Spider-Man 3 (2007) - Movie Review

Spider-Man 3 (2007) - Movie Link Included

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ Spider-Man သုံးကားမှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ အညံ့ဆုံးကားလည်းဖြစ်ပါတယ်။ The Amazing Spider-Man မထွက်ခင်မှာ Spider-Man 4 အတွက် Sony က စီစဉ်ခဲ့ပြီး၊ Spider-Man ရဲ့ ငယ်ဘ၀ကို ပြန်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် မင်းသား Tobey Maguire က အသက် သုံးဆယ်ကျော် တစ်ယောက်အနေနဲ့ ဆယ်ကျော်သက် ဘ၀ကို ရိုက်ကူးဖို့ မသင့်တော်ဘူးလို့ ငြင်းပယ်ခဲ့သလို၊ မင်းသမီးကလည်း ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် Amazing Spider-Man အနေနဲ့ Reboot လုပ်ခဲ့ပြီး Director Sam Raimi ကိုဆက်ရိုက်ခိုင်းပေမယ့် Scrip ကို မကြိုက်တာကြောင့် ဒါရိုက်တာကလည်း ငြင်းခဲ့ပါတယ်။

ဒီဇာတ်ကားမှာ တကယ်ဆိုရင် Spider-Man ရဲ့ အဓိကရန်သူတွေဖြစ်တဲ့ Sandman နဲ့ Venom ပါဝင်လာသလို၊ Green Goblin အဖြစ်လည်း Harry Osborn (The Amazing Spider-Man 2 မှာ ပါမယ့် Green Goblin ဖြစ်ပါတယ်။) က ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Spider-Man ရဲ့ Comic Book ထဲက ချစ်သူ ဖြစ်တဲ့ Gwen Stacy (Marry Jane က Gwen Stacy သေပြီးမှာ Spider-Man ချစ်သူဖြစ်လာတာပါ။ Marry Jane နဲ့ Harry က Spider-Man ရဲ့ ကလေးဘ၀တုန်းက သူငယ်ချင်းဖြစ်ပါတယ်။)

ဒါပေမယ့် ဒီဇာတ်ကားနဲ့ ဇာတ်လမ်း ဇာတ်အိမ်နဲ့ ပေါ့ပျက်ပျက် နိုင်မှုတွေကြောင့် ပရိတ်သတ်ဝေဖန်ခံခဲ့ရပြီး၊ Sandman နဲ့ Venom ဇာတ်ကောင်တွေကိုလည်း သေသေချာချာ မပါဝင်တာကြောင့် ပရိတ်သတ် စိတ်ပျက်ခဲ့ ပါတယ်။

သိပ်မကောင်းပေမယ့် အပျင်းပြေကြည့်ဖို့တော့သင့်တော်ပါတယ်။

ဒီနေရာမှာတစ်ခုပြောချင်တာက Gwen Stacy နဲ့ Marry Jane အကြောင်းကိုပါ။ The Amazing Spider-Man 2 မှာ မထွက်ခင်တုန်း Marry Jane ပါ ပါလာမယ်လို့ သတင်းထွက်ထားပါတယ်။ ဒါပေမယ့် အကြောင်းကြောင်း ကြောင့် မပါလာခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်ထင်တာက Gwen Stacy (Emma Stone) က The Amazing Spider-Man 3 ထွက်ခဲ့ရင် သေမှာဖြစ်ပြီး၊ ဇာတ်လမ်းအရ Green Goblin ကြောင့် သေမှာဖြစ်ပါတယ်။ Green Goblin ပါလာတဲ့အချိန်မှာ Marry Jane ကိုပါ  မိတ်ဆက်ခဲ့ ရင် Gwen Stacy ကတော့ သေပေးရမှာဖြစ်ပါတယ်။ ဒါကတော့ ဒီကားနဲ့ မဆိုင်ပါဘူး။


#Sololay

Movie Link - http://watch32.com/movies-online/spider-man-3-248009/episode-1.html

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Logan

Wolrd War Z (2013) - Movie Link Included