Transcendence (2014) - Movie Review


Transcendence (2014) - Movie Review



#ရုပ်ရှင်မိတ်ဆက်

Johnny Depp ရဲ့ Transcendence ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်း ကောင်းတစ်ကားဖြစ်ပြီး၊ Sci-fi/Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်။ မတူညီတဲ့ အမြင်လေးတွေနဲ့ တင်ဆက်ထားသလို၊ Visual Effect တွေလည်းကောင်းပါတယ်။ ဒါပေမယ့် သာမန် Sci-Fi ဇာတ်ကားတွေရဲ့ အစဉ်အလာထဲကတော့ ခွဲမထွက်နိုင်သေးပါဘူး။

အထူးသဖြင့် Thriller ဇာတ်ကားဆိုပေမယ့် စိတ်လှုပ်ရှားမှု အပြည့်အ၀တော့ မပေးနိုင်ပါဘူး။ ဇာတ်လမ်းအတက်အကျ မမှန်ပဲ ပရိတ်သတ်ကို စိတ်ဝင်စားအောင် မဆွဲဆောင်နိုင်ပါဘူး။ ဇာတ်လမ်း တစ်ဝက်မှာထဲက ဘာဖြစ်မလည်း ဆိုတာ ခန့်မှန်းလို့ရနေတာကလည်း ကျွန်ေတာ့်အတွက်တော့ စိတ်ပျက်စရာအနည်းငယ်ဖြစ်ရပါတယ်။ ရုံထဲက ထွက်လာတာနဲ့ ကောင်းလိုက်တာကွာလို့ ဖြစ်မသွားပဲ အပျင်းပြေကြည့်ခဲ့ရတာပဲရှိပါတယ်။

မင်းသား Johnny Depp ကတော့ ထုံးစံအတိုင်း သရုပ်ဆောင် ကောင်းကောင်းနဲ့ သရုပ်ဆောင်သွားသလို မင်းသမီး Rebecca ကလည်း ယောက်ျားကို အချစ်ကြီးတဲ့ မိန်းမနေရာမှာ ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့ ပါတယ်။ သာမန် ဇာတ်ကားတွေထက် အနည်းငယ်သာပြီး ရုံမှာ သွားကြည့်ရတာ တန်လောက် အောင် တော့ မကောင်းပါဘူး။ ဒါပေမယ့် အပျင်းပြေသွားကြည့်နိုင်ပြီး အခွေထွက်မှ ကြည့်ရင် ပိုအဆင်ပြေပါတယ်။ သာမန်ကားတစ်ကားပါပဲ။

ရုပ်ရှင်မကြည့်ရသေးတဲ့ သူတွေကတော့ အောက်မှာ ကျွန်တော် ဇာတ်လမ်း အကြောင်း အနည်းအကျဉ်း တင်ဆက်မှာဖြစ် လို့ Spoiler တွေပါနိုင်ပါတယ်။

-----------------------------Spoiler Alert---------------------------
You've been Warned


မင်းသား Johnny Depp၊ မင်းသမီး Rebecca Hall၊ မင်းသားကြီး Morgan Freeman၊ Paul Bettany (Jarvis from Iron Man) တို့က A.I လို့ခေါ်တဲ့ Artificial Intelligence ကောင်းကောင်း တစ်ခုကို တီထွင်ဖို့ လုပ်နေကြတဲ့ သိပ္ပံပညာရှင်ဖွဲ့ဖြစ်ပါတယ်။ အဓိကကတော့ လူလို တွေးခေါ်နိုင်တဲ့ အသိဥာဏ်ရှိတဲ့ AI ကို ထွင်လိုက်ရင်၊ ကင်ဆာရောဂါတွေ ကုနိုင်မယ်၊ သစ်တောတွေ မပြုန်းတီးအောင် ထိန်းသိမ်းနိုင်မယ်၊ စသဖြင့် ကောင်းကျိုးတွေရလာ မယ်လို့ သူတို့က ခံယူထားပါတယ်။ ဒါပေမယ့် သူတို့နဲ့ အမြင်မတူတဲ့ Revolutionary Independence From Technology (R.I.F.T.) အဖွဲ့က AI Lab တွေကို တိုက်ခိုက်ခဲ့သလို၊ Johnny Depp ကိုလည်း သေနတ်နဲ့ ပစ်သတ်ဖို့ကြိုးစားခဲ့ပါတယ်။ သေနတ်ဒဏ်ရာကြောင့် မသေပေမယ့် သေနတ်ကျည်ဆံမှာ Radioactive ပစ္စည်းနဲ့ သုတ်ထားလို့ Johnny Depp ရဲ့ ကိုယ်ထဲကို အဆိပ်ဝင်သွားပြီး လပိုင်းအတွင်းမှာ သေတော့မှာဖြစ်ပါတယ်။ ဒါကြောင့် သူ့မိန်းမက မင်းသားရဲ့ မှတ်ဥာဏ်တွေ၊ အတွေးအခေါ်တွေ၊ အသံတွေစတာတွေကို A.I အဖြစ်နဲ့ Upload လုပ်ပြီး သိပ်ထားဖို့လုပ်ရာက ဒီဇာတ်လမ်းဖြစ်လာပါတယ်။

ကျွန်တော်ပြောခဲ့သလိုပဲ သာမန်ကားတစ်ကားပါ။ အခွေထွက်မှာ ပဲကြည့်သင့်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review