The Pursuit of Happyness (2006) - Movie Link Included

The Pursuit of Happyness (2006) - Movie Link Included

#ရုပ်ရှင်မိတ်ဆက်

ဒီကားတစ်ခါတော့ Will Smith အကယ်ဒမီစာရင်းဝင်ခဲ့တဲ့ ဇာတ်ကား၊ Will Smith ရဲ့ အကောင်းဆုံး ဇာတ်ရုပ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ The Pursuit of Happyness (Happiness) နဲ့ မိတ်ဆက်ပေးပါရစေ။

ဒီကားအကြောင်းပြောရရင် ပြောစရာတွေ အရမ်းများပြီး Detail ပြောလိုက်ရင် ဇာတ်ကားကြည့်ရတဲ့ အရသာပျက်သွား ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဘာကြောင့် ကြည့်သင်တယ် ဘာလို့ကောင်းတယ် ဘယ်လိုကောင်းတယ်ဆိုတာကိုပဲ အသေးစိတ်ပြောပြချင်ပါတယ်။

ဇာတ်လမ်းအကြောင်းအနည်းငယ်ပြောပြရရင် အချိန်က ၁၉၈၁ ခုနှစ်၊ San Francisco မြို့ Chris Gardiner က သူ့ရဲ့မိန်းမ နဲ့ အတူ သားလေးတစ်ယောက် ရှိပါတယ်။ သူတို့ရဲ့ လင်မယားက သူတို့ စုထားတဲ့ ပိုက်ဆံတွေကို Bone Scanner Machine တွေကို ၀ယ်ယူရင်းနှီးမြုပ်နှံလိုက်ပြီး Chris က ဒါတွေကို ဆရာဝန်တွေဆီမှာ လိုက်ရောင်းရပါတယ်။ ဒါက သူတို့ ထင်ထားသလောက် အရောင်းအ၀ယ် မဖြစ်လာတဲ့အချိန်မှာ တော့ Chris ရဲ့ မိန်းမက သားနဲ့ ယောက်ျားကို ပစ်ပြီး New York ကိုထွက်သွားခဲ့ ပါတယ်။

ဒီလိုနဲ့ သားတစ်ယောက်နဲ့ ကျန်ခဲ့တဲ့ Chris က Stock ကုမ္ပဏီတစ်ခုက မန်နေဂျာ တစ်ယောက်နဲ့ တက္ကစီ အတူစီးမိပြီးနောက် အဲ့ဒီအချိန်က ခေတ်စားနေတဲ့ Rubik's Cube ကို လွယ်လွယ် ဖြေရှင်းပြလိုက်လို့ သူ့ကိုသဘောကျသွားပါတယ်။ အဲ့ဒီနောက်မှာ မန်နေဂျာက သူကိုသဘောကျသွားပြီး နောက်ပိုင်းမှာသူ့ကို Stock Broker Intern အဖြစ်နဲ့ ခန့်လိုက်ပါတယ်။ အဲ့ဒီကာလမှ လခတစ်ပြားမှမရပဲ အလုပ်လုပ်ရမှာဖြစ်ပြီး မိန်းမကပစ်သွား သားတစ်ယောက်နဲ့ သောင်တင်၊ ၆လလောက် လခမရပဲ အလုပ် လုပ်ပေးရမှာဖြစ်သလို၊ IRS ကလည်း သူ့ကို အခွန်တိမ်းရှောင်မှုနဲ့ ဘဏ်ထဲက ပိုက်ဆံတွေ အကုန် သိမ်း သွားတာခံလိုက်ရပါတယ်။

ဇာတ်လမ်းက ဇာတ်နာစရာလေး သရုပ်ဖော်ထားပြီး၊ Will Smith နဲ့ Jaden Smith တို့သားအဖ နှစ်ယောက် တွဲသရုပ်ဆောင်တဲ့ အကောင်းဆုံး ကားလို့တောင်ပြောလို့ရပါတယ်။ စားစရာ မရှိ နေစရာမရှိလို့ Homeless Shelter မှာသွားနေရတာတွေ၊ အဲ့လိုနေရဖို့လည်း အလုပ်ကနေ အပြေး အလွှားဆင်း၊ Homeless Shelter မှာ နေရာရဖို့ အချိန်မှီသွားတန်းစီရတာတွေ၊ နောက်ကျသွားခဲ့လို့ နေရမရရင် ဖြစ်သလို နေရတာတွေ ကိုလည်း ပီပီပြင်ပြင် ရိုက်ကူး သရုပ်ဆောင်ထားပါတယ်။ တစ်ခန်းမှာ Will Smith က သူ့သားလေး မကြောက်ရ အောင်၊ အားမငယ်အောင် ပြောဆိုပြီး မြေအောက် ရထားဘူတာ ထဲက အိမ်သာထဲ မှာ တစ်ညလုံး အိပ်ရပုံ၊ လူဝင်မလာနိုင်အောင်လည်း ကာကွယ်ထားရပုံ ကို ပီပြင်စွာသရုပ်ဆောင်ထားလို့၊ ကြည့်မိတိုင်း မျက်ရည် ၀ဲရပါတယ်။

အမေရိကားကို Land of Opportunity လို့ ဘာလို့ခေါ်ရတယ်၊ ကြိုးစားရင်ဖြစ်တယ်လို့ ဘာလို့ ပြောကြလည်း၊ လူတိုင်း ဒီနေရာကို ဘာလို့လာချင်ရလည်း ဆိုတာကို ဒီကားက အကောင်း ဆုံး အဖြေပေးမှာပါ။ ဒီထက်ပိုပြီး ပြောဖို့မလိုတော့ပဲ ပရိတ်သတ်ကြီးကိုယ်တိုင် ကြည့်ရှုအားပေး သင့်ပါတယ်။

မိသားစု တူတူ ကြည့်နိုင်သလို ကြည့်လည်း ကြည့်သင့်ပါတယ်။ သင်ခန်းစာယူစရာတွေ အများကြီး ရှိသလို၊ ဖခင်တစ်ယောက်ရဲ့ မေတ္တာ၊ အနစ်နာခံမှုတွေ ကို တွေ့နိုင်ပါတယ်။ ဇာတ်ကားကောင်း တစ်ကားပါ။ (No Sex, No Nudity ပါ။) Rated PG-13 ဖြစ်ပါတယ်။

ကြည့်သင့်ပါတယ်။

#Sololay

Movie Link
http://viooz.co/movies/2394-the-pursuit-of-happyness-2006.html

The Famous Clip ( ကျွန်တော်ပြောတဲ့ Clip လေးပါ)
http://www.youtube.com/watch?v=t1TC-pegncQ

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review