Spider-Man 2 (2004) - Movie Review

Spider-Man 2 (2004) - Movie Link Included

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ ၂၀၀၄ ခုနှစ်အထိ ထွက်ထားသမျှ Superheros ဇာတ်ကားတွေထဲမှာ အကောင်းဆုံးကားလို့ လို့ တောင် သတ်မှတ်ခံထားရတဲ့ ကားဖြစ်ပါတယ်။

ဒီလို ပြောရတဲ့အထိလည်း တကယ်ကောင်းခဲ့တဲ့ဇာတ်ကားဖြစ်သလို၊ ပထမ ကားထက်လည်း အများကြီး သာခဲ့ပါတယ်။ ဒီကားမှာတော့ Spider-man က Peter Parker ရဲ့ နေ့စဉ် လုပ်ငန်းခွင်၊ ကျောင်း၊ မေတ္တာရေး စတာတွေနဲ့ Spider-Man ဘ၀ နှစ်ခု ကြားမှာ ရုန်းကန်နေရပုံကို တင်ဆက်ထားပြီး၊ နောက်ဆုံး Spider-Man မဖြစ်ချင်တော့တာကြောင့်၊ သူ့ရဲ့ စွမ်းအားတွေပါ ပျောက်ကွယ်သွားပါတယ်။

ဒီအချိန်မှာပဲ New York မှာ Doc-Oct လို့ခေါ်တဲ့ ဗီလိန်တစ်ဦးထွက်ပေါ်လာပြီး၊ အဲ့ဒီဗီလိန်ကတော့ Peter Parker လေးစားရတဲ့ သိပ္ပံပညာရှင်တစ်ဦးလည်းဖြစ်တဲ့ Otto Octavius ဖြစ်နေပါတယ်။ Doc-Oct ကိုတားဆီးဖို့၊ သူ့ချစ်သူ Marry Jane ကို ကယ်တင်ဖို့အတွက် လိုလာတဲ့အချိန်၊Spider-Man မရှိတဲ့ New York မြို့မှာ မှုခင်းတွေ များနေတာ တွေကြောင့် နောက်ဆုံး Spider-Man ပြန်ဖြစ်လာတဲ့ Peter Parker နဲ့ Doc-Oct တို့ ထိပ်တိုက်ရင်ဆိုင်ကြပုံ ကို တင်ဆက်ထားပါတယ်။

ဒီကားမှာ ပါတဲ့ ရထားကိုကယ်တဲ့ အခန်းက ကျွန်တော့်အကြိုက်ဆုံး ဇာတ်ကွက်ဖြစ်ပြီး၊ စူပါဟီးရိုးကားတွေထဲ မှာ အကောင်းဆုံး ဇာတ်ဝင်ခန်းလည်းဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ ဒီလောက်ကောင်း တဲ့ ဇာတ်ဝင်ခန်းမျိုးမတွေ့ဖူးသေးပါဘူး။ Batman The Dark Knight က ကောင်းဆုံး ဇာတ်ကားဆိုပေမယ့် အဲ့ဒီဇာတ်ဝင်ခန်းကတော့ ကျွန်တော့်အကြိုက်ဆုံးပါ။

ဒီကားမှာ မင်းသားက မျက်နှာဖုန်း ချွတ်ပြီး ရင်ဆိုင်ရတဲ့ အခန်း တွေပါပေမယ့် The Amazing Spider-Man မှာလို အကြောင်းပြချက်မရှိပဲ ချွတ်တာမဟုတ်ပါဘူး။ ဒီလို ချွတ်ရအောင် ဇာတ်လမ်းဆင်ထားတာလည်း ပညာသားပါတာကိုတွေ့ရမှာပါ။

ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။

#Sololay

Movie Link - http://watch32.com/movies-online/spider-man-2-247992/episode-1.html

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review