Draft Day - Movie Review (April 11, 2014)

Draft Day - Movie Review (April 11, 2014)
:) :) :) :) :) :) :) -_- -_- -_-
#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ Kevin Costner ရဲ့ Draft Day ဆိုတဲ့ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက NFL (National Football League) ရဲ့ အရေးအပါဆုံးနေ့တစ်နေ့ ဖြစ်တဲ့ Draft Day ကို အဓိကထားရိုက်ကူး ထားပေမယ့် ရုပ်ရှင်ပရိတ်သတ်အားလုံး ကြည့်ရှုနိုင်ပါတယ်။

ဇာတ်လမ်းအကြောင်း မပြောခင် Draft Day ဆိုတာ ဘာလည်းဆိုတာ ပြောပြချင်ပါတယ်။ Draft Day မှာ NFL (National Football League) က ကလပ်အသင်း ၃၂ သင်းက College Football player တွေကို ရွေးချယ်ရတာဖြစ်ပါတယ်။ ဒီ နေရာက ကလပ်အသင်း တွေအတွက် လူသစ်စုဆောင်းတဲ့ နေရာဖြစ်ပါတယ်။

1st Pick ရတဲ့အသင်းက အကောင်းဆုံးလူကို ရွေးချယ်ခွင့် ရှိပါတယ်။ ဒါ့အပြင် ပွဲမစခင်နဲ့ ပွဲအတွင်းမှာလည်း အသင်းအချင်းချင်း ညှိနှိုင်းပြီး Pickတွေကို လည်းလှယ်ခွင့်ရှိပါတယ်။

ဇာတ်လမ်းကတော့ အဲ့ဒီနေ့မှာ ဖြစ်ပျက်တဲ့ အကြောင်းအရာတွေကို ရိုက်ကူးတင်ဆက်ထားပြီး၊ Cleveland မြို့ က Browns အသင်းရဲ့ မန်နေဂျာ အဖြစ်သရုပ်ဆောင်တဲ့ Kevin Costner ကို အဓိကထားရိုက်ကူးထားပါတယ်။ သူ့ရဲ့အဖေက ဒီအသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်သလို၊ သူတို့အသင်းကလည်း တစ်ခါမှာဗိုလ်မစွဲဖူးတော့ သူ့မှာ ဖိအားတွေများနေပြီး၊ ဝေဖန်ခံနေရပုံ၊ လိုချင်တဲ့သူကို ရအောင်ခေါ်မလား၊ လိုအပ်တဲ့သူကို ခေါ်မလားဆိုတာ ဗျာများရပုံ၊ နောက်ဆုံး အချိန်ထိ အကွက်ကျကျ စီမံသွားပုံတွေကို ပရိတ်သတ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

ဇာတ်လမ်းက အပျင်းပြေကြည့်လို့ကောင်းပြီး၊ အားကစားဝါသနာပါသူတွေ အတွက် ဇာတ်ကားကောင်း တစ်ကားပါ။ Football အကြောင်းနားမလည်ရင်တောင်၊ ကျွန်ေတာ်အထက်က ပြောထားတာကို သဘောပေါက်ရင်ပဲ ခံစားကြည့်ရှုနိုင်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review