The Other Woman (2014) - Movie Review

The Other Woman (2014) - Movie Review

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ ပရိတ်သတ်ကြီးကို တစ်မျိုးထူးခြားတဲ့ ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ Drama ကားလေးဆိုပေမယ့် ချစ်ကွဲညား ဇာတ်ကားမျိုးမဟုတ်ပဲ၊ အမြင်ဆန်းဆန်းနဲ့ ရိုက်ကူး ထားပါတယ်။

The Other Man ဆိုတာ မင်းသား ကြီး Liam Neeson နဲ့ Antonio Banderas တို့ရိုက်ကူးထားတာဖြစ်ပြီး၊ အဲ့ဒီကားမှာက Liam Nesson ရဲ့ မိန်းမက Antonio နဲ့ ဖောက်ပြန်တာကို ဇာတ်လမ်းလုပ် ရိုက်ကူးထားပါတယ်။

အခုကားကတော့ Cameron Diaz, Leslie Mann (Change-up), Kate Upton တို့အဓိကပါဝင်ထားပြီး၊ Niki Minaj က ဧည့်သည်သရုပ်ဆောင်အဖြစ် ၃ လေးခန်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက Cameron Diaz နဲ့ တွဲနေတဲ့ Mark ဆိုသူက အိမ်ထောင်ရှိနေရဲ့ နဲ့ မိန်းမရှုပ်တဲ့သူဖြစ်ပြီး၊ Cameron Diaz အပြင် တခြားမိန်းမတွေနဲ့ပါ ရှုပ်ထားသူဖြစ်ပါတယ်။ Mark ရဲ့ မိန်းမ Kate အဖြစ်သရုပ်ဆောင်တဲ့ Leslie Mann က ဒါကိုသိသွားတဲ့နောက်မှာ Carly (Cameron Diaz) ကို လာဆွေးနွေးရင်းနဲ့ သူ့ယောက်ျားရဲ့ အရှုပ်တော်ပုံတွေကို တဖြည်းဖြည်းသိလာပါတယ်။

Carly က ရှေ့နေတစ်ဦးလည်းဖြစ်ပြီး နဂိုထဲကလည်း မသိလို့ တွဲမိတာဖြစ်လို့ မိန်းမရှိမှန်းသိသွားတဲ့နောက်မှာ ဆက်မတွေ့တော့ပါဘူး။ ဒါကြောင့်သူငယ်ချင်း မရှိတဲ့ Kate က ကြံရာမရတဲ့အဆုံး Carly ဆီမှာရင်ဖွင့်ရင်း သူတို့ နှစ်ယောက် သူငယ်ချင်းဖြစ်သွားကြပါတယ်။ အဲ့ဒီနောက်မှာ Mark ရဲ့ အရှုပ်တော်ပုံတွေကို စုံစမ်းရင်း Amber (Kate Upton) နဲ့ပါ သိသွားပြီး သူတို့သုံးယောက်ပေါင်းမိသွားပါတယ်။

အဲ့ဒီမှာ Kate က ဒီယောက်ျားအတွက်နဲ့ သူ့အလုပ်ထွက်လိုက်ရသလို၊ သူတို့နှစ်ယောက် စုဆောင်းထား တာတွေနဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးထားတာကြောင့် သူမှာ ငွေမရှိကြောင်း၊ အလုပ်လည်းမလုပ်တာ ကြာပြီဖြစ်ကြောင်း ပြောပါတယ်။ ဒါကြောင့် ဖောက်ပြန်ထားပေမယ့် မကွာရှင်းပဲ အဆင်ပြေအောင် နေမယ်လို့ စိတ်ကူးပေမယ့် သူ့ယောက်ျားက မိန်းမတွေအများကြီးနဲ့ ရှုပ်ထားတာကြောင့်၊ ကွာရှင်းမှ ရတော့မှာပါ။ မကွာရှင်းခင် သူတို့သုံးယောက်ပေါင်းပြီး ပညာပေးကြသလို၊ ပညာပေးရင်းနဲ့မှ Mark ရဲ့ အကျင့်မကောင်းတာတွေ၊ လိမ်လည်ထားတာတွေ သိလာပြီး ဘယ်လို ဖော်ထုတ်မလည်း၊ ဘယ်လို ကွာရှင်းမလည်းဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားပါတယ်။

ဇာတ်ကားကတော့ အကောင်းကြီးမဟုတ်ပေမယ့် ကြည့်ပျော်ရှုပျော်ရှိပါတယ်။ မလည်ရှုပ်လုပ်ရင်တစ်ချိန်မှာ ပေါ်လာမှာဖြစ်သလို၊ ဇာတ်သိမ်းမလှဘူးဆိုတာ ပြထားပေမယ့် ဇာတ်လမ်းတင်ဆက်ပုံ၊ ဇာတ်ညွှန်းကတော့ သာမန် အဆင့်ပဲ ရှိပါတယ်။ ရုံမှာသွားကြည့်ရလောက်အောင် မကောင်းသလို၊ မိသားစုလည်း တူတူ မကြည့်သင့်ပါဘူး။ တစ်ယောက်တည်း အိမ်မှာ အခွေဝယ်ကြည့်ဖို့ပဲ ကောင်းသလို၊ အပျင်းပြေပဲ ကြည့်သင့်ပါတယ်။

Sex Scene မပါပေမယ့်၊ Half Naked တွေတော့ အများအပြားပါသလို၊ Cameron Diaz နဲ့ Kate Upton တို့ရဲ့ ကမ်းခြေကေ၇ကူးဝတ်စုံ နဲ့အခန်း တစ်ချို့တော့ပါပါတယ်။

PG-13 ဖြစ်လို့ ကလေးတွေ မိဘမပါပဲ မကြည့်သင့်ပါဘူး။

#Sololay

Trailer - https://www.youtube.com/watch?v=oDcaZ3StTfI

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review