Brick Mansions - Movie Preview

Brick Mansions - Movie Preview (April 25, 2014)

#ရုပ်ရှင်မိတ်ဆက်



ဒီကားကတော့ Paul Walker ရဲ့ ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ကားဖြစ်ပါတယ်။ 2004 ခုနှစ်ထုတ် ပြင်သစ်ရုပ်ရှင်ကား District B13 ကို Remake ပြန်လုပ်ထားတာဖြစ်ပါတယ်။

Remake တွေရဲ့ထုံးစံအတိုင်း Original ကကောင်းနေရင် Remake က လိုက်မမှီတတ်ပါဘူး။ ချွင်းချက်အနေနဲ့ The Departed တို့ Rise of the planet of the apes တို့ စတဲ့ကားတစ်ချို့ကလွဲရင် Remake တွေက မကောင်းတတ်ပါဘူး။ ဒီကားကတော့ Remake ကို တော်တော် မှီအောင်ရိုက်ထားနိုင် တယ်လို့ထင်ရပြီး Trailer ကအစ District B13 နဲ့တူနေပါတယ်။

ဇာတ်လမ်းကတော့ Trailer အရ Brick Mansion ရပ်ကွက်က အရမ်းဆိုးသွမ်းလာလို့ သူ့ပတ်ပတ် လည်ကို ခြံစည်းရိုးကာပြီး အစောင့် တွေချထားပါတယ်။ ဒါပေမယ့် အခု တော့ လူဆိုးခေါင်းဆောင်က မြို့တော်ဝန်ကို ပြန်ပေးဆွဲပြီး၊ Nuclear ဗုံးဖောက်မယ်ဖို့ ချိန်းခြောက်ထားလို့ မင်းသား Paul Walker က Undercover အနေနဲ့ မြို့ထဲကိုဝင်ပြီး တားဆီးရမှာဖြစ်ပါတယ်။ District B13 ကလိုပဲ မြို့ထဲက ထွက်ပြေးလာတဲ့ လူတစ်ယောက်နဲ့ တွဲပြီး လှုပ်ရှားရမှာဖြစ်ပါတယ်။

ထူးခြားတာက District B13 မှာတုန်းက မင်းသားရဲ့ Partner အဖြစ်သရုပ်ဆောင်တဲ့ David Belle ကပဲ Brick Mansion မှာ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ဒီဇာတ်ကောင်နေရာကပဲ သရုပ်ဆောင်မှာဖြစ်ပါတယ်။

အက်ရှင်ကားကောင်းတစ်ကားဖြစ်နိုင်ပေမယ့် ဇာတ်လမ်း ကောင်းမကောင်း နဲ့ Original ကားကိုမှမမှီကတော့ April လ မှပဲ စောင့်မျှော်ကြည့်ရှုရပါတော့မယ်။

လောလောဆယ်တော့ Trailer လေးပဲ ကြည့်ထားလိုက်ကြပါဦး။

http://www.youtube.com/watch?v=5hBpbhWLFbA

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review