ဒီလောက ထဲကို ထဲထဲဝင်ဝင် ပိုပြီး ခံစားကြည့်ရှုရမှာပါ။ ဒီမှာ တစ်ခုသဘောကျတာက တစ်ခြား Sequel တွေလို (Taken 2 လို) ပထမကားတုန်းက အိုင်ဒီယာကိုပဲ ပြန်မသုံးပါဘူး။ ဒီကားမှာ နောက်ထပ်ခွေးတစ်ကောင် အသတ်ခံရလို့ လက်စားချေတာမျိုးမဟုတ်ပဲ အခြားပိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းပြချက်နဲ့ ဇာတ်လမ်းဆင်ထားပါတယ်။ ဒီအကြောင်းကို Spoiler Review မှာတင်ပေးသွားမှာပါ။ John Wick ပထမကားကိုကြိုက်ရင် ဒီကားကို လည်း သဘောကျမှာဖြစ်ပြီး ဒီကားမှာ Continental အပါအ၀င် John Wick universe ထဲက Assassin တွေအကြောင်း၊ သူတို့ရဲ့ ဥပဒေသတွေ အကြောင်းကို ပိုရှင်းပြ တင်ဆက်ထားလို့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ Action scene တွေကလည်း ရှင်းလင်းပြတ်သားသလို သေသေချာချာ ဇာတ်တိုက်ရိုက်ကူးထား တာကြောင့် ကြည့်လို့ကောင်းပါတယ်။ အက်ရှင်ကားကြိုက်သူတွေ သဘောကျ ကြမှာပါ။ No Sex, (one brief Nudity scene) ဖြစ်တာကြောင့် မိသားစုတူတူ ကြည့်နိုင်ပါတယ်။ အက်ရှင်သွေးထွက်သံယိုဖြစ်လို့ Rated R သတ်မှတ်ထားပါတယ်။ ကြည့်လို့ကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ #Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2