How To Train Your Dragon - Movie Link Included

How To Train Your Dragon - Movie Link Included

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ ပရိတ်သတ်ကြိုက် ကာတွန်းဇာတ်ကားကောင်းလေး နဲ့မိတ်ဆက်ပေးချင်ပါတယ်။ How To Train Your Dragon က ကာတွန်းကား ဆိုပေမယ့် လူကြီးလူငယ်မရွေး ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်း နဲ့ ရိုက်ကူးထားပြီး ပရိတ်သတ် ကိုဖမ်းစားထားနိုင်သလို၊ 3D Animation ကလည်း ကောင်းသလို၊ Pixar ကာတွန်းကားတွေလောက် နီးပါးကောင်းမွန်တာကိုလည်း တွေရပါတယ်။
ကျွန်ေတာ့်အကြိုက်ဆုံး ကာတွန်းကားတွေထဲမှာ တစ်ကားအပါအ၀င်ဖြစ်သလို ပရိတ်သတ်ကို အပန်းပြေစေမယ့် ဇာတ်ကားကောင်းဖြစ်လို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ပရိတ်သတ်အားပေးမှုရရှိထားတဲ့ ဒီကားက နောက်ဆက်တွဲအဖြစ် 2014 June 13 မှာ ထပ်မံထွက်လာ မှာဖြစ်ပါတယ်။

Spoiler Alert

ဇာတ်လမ်းကတော့ Viking တွေနေတဲ့ကျေးရွာ ကို နဂါးတွေက အမြဲတမ်းလိုလို လာတိုက်ခိုက်လေ့ရှိပြီး၊ သူတို့တွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေ၊ စားနပ်ရိက္ခာတွေကို လုယူလေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Viking တွေက အလျော့မပေးပဲ ရသလောက်ခုခံ၊ ပြီးနေနေကြပါတယ်။ သူတို့ ဆီမှာ ဖမ်းမိထားတဲ့ နဂါးတွေ လည်းရှိပြီး၊ နဂါးတွေကို ရင်ဆိုင်ဖို့ လည်း Viking မျိုးဆက်သစ်လေးတွေကို သင်ပေးပါသေးတယ်။ ဒီထဲမှာမှ Viking ခေါင်းဆောင် ကြီးရဲ့ သား Hiccup က နဂါးတွေကို နှိမ်နင်းနိုင်ဖို့ ကြိုးစားပေမယ့် ကံအကျိုးမပေးတာကြောင့် တခြားသူတွေလို မစွမ်းဆောင်နိုင်ပါဘူး။

သူတို့ရွာကိုလာ လုယက်တဲ့ နဂါးအမျိုးအစားတွေထဲမှာ Night Fury ဆိုတဲ့ နဂါးက ကြောက်စရာ အကောင်း ဆုံး အဖြစ် သတ်မှတ်ထားကြပြီး၊ Night Fury ကို မြင်ဖူးတဲ့သူလည်း မရှိပါဘူး။ သူက အရမ်းမြန်ပြီး ဘယ်တော့မှလည်း ပစ်မှတ်ကိုလွဲလေ့မရှိပါဘူး။

တနေ့မှာ Hiccup က အမှတ်မထင်ပဲ Night Fury တစ်ကောင်ကို ဖမ်းမိသွားရာက စလို့၊ သူ့အတွက် အကြီး အကျယ်ပြောင်းလည်းမှုတွေဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် နဂါးတွေရဲ့ လျှိုဝှက်ချက် တွေကို သိရှိလာသလို၊ နဂါးတွေက သူတို့ထင်သလို တစ်ခုမှ မဟုတ်တာကို လည်း သိလာတဲ့ အခါမှာတော့ သူ့အဖေနဲ့ ရွာသားတွေကို ကယ်တင်ဖို့ အတွက် ကြိုးစားရပုံ၊ ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ ကြည့်ကိုကြည့်သင့်ပါတယ်။

#Sololay


Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review